AMD နဲ့ Intel တို့ရဲ့ CPU ကွာခြားမှုများ

လက်ပ်တော့တစ်လုံး ဝယ်တော့မယ် ကွန်ပြုတာတစ်လုံးကိုစပြီး ဆင်တော့မယ်ဆိုရင် CPU အတွက် Intel ကိုသုံးရမလား AMD ကိုသုံးရမလားဆိုပြီး စဉ်းစားရကျပ်ကြပါတယ်။ နည်းပညာစိတ်ဝင်စားတဲ့ သူတွေကိုယ်တိုင်တောင်မှ ဒီကိစ္စကိုဆွေးနွေးနေခဲ့တာကြာပါပြီ။ Intel ကတော့အသုံးများနေပေမယ့် AMD ရဲ့ Ryzen Processor ကလည်း AMD Motherboard နဲ့ပေါင်းစပ်အသုံးပြုလိုက်ရင် လုံးဝကို အကောင်းစားတစ်ခုလိုပါပဲ။
Intel ဆိုတာကတော့ ကွန်ပြူတာအသုံးပြုသူတိုင်းမစိမ်းတဲ့ CPU တစ်ခုဖြစ်ပါတယ်။ အခုလက်ရှိ Gaming အတွက်အကောင်းဆုံး CPU ကိုပြပါဆိုရင်လည်း Intel ရဲ့ နောက်ဆုံးပေါ် 8th နဲ့ 9th Generation CPU ပြရမှာဖြစ်ပါတယ်။ Intel အနေနဲ့ သူ့ရဲ့ 8th generation ကို ၂၀၁၇ ခုနှစ်ကစတင်ထွက်ရှိထားပြီး 9th generation ကိုတော့ ၂၀၁၈ ခုနှစ်မှ စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ AMD ကတော့ Intel နဲ့ CPU ယှယ်ပြိုင်မှုမှာ ဆယ်စုနှစ်လောက်ထိ နောက်ကနေပဲ လိုက်လာခဲ့ပေမယ့် ၂၀၁၇ ခုနှစ် Ryzen Processors ကိုစတင်မိတ်ဆက်လိုက်တဲ့အချိန်ကစပြီး ပြောင်းလဲသွားခဲ့ပါပြီ။

Photo source https://www.amd.com/en
အများအားဖြင့်ပြောရရင် AMD နဲ့ Intel ရဲ့ CPU လုပ်ဆောင်ချက်ကွာဟမှုတွေက မပြောပလောက်ပါဘူး။ ဒီ CPU တွေအားလုံးဟာ အင်တာနက်အသုံးပြုတာ၊ Netflix ကြည့်တာ၊ ရုံးသုံး Application တွေအသုံးပြုတာ၊ ဒါတွေအားလုံးကို Multitask အသုံးပြုတာနဲ့ အခြားလုပ်ဆောင်မှုတွေအားလုံးကို ပြုလုပ်နိုင်ကြပါတယ်။ ဒီ CPU တွေရဲ့ကွာဟမှုဆိုတာကတော့ လုပ်ဆောင်နိုင့်တဲ့ပမာဏပဲ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ Multithreaded Application လုပ်ဆောင်နိုင်တဲ့ ပမာဏကို ကြည့်မယ်ဆိုရင် Ryzen 7 3700X အနေနဲ့ Core i7 -8700K နဲ့ Core i7 -9700K အထိရှိပြီး အခြား CPU တွေထက်နှေးတယ်လို့ ပြောနိုင်ပေမယ့် ဈေးနှုန်းအားဖြင့်တော့ သက်သာနေတာဖြစ်ပါတယ်။ Intel ရဲ့ i9 -9900K နဲ့ AMD ရဲ့ Ryzen 9 3900X မှာဆိုရင် 3900X က Multithread လုပ်ဆောင်မှုပမာဏမှာ ၂၅% ပိုပြီး မြန်နေမှာ ဖြစ်ပါတယ်။
Gaming ပိုင်းကိုပြောမယ်ဆိုရင်တော့ ကွာဟမှုအနည်းငယ်ကိုတွေ့ရမှာ ဖြစ်ပါတယ်။ Intel ရဲ့ အမြန်ဆုံး CPU ဖြစ်တဲ့ RTX 2080 ဒါမှမဟုတ် RTX 2080 Ti နဲ့ AMD ရဲ့ အကောင်းဆုံးု Ryzen ကိုယှယ်မယ်ဆိုရင် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ကွာဟမှုရှိပြီး တစ်ချို့ဂိမ်းတွေမှာဆိုရင်တော့ ၁၅ ရာခိုင်နှုန်းလောက်ထိ ကွာဟနေမှာ ဖြစ်ပါတယ်။ AMD ရဲ့ အစပိုင်း Ryzen CPU တွေ ဂိမ်းမှာလုပ်ဆောင်မှုနှေးနေရတာကတော့ ဂိမ်းတွေဟာ CPU cores လေးခုကနေ ခြောက်ခုအထိပဲ အသုံးပြုလို့ဖြစ်ပါတယ်။ ဒီတော့ ပိုနေတဲ့ Core တွေဟာ Ryzen ကိုလုပ်ဆောင်မှု နှေးစေပါတယ်။ AMD ရဲ့ ပထမနဲ့ဒုတိယ Ryzen မှာ intel ရဲ့ 6-cores နဲ့ 8-cores ထက် cache နဲ့ memory ပိုပြီး များပါတယ်။ Intel ရဲ့ X299 အစိတ်အပိုင်းတွေဟာလည်း i7-8700K ထက်ပိုပြီး ဂိမ်းဆော့တဲ့အခါ နှောင့်နှေးကျန့်ကြာမှုနဲ့ ဂိမ်းဆော့ရတာ အဆင်မပြေမှုဖြစ်တာတွေ ရှိပါတယ်။

Photo source https://www.intel.com/content/www/us/en/homepage.html
Intel Processsor တွေက AMD ထက်ပိုပြီးတော့ အသုံးပြုရတာ လုံခြုံမှုရှိတယ်လို့ ပြောကြပေမယ့် တစ်ကယ်တမ်းဒီလိုပြောဖို့ဆိုတာကတော့ ခက်ခဲပါတယ်။ တစ်ချို့ပြဿနာတွေကိုပြန်ကြည့်တဲ့အခါ Hardware ကြောင့်ဖြစ်တာမဟုတ်ဘဲ Software ကြောင့်ဖြစ်တာကပိုများပါတယ်။
အခုအချိန်မှာဆိုရင်တော့ AMD နဲ့ Intel ရဲ့ပြိုင်ဆိုင်မှုကပိုပြီး မြင့်မားနေပြပဲ ဖြစ်ပါတယ်။ AMD ရဲ့ Ryzen 9 3900X နဲ့ 3950X က ဂိမ်းကစားတာတွေမလုပ်ဘူးဆိုရင်တော့ အကောင်းဆုံးတစ်ခုဖြစ်ပြီးတော့ ဂိမ်းနဲ့ပက်သက်လာရင်တော့ Intel ကသာနေဆဲပဲ ဖြစ်ပါတယ်။ နောက်ပိုင်း AMD နဲ့ Intel ရဲ့ CPU အားပြိုင်မှုတွေကို ဆက်ပြီး စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။