မြန်မာနိုင်ငံဒီဂျစ်တယ်နည်းပညာတီထွင်ဆန်းသစ်မှုများနှင့်တိုးတက်ပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

Impact Hub Yangon နှင့် Friedrich Naumann Foundation Myanmar (FNF Myanmar) တို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံ ဒီဂျစ်တယ်နည်းပညာတီထွင်ဆန်းသစ်မှုများနှင့် တိုးတက်ပြောင်းလဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် သြဂုတ် လ ၁၇ ရက်နေ့တွင် Impact Hub Yangon ၌ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ နည်းပညာတီထွင်ဆန်းသစ်မှုများနှင့်တိုးတက်ပြောင်းလဲခြင်းဆိုင်ရာများကို ဒုတိယ အကြိမ် ဆွေးနွေးပြောကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာစီးပွားရေးနယ်ပယ်တွင် အားကောင်းသော နည်း ပညာပိုင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးပလက်ဖောင်းတစ်ခုဖြစ်လာစေရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအကြောင်းများကို ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ခြင်းလည်းဖြစ် သည်။

Photo Source – https://www.facebook.com/IHYangon/

အဆိုပါဆွေးနွေးပွဲသို့ဝင်ရောက်ပါဝင်ဆွေးနွေးခြင်းဖြင့်လည်း မိမိလုပ်ငန်း၏ စိန်ခေါ်မှုများနှင့်လိုအပ်ချက်များကို အခွင့်အလမ်း ကောင်းများသို့ ဦးတည်စေခြင်း၊ ဒီဇိုင်းစဉ်းစားတွေးခေါ်နည်းစနစ်ကို လေ့လာသိရှိနိုင်ခြင်း၊ ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာတာ ဝန်ရှိသူများအား နည်းပညာပိုင်းဆိုင်ရာနယ်ပယ်တွင် အာရုံစိုက်မှုများရှိလာစေရန် ညွှန်ပြပြောဆိုနိုင်သော အခွင့်အရေးရရှိစေ ခြင်း၊ နည်းပညာလောက၏ လက်ရှိပေါ်လစီနှင့်လုပ်ငန်းစဉ်များ ရှေ့လျှောက်ပြုလုပ်မည့်အစီအစဉ်များကို သိခွင့်ရခြင်း၊ အခြား နည်းပညာလုပ်ငန်းရှင်များနှင့်ကျွမ်းကျင်သူများမှ သက်ဆိုင်ရာပြုလုပ်ဆောင်ရွက်ချက်များကို လေ့လာသင်ယူနိုင်ခြင်း၊ မိမိ လုပ်ငန်းတိုးချဲ့ပေးနိုင်သော ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံနိုင်ခြင်း၊ မိမိလုပ်ငန်းနယ်ပယ်ကိုတိုးချဲ့နိုင်သည့်အပြင် အကျိုးတူ ပူးပေါင်းသူများနှင့်ပါတွေ့ဆုံနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်လည်းဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/IHYangon/

မြန်မာနိုင်ငံနည်းပညာတီထွင်ဆန်းသစ်မှုများနှင့် တိုးတက်ပြောင်းလဲခြင်းဆိုင်ရာဆွေးနွေးပွဲယခုပွဲစဉ်သည် ယခင်ပွဲစဉ်၌ ဆွေး နွေးဖော်ထုတ်ခဲ့ကြသော နည်းပညာပိုင်းဆိုင်ရာလက်ရှိမူဝါဒနှင့် ဂေဟစနစ်ပိုင်းဆိုင်ရာ စိတ်ခေါ်မှုများအပေါ် အကောင်အ ထည်ဖော်ရန် လုပ်ဆောင်ဆွေးနွေးမည့်ပွဲစဉ်တစ်ခုဖြစ်ပြီး ဒီဇိုင်းစဉ်းစားတွေးခေါ်မှုနစ်ကို အသုံးပြုခြင်းအားဖြင့် မြန်မာဒစ်ဂျစ် တယ်ပိုင်းဆိုင်ရာနည်းပညာကဏ္ဍတွင် လိုအပ်ချက်များကို နည်းလည်သဘောပေါက်စေရန် အတူတကွပူးပေါင်း၍ ဦးစားပေး လုပ်ဆောင်မည်ဟုလည်း ပွဲအစီအစဉ်အကျဉ်းချုပ်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်နောင်လက်တွေ့အသုံးချသည့် အခါတွင်လည်း ဖြေရှင်းချက်များကို တီထွင်ဆန်းသစ်နိုင်ရန် အခွင့်အလမ်း များကို လေ့လာသုံးသပ်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက နှင့်အများပြည်သူကဏ္ဍနှစ်ခုစလုံးမှ သက်ဆိုင်ရာစက်မှုကျွမ်းကျင် ပညာရှင်များ၊ လုပ်ငန်းစတင်လုပ်ကိုင်နေသောသူများ၊ ရင်း နှီးမြှုပ်နှံသူများ စသည့်ပွဲတက်ရောက်လာသော ပရိသတ်များနှင့် အတူ အထက်ပါခေါင်းစဉ်အပေါ် အတွေ့အကြုံနှင့်သုံးသပ် ချက်များအပေါ် အတူတကွဆွေးနွေးလုပ်ဆောင်သွားမည်ဖြစ် ကြောင်းဖော်ပြထားသည်။

Photo Source – https://www.facebook.com/fnf.myanmar/

ပထမအကြိမ် မြန်မာနိုင်ငံဒီဂျစ်တယ်နည်းပညာတီထွင်ဆန်းသစ်မှုများနှင့်တိုးတက်ပြောင်းလဲခြင်းဆိုင်ရာဆွေးနွေးပွဲကိုလည်း ၂၀၁၉ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ဖိတ်ကြားခံရသူများသာတက်ရောက်ခွင့်ရမည်ဖြစ်ပြီး အောက်ပါ Link တွင် Register ပြုလုပ်နိုင် ကြောင်းသိရသည်။
http://bit.ly/MMDIES2
Impact Hub Yangon နှင့် Friedrich Naumann Foundation Myanmar (FNF Myanmar) တို့အကြောင်းပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/IHYangon/
https://www.facebook.com/fnf.myanmar/