အနီးဆုံးတွင် အမြဲအတူရှိနေသည့် အက်တမ် (ATOM)၏ နှစ်ပတ်လည်အထိမ်းအမှတ်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေပြီး အလုပ်လုပ်ကိုင်ရန်အကောင်ဆုံးလုပ်ငန်းခွင်တစ်ခု Great Place to Work® အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် အက်တမ် (ATOM) သည် သုံးစွဲသူများနှင့် “အနီးဆုံးမှာ အမြဲအတူရှိနေမှာ” ဆိုသည့် ရည်မှန်းချက်အတိုင်း ပြည့်ဝကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်လာခဲ့ပြီး ဖြစ်ပါသည်။ ယခုအထိမ်းအမှတ်သည် သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဖက်အဖွဲ့အစည်းကောင်း တစ်ခုအဖြစ်သာမက ခိုင်မာသော ချိတ်ဆက်မှုများ၊ အခွင့်အလမ်းများစွာကို လက်လှမ်းမှီစေရန် ယူဆောင်ပေးလိုသည့် အက်တမ် (ATOM) ၏ ရေရှည် ကတိကဝတ်များကို မီးမောင်းထိုးပြလျက်ရှိပါသည်။ အက်တမ် (ATOM) သည် တီထွင်ဆန်းသစ်မှုများ၊ သုံးစွဲသူများကို ပြန်လည်ကျေးဇူးတုံ့ပြန်မှုများ နှင့် လူမှုအကျိုးပြုအစီအစဉ်များဖြင့် အင်အားပြည့်ဝစွာ လျှောက်လှမ်းနေပြီး မြန်မာ တစ်နိုင်ငံလုံးရှိ သုံးစွဲသူများအတွက် ထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

Image: ATOM

အက်တမ်၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “ကျွန်တော်တို့ အက်တမ် (ATOM) က အခုလို နှစ်ပတ်လည်ကာလမှာ မြန်မာနိုင်ငံအနှံ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှု နဲ့ တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာကို အင်မတန်ဂုဏ်ယူမိပါတယ်။ ဒီခရီးစဉ်ဟာ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ဝန်ထမ်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကြိုးစားအားထုတ်မှုရလဒ်တွေကြောင့်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူတွေအားလုံးနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အက်တမ် (ATOM) ရဲ့ ရှေ့ဆက်မယ့် လမ်းစဉ်မှာလည်း အခုလို အောင်မြင်မှုခြေလှမ်းတွေကို မှတ်ကျောက်တင်ပြီး ထိရောက်ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအတွေ့အကြုံတွေကို ဆက်လက်ပေးအပ်သွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

နှလုံးသား နှင့် ရည်ရွယ်ချက်ပြည့်ဝသော အက်တမ် (ATOM) – မြန်မာပြည်သူပြည်သားများအတွက် ပံ့ပိုးထောက်ပံ့ပေးခြင်းသည် အက်တမ် (ATOM) လုပ်ငန်းလည်ပတ်မှု၏ နှလုံးသားတွင် အစဉ်အမြဲ ရှိနေပါသည်။ ယခင်နှစ်များမှာလည်း “မျှဝေခံစားအက်တမ်(ATOM) ၏ နှလုံးသား” ဆောင်ပုဒ်အောက်တွင် ကဏ္ဍအသီးသီးအတွက် မြန်မာကျပ်ငွေ ၇.၃ ဘီလီယံကို ကူညီလှူဒါန်းထားပြီး လူပေါင်း ၁ သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ လူမှုအထောက်အကူပြုအစီအစဉ်များ မှတဆင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော မိဘပြည်သူများအတွက် ပါဝင်ကူညီပေးခဲ့ပြီး လူငယ်များအတွက် ပညာရေးနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာဗဟုသုတတိုးပွားရေး၊ နည်းပညာအကူအညီဖြင့် ကျန်းမာရေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများကို ဒစ်ဂျစ်တယ်သင်ကြားရေး ထောက်ပံ့ပစ္စည်းများ ဖြင့် လေ့လာသင်ယူစေရုံသာမက သုံးစွဲသူများထံ ဝန်ဆောင်မှုများ ယူဆောင်လာပေးပြီး ခိုင်မာတည်တံ့သောရလာဒ်များ ပုံဖော်ပေးရန် အက်တမ်(ATOM) က ရေရှည်စီမံကိန်းများဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

