ကိုဗစ်ကာကွယ်ဆေး ထိုးနှံလိုသူများ အနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်

SML Pharmaceutical Trading Co., Ltd သည် အိန္ဒိယနိုင်ငံ Bharat Biotech International Ltd. မှ ထုတ်လုပ်သော Covid-19 (SARS-CoV-2) vaccine – COVAXIN ကို မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအတွက် အိန္ဒိယနိုင်ငံ အစိုးရ၏ တင့်ပို့ခွင့်ပြုချက်ရပါက တင်သွင်းဖြန့်ချိပေးတော့မှာ ဖြစ်ကြောင်း သိရသည်။
COVAXIN သည် Whole Virion Inactivated SARS-CoV-2 antigen (strain NIV-2020-770) နှင့် ကာကွယ်ဆေးတွင် ပါဝင်ရမည့် အခြားဓာတုပစ္စည်းများ ပါဝင်မည်ဖြစ်ပါသည်။ COVAXIN သည် လေးပတ် (၂၈ ရက်) ခြား၍ နှစ်ကြိမ်ထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်သည်။

Photo Source https://web.facebook.com/SML-Medical-Diagnostic-Centre-1685337615017761/?ref=page_internal

SML Pharmaceutical Trading Co., Ltd အနေဖြင့် ယခု COVAXIN ကို မြန်မာနိုင်ငံသို့ မူပိုင်တင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ရစေရန် ၂၀၂၀ခုနှစ် နိုဝင်ဘာလမှပင် စတင်စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တင်သွင်းခြင်း မှတ်တမ်းတင်လက်မှတ်လည်း ရရှိပြီး ဖြစ်သည်။
ယခုအခါ အိန္ဒိယနိုင်ငံ အစိုးရ Central Licensing Authority နှင့် ကူးသန်းရောင်းဝယ်ရေးတို့မှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး တင်ပို့ခွင့် အလှည့်ကျရန် စောင့်ဆိုင်းနေသည့် ကာလဖြစ်ပြီး ၂၀၂၁ခုနှစ် ဇူလိုင်လကုန်နှင့် ဩဂုတ်လဆန်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
သို့ဖြစ်ပါ၍ ကာကွယ်ဆေး ထိုးနှံလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ကြိုတင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းအပ်ပါသည်။(မနက်၉နာရီမှ ညနေ၅နာရီအတွင်း)
ဆက်သွယ်နိုင်သောဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
09780162447, 09777001230, 09782019031, 09782019280, 09782019200,09782019001
ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်စုံစမ်း ကြိုတင်စာရင်းပေးလိုပါက centremanagersgd@sml-myanmar.com သို့လည်း ပေးပို့နိုင်ကြောင်း အသိပေးအပ်ပါသည်။ကာကွယ်ဆေးများ ရောက်ရှိလာသည့်အချိန်တွင် ကြိုတင်လက်ခံစာရင်းအတိုင်း အစဉ်လိုက် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်သည်။ ကာကွယ်ဆေးတန်ဖိုး(ဈေးနှုန်း) အပါအဝင် ဝန်ဆောင်ခများနှင့် စပ်လျဉ်း၍ အတိအကျတန်ဖိုးကို ဆေးစတင်ထိုးနှံသည့်အချိန်မှသာ ထပ်မံကြေညာပေးသွားမည်ဖြစ် ကြောင်းသိရသည်။
-Ref: https://www.bharatbiotech.com