OPPO Reno3 Pro ကိုဝယ်ယူပါက ကျပ်သုံးသောင်း လက်ဆောင်ပြန်ရနိုင်မည့် Cashback အထူးအစီအစဉ်စတင်

နေ့စဉ်ဘဝတွင် အဆင်ပြေချောမွေ့စေပြီးပျော်ရွှင်ဖွယ် အတွေ့အကြုံများကိုပေးစွမ်းနိုင်သော OPPO Reno3 Pro ကို ပိုင်ဆိုင်ရင်း ငွေသားလက်ဆောင်များပြန်လည်ရရှိနိုင်မည့် အခွင့်အရေးတစ်ခုကို OPPO က မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခုဇွန်လ (၁) ရက်နေ့မှ စတင်ကာမူရင်းဈေး 629,900 ကျပ်တန် OPPO Reno3 Pro ကိုငွေကျပ် သုံးသောင်းဖိုး ငွေသားလက်ဆောင်ပြန်လည်ပေးအပ်သည့် အထူးအစီအစဉ်ကြောင့် ငွေကျပ် 599,900 ကျပ်ဖြင့်ဝယ်ယူရရှိနိုင် မည်ဖြစ်သည်။ ထို့ပြင် လက်ဆောင်အဖြစ် Clock Speaker များကိုလည်းထပ်ဆောင်းပေးအပ်သွားမည်ဖြစ်သည်။
အစဉ်ပြောင်းလဲနေသောနေ့စဉ်ဘဝလည်ပတ်မှုပုံစံများသည် ယခု COVID-19 ရောဂါဖြစ်ပွားရာမှ ပိုမိုသိသိသာသာ ပြောင်းလဲလာကာတစ်နေ့တာတွင် စမတ်ဖုန်းများ၏ အရေးပါမှုမှာလည်းသိသာထင်ရှားစွာမြင့်မားလာပြီဖြစ်သည်။ စမတ်ဖုန်း များသည် တစ်ဦးနှင့် တစ်ဦးအခြေခံဆက်သွယ်မှုမှ စ၍ အွန်လိုင်းမှ တစ်ဆင့် သင်ယူနိုင်သောပညာရေးပုံစံများ၊ စိတ်ဖိစီးမှု များကို လျှော့ချပေးနိုင်သောအသစ်သစ်သောဖျော်ဖြေရေးများ အထိလွယ်ကူလျှင်မြန်စွာစွမ်းဆောင်မှုပေးနိုင်သည်အထိ အရေးပါလာနေပြီးနေ့စဉ်ဘဝတွင် TV၊ Computer တို့ကိုပင် အစားထိုးနိုင်သည်အထိနေရာယူလာပြီဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထိုသို့ လိုအပ်သောလုပ်ဆောင်မှုများကိုစိတ်တိုင်းကျ အသုံးပြုနိုင်ရန် ဖုန်းဝယ်ယူရာတွင် အများကအဓိကထားစဉ်းစားသည့် အချက်မှာဖုန်း၏ Display နှင့် အသံစနစ်ပင်ဖြစ်သည်။ အရောင်စိုပြည်ကြည်လင်ပြီးကြီးမားကျယ်ပြန့်သော Screen ဖြစ်ရန် လိုအပ်ရုံသာမကအချိန်ကြာမြင့်စွာအသုံးပြုသည့်အတွက် မျက်စိကိုကာကွယ်ပေးနိုင်ရန်လည်းလိုအပ်သည်။ အွန်လိုင်းမှ အတန်းတက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတို့တွင်လည်းအကောင်းဆုံးအတွေ့အကြုံကိုခံစားနိုင်ရန် ကြည်လင်ပြတ်သားပြီးအရည်အသွေးမြင့် အသံစနစ်ဖြစ်ရန်လည်းအထူးအရေးပါသည်။ OPPO Reno3 Pro သည် ကြီးမားသော 6.4 inch ရှိ Dual Punch-hole Flagship Screen နှင့် အတူ Super AMOLED Display ကိုအသုံးပြုထားသောကြောင့် မည်သည့် အလင်းရောင် အခြေအနေတွင်မဆိုကြည်လင်ပြတ်သားသော ပုံရိပ်များကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး TÜV Rheinland Full Care Display Certification