အက်တမ် (ATOM) သည် လူငယ်ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင်ခြင်းကို အားကောင်းစွာ လုပ်ဆောင်လျက်ရှိပြီး လူမှုအကျိုးပြုလုပ်ငန်းများ အပါအဝင်၊ အားလုံးပါဝင်နိုင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖော်ဆောင်နေပါသည်။ ၂၀၂၃ ခုနှစ်တွင် အက်တမ် (ATOM) မှ မသန်စွမ်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများမှတဆင့် ပံ့ပိုးကူညီပေးမည့် “မျှတအစီအစဉ်”ကို စတင်မိတ်ပေးခဲ့ပြီးသည့်အပြင် ထပ်မံ၍လည်း ဆက်သွယ်ရေးဝန်ဆောင်မှု နှင့် ဒစ်ဂျစ်တယ်ကဏ္ဍများ တွင် လူငယ်ပညာရှင်များ ပိုမိုပေါ်ထွန်းလာစေရန် ထိပ်တန်းပညာရေးအဖွဲ့အစည်း လေးခုနှင့် ၃လကြာ အလုပ်သင် အစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အက်တမ် (ATOM) သည် တက္ကသိုလ်ဘွဲ့ရများနှင့် လူငယ်လူရွယ်ပေါင်း (၅၀) ကျော်အား သတ်မှတ်ကာလ (၁၈) လကြာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နိုင်သော အခွင့်အလမ်းကောင်းများကို ပေးအပ်သွားမည့် အက်တမ် (ATOM) ၏ ‘Talent Accelerator Programme’ အစီအစဉ်သစ်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။

Image: ATOM

ရေရှည်တည်တံ့မှုရည်မှန်းချက်များနှင့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အက်တမ် (ATOM) က မေလ ၃၀ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် နေပြည်တော်၊ တပ်ကုန်းရှိ ‘အောက်ဆင်သေ သစ်တောကြိုးဝိုင်း’ မြေကွက် ၂၅ ၌ သစ်ပင် ၁၀၀၀ စိုက်ပျိုးခြင်းပြုလုပ်ခဲ့ ပါသည်။ မကြာသေးမီက လှူုဒါန်းခဲ့သော အဆိုပါ ၅ ဧက အကျယ်မြေနေရာတွင် အက်တမ် (ATOM) ၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့်တကွ လုပ်အားပေးဝန်ထမ်းများ ပူးပေါင်းပါဝင်ပြီး သစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။ ဤအစီအစဉ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို များစွာအကူအညီဖြစ်စေပြီး သဘာဝဘေးအန္တရာယ်ကျရောက်မှုကို လျော့ပါးစေသည့်အတွက် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ခေါင်းဆောင်အဖွဲ့အစည်းတစ်ခုအဖြစ်သာမက လူမှုအသိုင်းအဝိုင်းနှင့် ကမ္ဘာမြေကြီးအတွက် စဉ်းစားလုပ်ဆောင်သော အက်တမ် (ATOM)၏ ရည်ရွယ်ချက်များကို သိသာထင်ရှားစေပါသည်။

“ကျွန်တော်တို့ အက်တမ် (ATOM) က သုံးနှစ်တာခရီးကနေ အခုချိန်ထိ မြန်မာပြည်သူပြည်သားတွေအတွက် ပညာရေး၊ ကျန်းမာရေး နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဖန်တီးပေးနိုင်ဖို့ အစီအစဉ်များစွာနဲ့ လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ အက်တမ် (ATOM) ရဲ့ သုံးနှစ်ပြည့်အထိမ်းအမှတ်မှစလို့ ရှေ့အနာဂတ်မှာလည်း အားလုံးပါဝင်နိုင်တဲ့ တိုးတက်မှု အခွင့်အလမ်းတွေရရှိပြီး နေထိုင်မှုဘဝတွေ မြှင့်မားလာစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု အက်တမ်၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးဝင်းဆွေက ပြောကြားခဲ့ပါသည်။

တီထွင်ဆန်းသစ်မှုများအတွက် ရှေ့ဆုံးမှရပ်တည်နေသော အက်တမ် (ATOM) – အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုကို ပေးအပ်နေသော အက်တမ် (ATOM) သည် ဒစ်ဂျစ်တယ်အဓွန့်ရှည်ခိုင်မာမှုနှင့် ကောင်းမွန်သော ချိတ်ဆက်မှုများကို ဖန်တီးနိုင်စေရန် ခေတ်မီပြီး အနာဂတ်အတွက် အသင့်ရှိသော ဝန်ဆောင်မှုများအပေါ် ရင်းနှီးမြုပ်နှံလျက်ရှိပါသည်။ သမာရိုးကျ တယ်လီကွန်းဝန်ဆောင်မှုများကို စိန်ခေါ်သော အက်တမ် (ATOM) ၏ တီထွင်ဆန်းသစ်မှုအရည်အသွေးသည် ၁၈ သန်း နီးပါးသော သုံးစွဲသူများအတွက် ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုး တိုးတက်မှုအတွက် အထူးအရေးပါပါသည်။

