Rakuten Viber နှင့် Flymya တို့မှ ပူးပေါင်းမိတ်ဆက်လိုက်သည့် Travel Lens အသစ်အား အသုံးပြု၍ သင်၏ အိပ်မက်ခရီးစဉ်ကို ဆွတ်ခူးရယူလိုက်ပါ။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး One-stop ခရီးသွားဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် Experience Myanmar Travel Bot အား ပြီးခဲ့သည့်နှစ်တွင် မိတ်ဆက်ပေးခဲ့သည့် ထိပ်တန်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း Flymya သည် Rakuten Viber နှင့် ပူးပေါင်း၍ သုံးစွဲသူများအတွက် ဂိမ်းပုံစံ ဆော့ကစား နိုင်သော Travel Lens လုပ်ဆောင်ချက် အသစ်အား ဇွန်လ ၉ ရက်နေ့တွင် စတင်မိတ်ဆက်ပေးခဲ့သည်။

Flymya သည် Rakuten Viber နှင့် စတင်လက်တွဲလုပ်ဆောင်ခဲ့သည့် အချိန်မှစ၍ ပြည်တွင်းခရီးသွားများ အတွက် ပိုမို ပြီးပြည့်စုံမှုရှိပြီး လွယ်ကူလျင်မြန်သည့် ခရီးသွားဝန်ဆောင်မှုများအား ပေးအပ်နိုင်ခဲ့သည့် အပြင် ယခု အသစ်မိတ်ဆက် လိုက်သည့် Experience Myanmar Travel Lens လုပ်ဆောင်ချက်မှတဆင့်လည်း အသုံးပြုသူများအနေနှင့် သူမတူ သော AR အသုံးပြုမှုပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Experience Myanmar ၏ Travel Lens လုပ်ဆောင်ချက်အသစ်အား စတင်မိတ်ဆက်သည့် အထိမ်းအမှတ်အဖြစ် အသုံးပြုသူများအနေနှင့် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် “သင့် ခရီးသွား အမှတ်တရ များကို Viber Lens သုံး၍မျှဝေပါ” ပြိုင်ပွဲတွင် ဝင်ရောက်ပါဝင်၍ စိတ်လှုပ်ရှားစရာ အခမဲ့ ခရီးစဉ်အား ကံစမ်းရယူသွား နိုင်မည် ဖြစ်သည်။ အသုံးပြုသူများအနေနှင့် အောက်ပါအတိုင်း လွယ်ကူသော အဆင့်အနည်းငယ်အား လုပ်ဆောင်ရုံဖြင့် ပြိုင်ပွဲအား ပါဝင် ယှဉ်ပြိုင်သွားနိုင်မည် ဖြစ်သည်။

  • Registration Link သို့ ဝင်ရောက်၍ ကိုယ်ရေးအချက်အလက်များအား ဖြည့်စွက်ပါ
  • Travel Lens အားအသုံးပြု၍ ခရီးသွားလာခြင်းနှင့် ပတ်သက်သော ကျပန်းမေးခွန်းအားရယူပါ
  • အဆိုပါမေးခွန်းနှင့် သက်ဆိုင်သော သင်၏ ခရီးသွားအမှတ်တရများအား ဖြေဆိုလိုက်ပါ

ပြိုင်ပွဲနှင့် ပတ်သက်သည့်အသေးစိတ် စည်းမျဉ်းစည်းကမ်းများအား Experience Myanmar Viber Channel တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

Image: Viber

ဝင်ရောက်ယှဉ်ပြိုင်သူများအနက် စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် သဘာဝအကျဆုံး ခရီးသွားအမှတ်တရများအား ဖြေဆို နိုင်သည့် ပြိုင်ပွဲဝင် ၃ ဦးသည် အောက်ပါ ဆုခံစားခွင့်များအား ရရှိပိုင်ဆိုင်သွားနိုင်မည် ဖြစ်သည်။