လည်းရရှိထားသောကြောင့် မျက်လုံးကိုထိခိုက်စေနိုင်သော Blue Ray များအန္တရာယ်မှ ကာကွယ်ပေးမည်ဖြစ်သည်။ Dolby Atmos, Hi-Res, Netflix HDR Certification, OSIE တို့၏ ထပ်မံအားဖြည့်မှုတို့ကြောင့် သူမတူအောင် ကောင်းမွန်သောအတွေ့အကြုံတို့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ဖုန်း၏ လုပ်ဆောင်မှုတိုင်းကိုအကောင်းဆုံးဖြစ်နေစေရန် Display နှင့် အသံစနစ်သာမက Chipset ၊ Memory၊ ဘက်ထရီနှင့် စွမ်းဆောင်ရည်မြန်နှုန်းတို့ကလည်းအရေးကြီးသည့် နေရာမှ ပါဝင်နေသည်။ အထူးသဖြင့် ဖုန်းနှင့် ဂိမ်းကစားရသည်ကို နှစ်သက်သူများအတွက် ဖုန်းနှေးခြင်း၊ ထစ်ခြင်း၊ အားကုန်မြန်ခြင်း၊ ဖုန်းပူခြင်းတို့မှာအများစုကြုံတွေ့ရတတ်သော ပြဿနာများဖြစ်သည်။ OPPO Reno3 Pro တွင် SDM 855 ထက် ပိုအားကောင်းပြီး သီးခြား NPU နှင့် အစွမ်းထက် AI Performance များ ပေးစွမ်းနိုင်သောစွမ်းဆောင်ရည်မြင့် MTK P95 ကိုအသုံးပြုထားသည်။ ထို့အပြင် ထူးခြား ကောင်းမွန်သော 4025mAh battery နှင့် 56 မိနစ်အတွင်းတွင် 100 ရာခိုင်နှုန်းအပြည့် အားသွင်းနိုင်သည့် 30W VOOC Flash Charge 4.0 အားသွင်းမှုစနစ်တို့ ပါဝင်သောကြောင့် ဖုန်းအားကုန် မြန်မှာကိုလည်းစိတ်ပူရန် မလိုဘဲ မိမိလုပ်စရာများကိုစိတ်ကြိုက် လျင်မြန်ချောမွေ့စွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ TÜV Rheinland Safe Fast-charge System ကိုအောင်မြင်ထားသောကြောင့် ဂိမ်းကစားရင်းပင် ဖုန်းအားသွင်းနိုင်ပြီး Hyper Boost နှင့် Multi Cooling System လည်းပါဝင်သောကြောင့် ကစားသောဂိမ်းတိုင်းတွင် စိုးရိမ်စရာမလိုဘဲအနိုင်ယူနိုင်မည် ဖြစ်သည်။ 8GB RAM + 256GB ROM ပါရှိသည့်အပြင် Storage ထပ်ထည့်နိုင်သောကဒ်နေရာလည်းပါရှိသဖြင့် Memory မဆံ့မှာကိုလည်း စိတ်ပူစရာ မလိုတော့အောင်စွမ်းဆောင်ပေးနိုင်သည်။ အဆိုပါ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေပါဝင်သော OPPO Reno3 Pro ကိုမတ်လတွင် စတင်မိတ်ဆက်ခဲ့ပြီးယခုဇွန်လ (၁) ရက်နေ့မှ စတင်ကာ အထူး Cashback Promotion ဖြင့် မြန်မာကျပ်ငွေ 599,900 ဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝအဆင့်မြင့် တိုးတက်‌ရေး အတွက် ကြိုးပမ်းလျက်ရှိသည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/oppomyanmar/
OPPO Reno3 Pro ၏ အသေးစိတ်အချက်အလက်များကိုသိလိုပါက အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.oppo.com/mm/smartphone-reno3-pro/