OPPO Find N3 Flip ရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ Cover Screen

OPPO ဟာ Find N2 Flip ကို ခေါက်လို့ရတဲ့ ဖုန်းတွေထဲမှာ အကြီးဆုံး Cover Screen နဲ့ စတင်ဖန်တီး ထုတ်လုပ်ခဲ့ပြီး ၃.၂၆ လက်မအရွယ် ကြီးမားတဲ့ Cover screen က ခေါက်လို့ရတဲ့ ဖုန်းအတွေ့အကြုံကို ဆန်းသစ်ပြီး အဆင့်မြှင့်တင်  နိုင်ခဲ့ပါတယ်။ OPPO Find N2 Flip မိတ်ဆက်ပြီးတဲ့နောက် စမတ်ဖုန်း လုပ်ငန်းနယ်ပယ် တစ်ခုလုံးဟာ OPPO ရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေကြောင်း တွေ့မြင်ရပြီး ခေါက်လို့ရတဲ့ ဖုန်းတွေမှာ Cover screen တွေရဲ့ အရွယ်အစားတွေက ပိုမိုကြီးမားလာတာ တွေ့ရပါတယ်။

Image: OPPO

Vertical is Better

OPPO အနေနဲ့ Find N3 Flip ကို ဖန်တီးတဲ့အခါ ခေတ်ရေစီးကြောင်းအတိုင်းလိုက်ပြီး အကြီးမားဆုံး Cover Screenကို ပြန်အသက်သွင်းမလား ဒါမှမဟုတ် မတူညီကွဲပြားတာကို ‌ဖန်တီးဖို့ စဥ်းစားမလားဆိုတာ ရွေးချယ်ခဲ့ရပါတယ်။ ဒီအတွက် OPPO က အသုံးပြုသူတွေကို အတွေ့အကြုံတွေ အကောင်းဆုံးပေးစွမ်းမဲ့ Cover Screen အမျိုးအစားကို ရှာဖွေ လေ့လာခဲ့ကြပါတယ်။ နေ့စဉ်အသုံးပြုသူတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ OPPO ရဲ့ ကမ္ဘာတစ်ဝန်းက အသုံးပြုသူတွေအပေါ် နားလည်သဘောပေါက်မှုကို အခြေခံပြီးနောက် “Vertical is Better” လို့ ယုံကြည်လျက် ရှိပါတယ်။

OPPO ရဲ့ မဆုတ်မနစ် ကြိုးပမ်းလုပ်ဆောင်မှုဟာ အသုံးပြုတွေရဲ့ ခေါက်ဖုန်းတွေ အသုံးပြုမှုအတွေ့အကြုံနဲ့ ပတ်သက်ပြီး ကောင်းမွန်စွာ သိရှိနားလည်မှုကို အခြေခံထားတာဖြစ်ပါတယ်။ OPPO အနေနဲ့ မိုဘိုင်းဖုန်း အဆက်မပြတ် အသုံးပြုတွေဟာ သူတို့ရဲ့ အချိန် ၉၃ ရာခိုင်နှုန်းကျော်ကို Vertical မျက်နှာပြင်အနေအထားနဲ့ပဲ အသုံးများကြောင်းကို  စစ်တမ်းတွေမှာ တွေ့ရှိခဲ့ ရပါတယ်။ ခေါက်လို့ရတဲ့ ဖုန်းအသုံးပြုမှုတန်ဖိုးကို မြှင့်တင်ဖို့နဲ့ External Screen အသုံးပြုမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ OPPO အနေနဲ့ ကြီးမားတဲ့ Vertical အပြင်ဘက် မျက်နှာပြင်ကို အသုံးပြုဖို့ ရွေးချယ်ရခြင်းဟာ သိသာထင်ရှားလှတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

Image: OPPO

ဒေါင်လိုက် ပုံရိပ်ဖြတ်တောက်ခြင်းမရှိသော Selfie ပုံရိပ်များ

Selfie ပုံရိပ်တွေရိုက်ကူးဖို့ Cover Screen ကို အသုံးပြုတဲ့အခါ ထွက်လာမဲ့ ပုံရိပ်အပြည့်အစုံကို ကြိုတင် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ OPPO ဟာ Vertical Cover Screen ကို အသုံးပြုသူတွေရဲ့ User Experience နဲ့ တုန့်ပြန်မှုတွေကနေ တစ်ဆင့် လူကြိုက်များခဲ့တာကြောင့် အသုံးပြုသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဒေါင်လိုက်ဖြစ်တဲ့ Vertical Cover Screen ကို ဖန်တီးလုပ်ဆောင်ထားတဲ့အတွက် Cover Screen ပေါ်မှာ Mini Phone လေးသုံးနေရသလို ခံစားစေရမှာပါ။ ဖုန်းရဲ့ Camera Sensor နဲ့ ဖမ်းယူမှု တူညီပြီး ဓာတ်ပုံရိုက်ကူးတဲ့အခါမှာလဲ ဒေါင်လိုက်ပုံရိပ် ဖြတ်တောက်မှုတွေ မရှိဘဲ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ Find N3 Flip ရဲ့ Vertical Cover Screen ဟာ ရိုက်ကူးမဲ့ ပုံရိပ်တွေကို ပိုမိုကောင်းမွန်စွာ ကြိုတင်မြင်တွေ့စေမှာဖြစ်လို့ အသုံးပြုသူတွေအတွက် ပိုမိုထိရောက်ပြီး ယုံကြည်စိတ်ချစွာ ဓာတ်ပုံ ပိုမိုရိုက်ကူးနိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