ပထမဆု             – ၂ ညအိပ် ၃ ရက် ပုဂံခရီးသွား Package (ဟိုတယ် + ကား) ၂ ဦးစာ

ဒုတိယဆု            – Flymya ၏ ငွေကျပ် ၁၀၀,၀၀၀ တန် Gift Voucher

တတိယဆု          – Flymya ၏ ငွေကျပ် ၅၀,၀၀၀ တန် Gift Voucher

ဤကဲ့သို့ မြန်မာနိုင်ငံ၏ ထိပ်တန်းခရီးသွားဝန်ဆောင်မှုပလက်ဖောင်း Flymya နှင့် လူကြိုက်အများဆုံး အခမဲ့ စာတိုပေးပို့မှု အက်ပလီကေးရှင်း Viber တို့၏ ပူးပေါင်းဆောင်ရွက်မှုအသစ်မှတဆင့် သုံးစွဲသူများအနေနှင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလာရာတွင် ခရီးစဉ်များအား ပိုမိုလွယ်ကူ လျင်မြန်စွာ စီစဉ်သွားနိုင်မည် ဖြစ်သည့် အပြင် အဆင်ပြေ လွယ်ကူမှုအရှိဆုံး အသုံးပြုမှု အတွေ့အကြုံများကိုလည်း ရရှိသွားနိုင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ သာယာလှပ သော သဘာဝအလှတရားများအား ပိုမိုခံစားသွားနိုင်တော့မည် ဖြစ်သည်။

“Experience Myanmar Viber Channel က သုံးရတာ တော်တော်အဆင်ပြေပါတယ်။ ကားလက်မှတ် တွေကိုလည်း အလွယ်တကူရှာဖွေနိုင်တဲ့အပြင် ‌ငွေပေးချေရတာလည်း တော်တော်လေး အဆင်ပြေပါတယ်။” ဟု Experience Myanmar Travel Bot အား ပုံမှန်အသုံးပြုနေသည့် ကိုထွန်းလင်းနိုင်က ပြောကြားခဲ့သည်။ အခြားသော အသုံးပြုသူတစ်ဦးဖြစ်သည့် မဖြိုးဝေသက်ကလည်း “Experience Myanmar Viber Channel ကို သုံးရတာ ကျွန်မအတွက်တော့ တော်တော်လေး အဆင်ပြေတယ်။ ကျွန်မက MMBus Tickets နဲ့ Experience Myanmar Viber Channel တွေကို Join ထားပြီး များသောအားဖြင့် ခရီးသွားမယ်ဆိုရင် သူတို့ရဲ့ Bot တွေကနေပဲ တဆင့် ဝယ်ဖြစ်တယ်။ Payment ပိုင်းမှာဆိုရင်လည်း KBZPay နဲ့ ပေးနိုင်အောင် လုပ်ပေးထားလို့ ဘာအခက်အခဲမှမရှိပါဘူး။” ဟု ပြောကြားခဲ့သည်။

“အခုလို Viber နဲ့အတူ လက်တွဲပြီး စိတ်ဝင်စားစရာ Travel Lens လုပ်ဆောင်ချက်ကို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေဆီ ပေးအပ်သွားနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် တစ်ကယ့်ကို စိတ်လှုပ်ရှား ဝမ်းမြောက်မိ ပါတယ်။ မြန်မာနိုင်ငံက ခရီးသွားတွေအနေနဲ့လည်း ဒီလုပ်ဆောင်ချက်ကို ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု Flymya ၏ Chief Executive Officer ဖြစ်သူ Tim Duits က ပြောကြားခဲ့သည်။

အသုံးပြုသူများအနေနှင့် Experience Myanmar Travel Bot၊ Travel Bot၊ Travel Lens နှင့် Viber Channel များအား အောက်ပါ Link များမှတဆင့် ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်မည် ဖြစ်သည်။