ကင်မရာသုံးလုံးပါဝင်သော HONOR 20 Lite စမတ်ဖုန်းအသစ်ကို မြန်မာပြည်တွင် စတင်မိတ်ဆက်

HONOR မှ ကျောဘက်ကင်မရာ 2 4MP နှင့်ကင်မရာသုံးလုံးပါဝင်ပြီး ဆယ်လ်ဖီရိုက်ကူးခြင်းအတွက် အကောင်းမွန်ဆုံးဖြစ်စေ သည့် 32MP ရှိ Selfie master ကင်မရာအပါအဝင် ချောမွေ့ပြောင်လက်သည့်အသွင်ပုံစံနှင့် HONOR 20 Lite စမတ်ဖုန်းအသစ် မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo Source By Myanmar Tech Press

အဆိုပါ မိတ်ဆက်ပွဲတွင် HONOR နှင့် မြန်မာနိုင်ငံအတွင်းတေးဂီတ Application တစ်ခုဖြစ်သော JOOX နှင့်ပူးပေါင်းကာပိုမို ပျော်ရွှင်ကြည်နူးဖွယ်ရာများ အတူတကွဆက်လက်တရားဝင်မိတ်ဖက်အဖြစ် ဆောင်ရွက်ခြင်းသွားမည်ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

Photo Source – https://www.facebook.com/HonorMyanmar/

HONOR 20 Lite စမတ်ဖုန်းသည် မြန်မာကျပ်ငွေ ၃၁၉၀၀၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး ယခုလ ၈ ရက်နေ့မှစတင်ကာဝယ်ယူနိုင် ပြီဖြစ်ပြီး Phantom Blue နှင့် Phantom Red အရောင်နှစ်မျိုးဖြင့်ထုတ်လုပ်ထားသည်။ စမတ်ဖုန်းဒီဇိုင်းအသွင်အပြင်မှာ ကျော ဘက်မျက်နှာပြင်တွင် လှုပ်ရှားလိုက်တိုင်း တောက်ပလာသည့် dynamic prism-shaped အရောင်ပြေးအသွင်သဏ္ဍန်ပုံစံပါရှိပြီး လူငယ်များကိုကိုယ်စားပြုသည့် HONOR အမှတ်တံဆိပ်၏ ဒီဇိုင်းစည်းမျဉ်းများနှင့်အညီ ဖန်တီးထုတ်လုပ်ထားခြင်းလည်းဖြစ် သည်။

Photo Source By Myanmar Tech Press

“မြန်မာနိုင်ငံမှာ အခုလို HONOR 20 Lite စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အရမ်းပဲဝမ်း သာမိပါတယ်။ ဒီဖုန်းက ဓါတ်ပုံရိုက်တဲ့နေရာမှာ အံ့သြလောက်စရာပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပြီးတော့ ဆယ်လ်ဖီပုံကောင်းတွေ ကို ရိုက်ကူးနိုင်မှာဖြစ်သလို သူရဲ့ဒီဇိုင်းပုံစံကလည်း တော်တော်လေးကြည့်လို့ကောင်းတဲ့ စတိုင်မျိုးပါ။ ဒီဖုန်းမှာပါတဲ့ 32MP ရှိတဲ့ Selfie Master ကင်မရာက ဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းတစ်လုံးလို့ဆိုနိုင်သလို အချိန်တိုင်းအတွက် အဆင့်အတန်းမြင့်တဲ့ ဓာတ်ပုံအရည်အသွေးတွေကို ပေးစွမ်းနိုင်မှာပါ။ မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေအတွက် ဓာတ်ပုံရိုက်ကူးရာမှာ ကင်မရာသုံး လုံးရဲ့ သာလွန်တဲ့စွမ်းဆောင်ရည်ပိုင်းကိုသာမက မြင့်မားတဲ့မိုဘိုင်းဖုန်းအရည်အသွေး စတာတွေကို HONOR 20 Lite မှာ မြင်တွေ့ရမှာဖြစ်ပြီးတော့ သာသာတဲ့ဈေးနှုန်းနဲ့သုံးခွင့်ရမယ်လို့လည်း ကျွန်တော်တို့ယုံကြည်ပါတယ်”ဟု HONOR Myanmar ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Bai Jing ကပြောကြားသည်။

Photo Source By Myanmar Tech Press

HONOR 20 Lite အား 6.21 လက်မ dewdrop display၊ 180 × 2340 Pixels resolution၊ 19:5:9 ratio ဖြင့်ထုတ်လုပ်ထား သည်။ စမတ်ဖုန်းကို Octa-Core Kirin 710 processor ဖြင့်အဓိကအသုံးပြုလုပ်ဆောင်မည့် Mali G51 GPU နှင့်ချိတ်ဆက်ထား ကာ 4GB RAM နှင့် Internal Storage 128GB အထိပါဝင်မည်ဖြစ်သည်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မည့် Dual SIM (Nano) ဒီဇိုင်းဖြင့် ထွက်ရှိထားပြီး Android 9.0 (Pie) ပေါ်တွင် အခြေတည်ထားသော EMUI 9.0 ဖြင့် ထောက်ပံ့ပေးထား မည်ဖြစ်သည်။
HONOR 20 Lite စမတ်ဖုန်းသည် ကင်မရာအားသာချက်သာမက ဘက်ထရီစွမ်းဆောင်ရည်မှာလည်း 3,400mAh ဖြစ်ပြီး တစ် ရက်တာအတွင်း အားပြန်သွင်းရန်မလိုအပ်ပေ။ ဂိမ်းကစားသူများအတွက် မိုဘိုင်းလ်ဂိမ်းများကစားရာတွင် အထက်အငေါ့မရှိလျင် မြန်သည့်အရည်အသွေးကို ပေးစွမ်းနိုင်မည့် GPU Turbo 2.0 ကိုလည်း ထည့်သွင်းပေးထားကာ 4G စနစ်ကို အထောက်အပံ့ပေး သည့် SIM Slot နှစ်ခု၊ Wifi 802.11 a/b/g/n/ac စနစ်နှင့် 4.2 Super Bluetooth စနစ်ကို ထည့်သွင်းအသုံးပြုပေးထားသည်။ ထို့အပြင်ဖုန်း၏ မှတ်ဉာဏ်ကို 512 GB အထိ ထပ်မံတိုးမြှင့်နိုင်ပြီး မျက်လုံးအတွက်ထိခိုက်စေနိုင်သည့် အပြာရောင်အလင်းများ ဒဏ်မှ ကာကွယ်ပေးနိုင်သော TüV Rheinland certified လည်းပါဝင်ကြောင်းလည်းသိရသည်။
HONOR 20 Lite စမတ်ဖုန်းသည် ကျော်ဘက်တွင်ပါရှိသည့် ကင်မရာသုံးလုံးမှာလည်း တစ်ခုချင်းအလိုက်မတူညီသည့် စွမ်း ဆောင်ရည်များပါဝင်နေပြီး အဓိကအနေဖြင့် 24MP lens အသုံးပြုထားပြီး 2MP lens မှာ အလင်းအားမကောင်းသည့် ညအချိန် များ၌ပင် မြင်ကွင်းများကို အသေးစိတ်ဖမ်းယူရိုက်ကူးနိုင်မည့် Super Night mode နှင့် 120 ဒီဂရီမြင်ကွင်းကျယ် ဓာတ်ပုံများကို 8 MP Lens များမှတဆင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/HonorMyanmar/