အစားချစ်သူတိုင်း စိတ်ဝင်စားလာကြတဲ့ Burmese Food Lovers Application

ခုနောက်ပိုင်း ဘယ်အကြောင်းအရာကိစ္စတွေကိုမဆို အင်တာနက်ကနေ အလွယ်တကူရှာဖွေကြည့်ရှုလို့ရနေတာကလည်း လူ တိုင်းအတွက်အားသာချက်တစ်ခုပါပဲ။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ကိစ္စအားလုံးကိုရှာဖွေကြည့်ရှုနိုင်တဲ့အတွက်များစွာ အကျိုးရှိလှပါတယ်။ ဒါ့အပြင် အိမ်မှုကိစ္စပိုင်းဆိုင်ရာတွေမှာလည်း များစွာအထောက်ပြုနိုင်တဲ့ Website တွေ Application တွေကလည်း များစွာထွက်ပေါ်လာပြီး အလွယ်တကူအသုံးပြုလို့ရတဲ့အတွက် အိမ်ရှင်မများပိုမိုအဆင်ပြေစေတာလည်း အမှန် ပဲဖြစ်ပါတယ်။

Photo Source – Screenshot By Myanmar Tech Press

လူတိုင်းကတော့ အစားအသောက်နဲ့ပတ်သက်လာရင် ဘယ်သူမဆိုမကင်းကြပါဘူ။ အစားအသောက်ကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ အိမ်မှာနေရင်း မချက်ပြုတ်ဖူးသေးတဲ့ ထူးထူးဆန်းဆန်းဟင်းလျှာတွေကို ချက်စားချင် တယ်။ ဟင်းချက်နည်းအကုန်နီးပါးကိုလည်း တတ်ထားချင်တဲ့ Foodies လေးတွေလည်း အများကြီးရှိကြတာပဲ။ အဲ့ဒီအတွက် အထောက်အကူဖြစ်စေတဲ့ အကောင်းဆုံး Mobile Application လေးတွေကိုတော့ သိထားဖို့လိုပါတယ်။

Photo Source – Screenshot By Myanmar Tech Press

ခုလိုမိုးအေးအေးလေးမှာတော့ အိမ်မှာနေတဲ့သူတွေအတွက် အပျင်းပြေအစားအသောက်ကောင်းကောင်းလေးတွေလုပ်စား ချင်တယ်ဆိုပေမယ့် စားချင်တဲ့အစားအသောက်ကို မချက်ပြုတ်တတ်တာကလည်း ပြဿနာတစ်ခုပါပဲ။ ချက်ပြီးမှတော့ အရ သာရှိရှိလည်းဖြစ်ချင်တယ်။ နည်းစနစ်လည်း မှန်ကန်ချင်တယ်ဆိုသူတွေအတွက် Application အထောက်အကူတစ်ခုခုရယူ လိုက်တာ အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။
အစားချစ်သူများ Mobile Application ကတော့ အစားအစာနဲ့ပတ်သတ်ပြီး အဆင်ပြေစေရန်အတွက် ဖန်တီးထားတဲ့ Application ကောင်းလေးတစ်ခုဖြစ်ပါတယ်။ တစ်နေ့တာ အစားနဲ့ပတ်သတ်ပြီး ဘယ်လိုအဆင်ပြေနိုင်မှာလဲ။ ဘယ်လိုချက် ပြုရမလဲလို့ ငြီးငြူနေကြတဲ့သူတွေအတွက်တော့ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Application တစ်ခုဆိုလည်းမမှားပါဘူး။ နေ့စဉ် ဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ Mobile ဖုန်းလေးထဲမှာ အစားချစ်သူများ App (Burmese Food Lovers App ) ရှိနေရုံနဲ့ ဟင်းချက်နည်းပြုတ်နည်းတွေကို စိတ်ကူးထဲကအတိုင်း အလွယ်တကူခေါင်းစဉ်အလိုက် ရှာလို့ရနိုင်တာကလည်း စိတ်ချမ်း သာပျော်ရွှင်မှုတစ်ခုကိုရစေတာပါပဲ။

