OPPO ဟာ နှစ်စဉ် R&D ပိုင်းဆိုင်ရာကို ၀င်ငွေရဲ့ ၆ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်းအထိ အချိန်ကြာမြင့်စွာ ရင်းနှီးမြုပ်နှံ အသုံးပြုလျက်ရှိပါတယ်။ OPPO မှာ Research and Institutions ၆ ခု (Beijing, shanghai, Shenzhen, Dongguan, Silicon Valley, Yokohama) အပြင် ကမ္ဘာတစ်ဝန်းမှာ R&D စင်တာပေါင်း ၆ ခု (Dongguan၊ Shenzhen၊ Chengdu၊ Xian၊ Wuhan၊ Hyderabad) နဲ့ R&D အတွက် ဝန်ထမ်းပေါင်း ၁၀,၀၀၀ ကျော်ပါဝင်ပြီး လန်ဒန်ရှိ နိုင်ငံတကာ ဒီဇိုင်းဆိုင်ရာ စင်တာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာတော့ OPPO အနေနဲ့ စမတ်ဖုန်းတွေနဲ့ အခြား စမတ်ကျတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဝယ်လိုအားကို ဖြည့်ဆည်းပေးဖို့အတွက် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နဲ့ တူရကီတို့မှာ ရှိတဲ့စက်ရုံတွေအပြင် အခြားလုပ်ငန်းစက်ရုံပေါင်း ၁၀ ခုကို တည်ဆောက်ထားပြီးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ OPPO က ပြည်တွင်းတီထွင်မှု မူပိုင်ခွင့်ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းကုမ္ပဏီလေးခုထဲမှာ တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ထိပ်တန်း R&D ကုမ္ပဏီ ခုနစ်ခုထဲမှာ စမတ်ဖုန်းတွေ အဓိက ထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီလဲဖြစ်ပါတယ်။
OPPO ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Mr.Chen Mingyong က Flip ဖုန်းဟာ OPPO ရဲ့ ယုံကြည်ချက်ကို ထင်ဟပ်စေတဲ့ ကိုယ်စားပြုမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ OPPO ဟာ ခေါက်လို့ရတဲ့ ဖုန်းမျက်နှာပြင်တွေ နယ်ပယ်ရပ်ဝန်းမှာ “ပထမဆုံး ထိထိမိမိ မိတ်ဆက်ခြင်း” ပြုလုပ်နိုင်ခဲ့တဲ့အပြင် “များပြားလှတဲ့ စက်ပစ္စည်းနည်းဗျူဟာတွေကြားထဲမှာ နေရာတစ်ခု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့”ပါတယ်။ ဒါပေမယ့် OPPO ဟာ Flip ဖုန်းတွေကို စူးစမ်းလေ့လာပြီး သုတေသနလုပ်ဖို့အတွက် အချိန် သုံးနှစ်ကြာ ကြိုးစားဖန်တီးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Mr. Chen Mingyong က အခြားပရောဂျက်တစ်ခုကို လုပ်ဆောင်ရာက အပြီးသတ်ရပ်တန့်ခဲ့ပြီး “ရှိသမျှ အရင်းအမြစ်အားလုံးကို Flip Screen” ဖန်တီးနိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Image: OPPO
Flip မျက်နှာပြင် ဖုန်း စီမံကိန်းကို တရားဝင် စတင်ခဲ့ပြီး ပထမဆုံး ဖန်တီးမှုလက်ရာကို မမိတ်ဆက်ခင်မှာတည်းက OPPO အနေနဲ့ “ဖြစ်နိုင်ခြေရှိတဲ့ ပုံစံအားလုံးနီးပါး” ပါဝင်တဲ့ Flip ဖုန်း ထုတ်လုပ်မှုဆိုင်ရာ မျိုးဆက် ၆ ဆက် အစီအစဥ် ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီနောက် စမတ်ဖုန်း ပထမမျိုးဆက် ဖြစ်တဲ့ Find N ကို မူပိုင်ခွင့် ၁၂၅ ခုနဲ့အတူ မိတ်ဆက်ခွင့် ရခဲ့ပါတယ်။ OPPO ရဲ့ ပထမမျိုးဆက် ထုတ်ကုန်တွေဟာ ခေတ်ရှေ့ပြေးတဲ့ ဆန်းသစ်တီထွင်မှုနဲ့အတူ အောင်မြင်မှု ရခဲ့ရုံသာမက လပေါင်း ၂၀ အတွင်းမှာ စတုတ္ထမျိုးဆက် ထုတ်ကုန်တွေကို မြန်ဆန်စွာ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် “အချိန် ၄ နှစ်အတွင်းမှာ ဓားကို ထက်အောင်သွေး”နိုင်ခဲ့တဲ့ သဘောတရားနဲ့ ထပ်တူညီပါတယ်။ ဒါကြောင့် လုပ်ငန်း နယ်ပယ်ထဲမှာ အောင်မြင်မှုတွေ သိမ်းပိုက်ပြီး ဆက်လက်ဦးဆောင်နိုင်စေမဲ့ ခိုင်မာတဲ့ စံနှုန်းသစ်တီထွင်မှုတွေ ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