မြို့နယ်ပေါင်း ၃၀၀ ကျော်ကို 4G ဝန်ဆောင်မှု ၉၆ ရာခိုင်နှုန်းလွှမ်းခြုံထားပြီး ၂၀၂၄ ခုနှစ်တွင် 5G ကွန်ရက်စမ်းသပ် အောင်မြင်ခဲ့သော အက်တမ် (ATOM) သည် သန်းပေါင်းများစွာသော သုံးစွဲသူများအတွက် မြန်ဆန်စိတ်ချရသည့် ချိတ်ဆက်မှု နှင့် အနာဂတ်အတွက် နည်းပညာဖြန့်ကျက်နိုင်မှုကို သရုပ်ဖော်လျက်ရှိပါသည်။ မကြာသေးမီကလည်း နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုနှင့် လက်တွဲ ပူးပေါင်းကာ Business Support System ကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး သုံးစွဲသူဝန်ဆောင်မှု၊ လုပ်ငန်းထိရောက် မြန်ဆန်စွာလည်ပတ်နိုင်ရေး နှင့် တီထွင်ဆန်းသစ်မှုကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါသည်။

Image: ATOM

သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် ပရိုမိုးရှင်းအစီအစဉ်များ – ATOM သည် သုံးစွဲသူအတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေရန် စိတ်လှုပ်ရှားစရာကောင်းသော ဖျော်ဖြေရေး နှင့် လူနေမှုဘဝအစီအစဉ်များစွာကို ပေးအပ်လျက်ရှိပါသည်။ အက်တမ် (ATOM) ၏ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “အမြဲတူတူ ဆုကြီးတွေယူ” အစီအစဉ်မှတဆင့် အပတ်စဉ်ဆုများ နှင့် လစဉ် ကျပ်သိန်း (၁၀၀) ငွေသားဆုကြီးကို ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် ‘ကံထူး၊ ကံမြူး နှစ်သစ်ကူး’ အစီအစဉ်၏ ဆုမဲပေါင်းများစွာနှင့် ငွေကျပ် သိန်း (၁,၀၀၀) ကံထူးရှင်ရွေးပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် Junction City ပရိုမိုးရှင်းဧရိယာ၌ စည်ကားစွာကျင်းပသွားခဲ့ပြီး ဖြစ်ပါသည်။

ATOM Store App တွင် လစဉ်အသုံးပြုသူ ၆.၅ သန်းရှိပြီး အက်တမ်စတားမိတ်ဖက်ဆိုင်ပေါင်း ၂၀၅ ဆိုင်အထိ တိုးမြင့်လာခြင်းကြောင့် သုံးစွဲသူဂေဟစနစ်တစ်ခုလုံးကို များစွာအကျိုးဖြစ်ထွန်းစေပါသည်။ မေလ ၂၀၂၅ ခုနှစ်တွင် အောင်မြင်စွာမိတ်ဆက်ခဲ့သော အက်တမ်ရသ app မှတဆင့် စတင်အသုံးပြုသူများအတွက် ၇ ရက် ကြာသုံးစွဲနိုင်သည့် 3GB ဒေတာကို ပေးအပ်ထားပြီး မိတ်ဆွေ၊သူငယ်ချင်းများနှင့် ထပ်မံမျှဝေခြင်းဖြင့် 1GB ထပ်ဆောင်းရရှိနိုင်သော အစီအစဉ်ကြောင့် သုံးစွဲချိတ်ဆက်မှုအတွေ့အကြုံကို ပိုမိုလွယ်ကူစေပါသည်။

အက်တမ် (ATOM) ၏ နှစ်ပတ်လည်အထိမ်းအမှတ်သည် မှတ်ကျောက်တစ်ခုထက်ပိုသော အသွင်ကူးပြောင်းမှု၏ ပြယုဂ်တစ်ခု ဖြစ်ပါသည်။ အက်တမ် (ATOM) ၏ ရှေ့ခရီးလမ်းစဉ်သည် အနာဂတ်အတွက် ခိုင်မာသော ရင်းနှီးမြုပ်နှံမှုများ၊ ကျယ်ပြန့်လာသော ထုတ်ကုန်ဂေဟစနစ် နှင့် လူမှုအကျိုးပြုနည်းဗျူဟာများအပေါ် အခြေခံထားခြင်းကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကောင်းစွာအထောက်အကူပြုနေပါသည်။ “ပိုမိုကောင်းမွန်သော နေ့သစ်များဆီသို့” အက်တမ် (ATOM) ၏ ရည်သန်ချက်အတိုင်း မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်အရ ဆင့်ကဲပြောင်းလဲတိုးတက်မှုများ၊ ပြည်သူတစ်ရပ်လုံးနှင့်သက်ဆိုင်သော ဖွံ့ဖြိုးမှုများ၊ ထိရောက်အရေးပါသော အောင်မြင်မှုရလာဒ်များ တည်ဆောက်သွားပြီး မြန်မာပြည်သူပြည်သားများနှင့်အတူ တိုးတက်ရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ပါသည်။