OPPO Find N3 Flip နဲ့ BYD by Essential Motors တို့ရဲ့ ပထမဦးဆုံးပူးပေါင်းမှုတစ်ခု ဖြစ်တဲ့ Build Your Dream with A Better Flip ခေါင်းစဉ်နဲ့ သွားရောက်ခဲ့တဲ့ Journey to Bagan ခရီးစဉ်

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း တစ်ခုဖြစ်တဲ့ OPPO နဲ့ ကမ္ဘာ့နံပါတ်တစ် EV ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ BYD by Essential Motors တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော EV Tour ကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေမှာ ဦးဆောင်နေကြတဲ့ ထိပ်တန်းအမှတ်တံဆိပ် နှစ်ခုရဲ့ Flagship Product နှစ်ခု ပူးပေါင်းမှု ဖြစ်တဲ့ “Build Your Dream with A Better Flip” ဆိုတဲ့ခေါင်းစဉ်နဲ့ Journey to Bagan ခရီးစဉ်ကို BYD by Essential Motors ရဲ့ VIP Customer တွေနဲ့အတူ OPPO Find N3 Flip နဲ့ မှတ်တမ်းတင်ကာ သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်ကို မထွက်ခွာခင်မှာ BYD by Essential Motors ရဲ့ Showroom မှာ စုရပ်အနေနဲ့ စုခဲ့ကြပြီး BYD by Essential Motors ရဲ့ တာဝန်ရှိသူ Chief Finance Officer ကိုပြည့်စုံမြင့်နှင့် OPPO Myanmar AED မှ တာဝန်ရှိသူ Assistant Media and PR Manager မမိုးပွင့်ဖြူတို့က အဖွင့်အမှာစကားအချို့ကို ပြောကြားခဲ့ပါတယ်။

ပုဂံသို့ သွားခဲ့တဲ့ ခရီးစဉ်တစ်လျှောက်မှာလဲ Charging Points တွေမှာ ရပ်နားရင်း Flip Challenge များ ၊ OPPO Find N3 Flip နဲ့အတူ ဆင်နွှဲခဲ့တဲ့ ဓာတ်ပုံရိုက်ပြိုင်ပွဲများ အစရှိတဲ့ပျော်ရွှင်စရာ Activity တွေကိုလဲ တပျော်တပါး ဆင်နွှဲရင်း မြန်မာနိုင်ငံရဲ့ အထင်ကရ ဖြစ်သလို UNESCO စာရင်းဝင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ ပုဂံကို ထွက်ခွာခဲ့ပါတယ်။ ပုဂံကိုရောက်တဲ့အချိန်မှာလဲ OPPO Myanmar AED မှ တာဝန်ရှိသူ မမိုးပွင့်ဖြူက OPPO Find N3 Flip အကြောင်းကို အသေးစိတ်ရှင်းပြခဲ့သလို OPPO Find N3 Flip နဲ့အတူ ဘယ်လို ဓာတ်ပုံရိုက်ရမလဲဆိုတာကိုပါ ပြောပြခဲ့ပါတယ်။ “ ခရီးတစ်ခုသွားတဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းတဲ့ ကားကောင်းတစ်စီးဟာလဲ သွားလာရေးအတွက် တကယ်လိုအပ်သလို ခရီးတစ်ခုလုံးရဲ့ အမှတ်တရကောင်းတွေကို သေချာမှတ်ယူပြီး ပုံရိပ်တွေဖမ်းယူထားဖို့ Camera ကောင်းတဲ့ စမတ်ဖုန်းတစ်လုံးဟာလဲ အမှန်တကယ် လိုအပ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ထိပ်တန်း Flagship Product နှစ်ခုအတူပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော EV Tour ခရီးစဉ် အဖြစ် စီစဉ်ခဲ့တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပုဂံဘုရားတွေကိုရောက်တဲ့အခါမှာ ဧည့်လမ်းညွှန် က ပုဂံဘုရားတွေရဲ့ သမိုင်းကြောင်းတွေကို သေချာရှင်းပြခဲ့ပြီး BYD ရဲ့ VIP Customer တွေကလဲ ပုဂံဘုရားများရဲ့ သမိုင်းကြောင်းတွေကို လေ့လာရင်း ပုဂံမြေရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှအပတွေကို OPPO Find N3 Flip နဲ့အတူ အမှတ်တရပုံရိပ်တွေ ဖမ်းယူထားခဲ့ကြပါတယ်။ ညဘက်မှာတော့ အားလုံးအတူတကွ ပျော်ပျော်ပါးပါး ညစာစားသောက်ခဲ့ကြပြီး OPPO Find N3 Flip နဲ့အတူ ရိုက်ကူးထားတဲ့ အလှဆုံးသော ဓာတ်ပုံ (၃) ပုံကို ဆုချီးမြှင့်ခဲ့ပါတယ်။ ဆုရရှိသွားတဲ့ VIP Customer တွေကလဲ သူတို့အနေနဲ့ OPPO Find N3 Flip ကို အသုံးပြုရတာ ကောင်းမွန်ကြောင်း ၊ OPPO Find N3 Flip ရဲ့ Portrait ရုပ်ထွက် Quality ကို အတော်လေး အံ့အားသင့်ရကြောင်း ၊ OPPO Find N3 Flip နဲ့ ဓာတ်ပုံရိုက်ရတာက Professional Camera နဲ့ ရိုက်ရသလို ခံစားချက်မျိုးကို ရရှိကြောင်း ပြန်လည်ဝေမျှခဲ့ပါတယ်။

Journey to Bagan ဆိုတဲ့ ခရီးစဉ်ဟာ ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် နှစ်ခုဖြစ်တဲ့ OPPO နဲ့ BYD by Essential Motors တို့ ပူးပေါင်းကာ “Build Your Dream with A Better Flip” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ UNESCO မှတ်တမ်းဝင် ပုဂံမြေသို့ သွားရောက်လည်ပတ်ခဲ့တဲ့ ပထမဦးဆုံးသော EV Tour ခရီးစဉ် တစ်ခုဖြစ်ပါတ‌ယ်။ ဒီခရီးစဉ် ကို လိုက်ပါလာခဲ့တဲ့ VIP Customer တွေအနေနဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို  ကြိုက်နှစ်သက်ကြတဲ့ Trend Setter တွေ ဖြစ်ကြသလို ခေါက်ဖုန်းနည်းပညာလောကမှာ အကောင်းဆုံးသော Portrait Camera အဖြစ် သတ်မှတ်ခံထားရတဲ့ OPPO Find N3 Flip ကို VIP Customer တွေအနေနဲ့ စိတ်ဝင်စားမှုများခဲ့ကြပြီး အတွေ့အကြုံကောင်းများစွာရရှိခဲ့ကြတဲ့ ခရီးစဉ် တစ်ခုလဲ ဖြစ်ပါတယ်။

OPPO Find N3 Flip နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page (https://bit.ly/423757w)  နဲ့ Website (https://www.oppo.com/mm/smartphones/series-find-n/find-n3-flip/) တို့ကနေတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။