OPPO အနေနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ မူပိုင်ခွင့်လျှောက်လွှာပေါင်း ၉၅,၀၀၀ ကျော်ကို တင်သွင်းခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ မူပိုင်ခွင့် ၅၁,၀၀၀ ကျော်ကို ပိုင်ဆိုင်ရရှိထားပြီ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ OPPO ရဲ့ မူပိုင်ခွင့်အားလုံးပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ ၈၆,၀၀၀ ဟာ ခွင့်ပြုချက်ရရှိပြီးသား မူပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ OPPO ဟာ World Intellectual Property Organization (WIPO) က အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတကာ မူပိုင်ခွင့်လျှောက်လွှာပေါင်း PCT ၁,၉၆၃ ခု ပိုင်ဆိုင်မှုနဲ့အတူ ကမ္ဘာ့အဆင့်ခြောက်နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါဟာ OPPO အနေနဲ့ လေးနှစ်ဆက်တိုက် ကမ္ဘာ့ထိပ်တန်းဆယ်ခုစာရင်းမှာ ဆက်လက်ရပ်တည်နေခဲ့မှုလည်း ဖြစ်ပါတယ်။
OPPO က နိုင်ငံနဲ့ ဒေသပေါင်း ၄၀ ကျော်မှာ မူပိုင်ခွင့်တွေ တင်သွင်းထားပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ OPPO အနေနဲ့ တရုတ်အသိအမှတ်ပြု ခွင့်ပြုတဲ့မူပိုင်ခွင့်မှာ အရေအတွက်အရ ကမ္ဘာတစ်ဝန်း မူပိုင်ခွင့်များအနက် အဆင့် ၄ ရရှိခဲ့ပြီး ၊ ဥရောပနိုင်ငံ မူပိုင်ခွင့် လျှောက်ထားမှုအတွက် ကမ္ဘာ့အဆင့် ၁၇ ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေထဲမှာ အဆင့် ၂ ရရှိခဲ့တဲ့ အပြင် US အသိအမှတ်ပြု ထွင့်ပြတဲ့ တရုတ်ကုမ္ပဏီတွေထဲမှာ အဆင့် ၄ ရရှိခဲ့ပါတယ်။
5G: OPPO ဟာ 5G အရည်အသွေးပိုင်ဆိုင်ထားတဲ့ မူပိုင်ခွင့်တွေကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနဲ့ ဒေသပေါင်း ၄၀ ကျော်မှာ ဖြန့်ကျက်ထားပြီဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်မှာ OPPO အနေနဲ့ ကမ္ဘာ့မူပိုင်ခွင့်လျှောက်လွှာပေါင်း ၅,၇၀၀ ကျော်၊ ETSI မှာ 5G စံမူပိုင်ခွင့် ၂,၉၀၀ ကျော်ကို ပိုင်ဆိုင်မှု ကြေညာခဲ့ပြီး 3GPP မှာ 5G စံနှုန်းဆိုင်ရာ အဆိုပြုချက်ပေါင်း ၉,၀၀၀ ကျော်ကို တင်သွင်းခဲ့ပါတယ်။ မူပိုင်ခွင့်ဆိုင်ရာ ထိပ်တန်း ဦးဆောင်နေတဲ့ LexisNexis IPlytics မူပိုင်ခွင့် စာရင်းဇယားပလက်ဖောင်းက တစ်ဆင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ OPPO အနေနဲ့ 5G မူပိုင်ခွင့် ပိုင်ဆိုင်မှုအပိုင်းမှာ အဆင့် ၈ သတ်မှတ်ခြင်းခံရပါတယ်။
Image: OPPO
Video နဲ့ ပတ်သက်ပြီး စုစုပေါင်း မိသားစု ၇၀၀ ခန့် ၊ မူပိုင်ခွင့်လျှောက်လွှာပေါင်း၂၃၀၀ ကို နိုင်ငံပေါင်း ၃၀ ကျော်မှာ တင်သွင်းထားပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်းအနေနဲ့ အဆင့် ၃၀ မှာ ရပ်တည်နေပါတယ်။ OPPO ဟာ အဓိကအားဖြင့် AI၊ Computer vision ၊ Speech technology နဲ့ Machine learning မူပိုင်ခွင့်လျှောက်လွှာပေါင်း ၃,၀၅၀ ကျော်ကို တင်သွင်းထားပြီးဖြစ်ပါတယ်။ OPPO အနေနဲ့ ကမ္ဘာတစ်ဝန်းမှာ ရုပ်ပုံမူပိုင်ခွင့် ၁၁,၉၉၅ ခုအတွက် လျှောက်ထားခဲ့ပြီးဖြစ်တဲ့အပြင် လက်ရှိမှာ မူပိုင်ခွင့် ၅,၄၈၅ ခုကို ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်။
အားသွင်းမြန်ဆန်မှု: OPPO က ကမ္ဘာတစ်ဝန်းမှာ မူပိုင်ခွင့် ၃၇၀၀ ခန့် လျှောက်ထားခဲ့တဲ့အပြင် မူပိုင်ခွင့် ၂,၀၀၀ ဝန်းကျင် ခွင့်ပြုချက်ရထားပြီးဖြစ်ပြီး အားသွင်းမြန်စနစ် နည်းပညာကို ကုမ္ပဏီ ၅၀ ကျော်အတွက် လိုင်စင်ထုတ်ပေးထားနိုင်ပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ OPPO က သုံးစွဲသူတွေရဲ့ လူနေမှုဘဝတွေကို ပိုမိုလွယ်ကူသက်သာအောင် ပံ့ပိုးပေးမဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ The Flash Initiative ပရောဂျက်အသစ်ကို မိတ်ဆက်ခဲ့ပြီး၊ ဆန်းသစ်တီထွင်ထားတဲ့ IP ကို အသုံးပြုပြီး သုံးစွဲသူတွေအနေနဲ့ အိမ်မှာရှိတဲ့ ဖုန်းအားသွင်းကိရိယာတွေသာမက ကားတွေ၊ အများပြည်သူ သွားလာတဲ့နေရာတွေနဲ့ ကျယ်ပြန့်တဲ့ နည်းပညာပစ္စည်းတွေထဲ ပါဝင်တဲ့ Chip တွေထဲအထိ အသုံးပြုနိုင်အောင် ဖန်တီးခဲ့ပါတယ်။