Photo Source – Screenshot By Myanmar Tech Press

စိတ်ကူးထဲက စားသောက်ဆိုင်လေး (Restaurants) လေးတွေဆီ သွားတော့မည်ဆိုရင်လည်း အစားချစ်သူများ App ( Burmese Food Lovers App) ထဲမှာ ကောင်းမွန်သန့်ရှင်းတဲ့ ဆိုင်လေးတွေကို Restaurants Guide အနေနဲ့ သတင်း အချက်လက်စုံလင်စွာနဲ့ ရှာဖွေလို့ရနိုင်အောင်ပြုလုပ်ထားတဲ့အပြင် Restaurants တွေရဲ့ Promotion အသေးစိတ်တွေပါ ကြည့်လို့ရသေးတယ်ဆိုတော့ စိတ်ရှိလက်ရှိ သွားလာလည်ပတ်စားသောက်ဖို့ အခွင့်အရေးတစ်ခုဖြစ်နေတတ်တာပါပဲ။
အစားကိုချစ်တဲ့သူတိုင်း အတွက် Burmese Food Lovers App ( အစားချစ်သူများ App ) လေးဟာ လူကြီး၊ လူငယ်၊ ကျား၊ မ မရွှေးသုံးစွဲလို့အဆင်ပြေအောင် မြန်မာဘာသာနဲ့ဖော်ပြပေးထားတဲ့အတွက် လွယ်ကူချောမွေ့စွာလေ့လာနိုင်သလို အစား အသောက်ကောင်းတွေစုံလင်တဲ့အတွက် လူကြိုက်များလာတာလည်းဖြစ်ပါတယ်။

Photo Source – Screenshot By Myanmar Tech Press

Burmese Food Lovers App ( အစားချစ်သူများ App )လေးမှာပါဝင်တဲ့ အစားအစာချက်နည်းတွေကတော့ အစုံပါပဲ။ အုန်း ထမင်းချက်နည်း၊ ထောပတ်ထမင်းချက်နည်း၊ အိမ်ချက်ဒံပေါက်လုပ်နည်း၊ ထမင်းပေါင်းနည်း၊ ဆွမ်းမွှေးထောပတ်ထမင်းချက် နည်း၊ ဝက်လက်ထမင်းပေါင်း၊ ဝက်သားတုတ်ထိုးလုပ်နည်း၊ ဝက်သားသုံးထပ်သားအကြွက်ကြော်နည်း၊ ဝက်လက်စွပ်ပြုတ် ချက်နည်း၊ အပ်မှိုဝက်သားလိပ်ကြော်နည်း၊ ဝက်အူချိုကင်နည်း၊ ဝက်သားဆီပြန်ဟင်းချက်နည်း၊ ဝက်လက်စတူးပြုလုပ်နည်း၊ ငါးကြင်းပေါင်းနည်း၊ ငါးကြင်းချိုစပ်ဆီပြန်ချက်နည်း၊ ကြက်သားလုံးနဲ့ကင်းမွန်ချဉ်ငန်စပ်သုပ်နည်း၊ ကင်းမွန်ပုဇွန်ချဉ်စပ်ချက် နည်း၊ ပဲကြာဆန်ကင်းမွန်သုပ်နည်း၊ ကင်းမွန်ချဉ်စပ်ပေါင်းနည်း စတဲ့ဟင်းချက်နည်းပေါင်းစုံအပြင် မြန်မာမုန့်ပြုလုပ်နည်းများ ကို ထည့်သွင်းဖော်ပြပေးထားတဲ့အတွက် လူတိုင်းနီးပါးကြိုက်နှစ်သက်လာကြတာပါပဲ။

Photo Source – Screenshot By Myanmar Tech Press

အစားချစ်သူများ Mobile Application ကိုတော့ Play store နဲ့ Apple Store တို့မှာ Burmese Food Lovers App ရိုက်နှိပ်ပြီး Free Download လုပ်ပြီးရယူနိုင်သလို အောက်ပါ Link မှလည်း တိုက်ရိုက်ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.burmesefoodlovers.app
အစားချစ်သူများ Application အကြောင်းကို အသေးစိတ်သိလိုပါကလည်း အောက်ပါ Link မှ ဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။
https://www.facebook.com/burmesefoodlovers/