Image: OPPO

ပိုကြီးမားတိုင်းလဲ ပိုမိုကောင်းမလာနိုင်ဘူး

OPPO ရဲ့ ‌Vertical Cover Screen ဟာ ပိုမိုသဘာဝကျပြီး ပေါ့ပါးစွာ အချက်အလက်များကို ပိုမိုပြသပေးနိုင်ဖို့ Android App အများစုကို ဒေါင်လိုက်မျက်နှာပြင် အနေအထားမှာ အလုပ်ဖြစ်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ အခြားဖုန်းများနှင့် နှိုင်းယှဥ်မယ်ဆိုရင် Find N3 Flip ဟာ Email တွေက မက်ဆေ့ချ်တွေနဲ့ WhatsApp မှာပို့တဲ့ စာတိုတွေကို ဖုန်းမျက်နှာပြင်မှာ ပိုမို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

အခြားဖုန်းတွေအနေနဲ့ စာသားတစ်ပိုင်းတစ်စကိုပဲ မျက်နှာပြင်မှာ ဖော်ပြနိုင်ပေမဲ့ Find N3 Flip မှာဆိုရင် ပိုမိုပြည့်စုံတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို ဖော်ပြနိုင်မှာဖြစ်သလို အသုံးပြုသူတွေအတွက် စာတိုနဲ့ တွဲရက် ပုံ ၄ ပုံအထိ ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။ ဒီကွာခြားချက်တွေဟာ မျက်နှာပြင် အရွယ်အစားကွာခြားမှုအပေါ် မူတည်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သုံးစွဲသူတွေရဲ့ နေ့စဥ်ဘဝမှာ ကြုံတွေ့ရတဲ့ သိသာတဲ့ စွမ်းဆောင်ရည်ပေါ်  အဓိက မူတည်တာပဲ ဖြစ်ပါတယ်။

Image: OPPO

ဆန်းသစ်တဲ့ Cover Screen အတွေ့အကြုံ

OPPO အနေနဲ့ ဖုန်းမှာပါဝင်တဲ့ App တွေ အားလုံး Cover Screen ပေါ်မှာလဲ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ App တစ်ခုချင်းစီအတွက် သုံးစွဲမှုအတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်အောင် Google အစ ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွ ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။ အခြား ဖုန်းတွေထက် ထူးကဲသာလွန်ပြီး Find N3 Flip မှာဆိုရင် လူကြိုက်အများဆုံး App ပေါင်း ၈၀ကို Cover screen ပေါ်မှာလဲ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

Phone၊ Maps၊ Keep နဲ့ Gmail လို Google App တွေအပြင် အခြားနာမည်ကြီး App တွေဖြစ်တဲ့ ဆိုရှယ်မီဒီယာ၊ ဗီဒီယိုအတိုကြည့်တာ၊ Music Streaming နဲ့ Food Delivery App တွေ၊ အငှားကားဝန်ဆောင်မှုတွေ၊ Maps၊ အွန်လိုင်းငွေပေးချေမှုတွေအပြင် အခြားစိတ်ဝင်စားစရာ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ရေရှည်မှာ Software Update တွေကတစ်ဆင့် App တွေအများကြီးကို Find N3 Flip ရဲ့ စွမ်းဆောင်ရည်မြင့် Cover Screen ပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ User Experience ကို ရရှိစေဖို့အတွက် OPPO Developer က ဖန်တီးထားတဲ့ OPPO App Launcher ကို Scan ဖတ်ပြီး Download လုပ်ထားမယ်ဆိုရင် App တွေ အသုံးပြုဖို့ တခြား Third Party Application မလိုအပ်ဘဲ Cover Screen ပေါ်မှာ App တွေ အများကြီးကို အသုံးပြုနိုင်မှာဖြစ်ကာ အထူးသဖြင့် Facebook၊ Messenger၊ Instagram စတဲ့ App တွေကို Cover Screen ပေါ်မှာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Image: OPPO

Google Dial နဲ့ ဖုန်းပြောလို့ရသလို ပျော်ရွှင်စရာ ဂိမ်းတွေစုစည်းပေးထားတဲ့ Game Snacks ကစားနိုင်မှာပါ၊ Grab နဲ့ အလွယ်တကူ Taxi စီးလို့ရမှာဖြစ်သလို Google Maps အသုံးပြုပြီး သွားလာရလွယ်ကူစေမှာပါ၊ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေနဲ့ ဗီဒီယိုတွေကို လွယ်လွယ်ကူကူ ကြည့်ရှုနိုင်မဲ့အပြင် Google ကီးဘုတ်ကို အသုံးပြုပြီး Telegram မှာ မက်ဆေ့ချ်တွေကို ချက်ချင်း စာပြန်နိုင်စေမှာပါ။ ဒါတွေအားလုံး ဖုန်းကို ဖွင့်စရာ မလိုဘဲ Cover Screen ကတစ်ဆင့် အကုန်လုပ်ဆောင်နိုင်မှာပါ။  App အသစ် ပံ့ပိုးမှုလုပ်ဆောင်ချက်ကြောင့် OPPO အသုံးပြုသူတွေဟာ Find N3 Flip မှာ ထူးကဲတဲ့ Cover Screen အတွေ့အကြုံသစ်ကို တွေ့ကြုံခံစားရမယ်ဆိုတာ OPPO အနေနဲ့ ယုံကြည်ပါတယ်။