Binance Crypto Exchange မှာရရှိလာတော့မယ့် CR7 ရဲ့ NFT Collection

ကမ္ဘာကျော်ဘောလုံးသမား Cristiano Ronaldo ရဲ့  NFT Collection တွေကို Binance Platform ပေါ်မှာ စတင်ရရှိနိုင်ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၈ ရက် ဒီနေ့မှာ exclusive အနေနဲ့ရရှိမယ့် NFT Collection တွေဟာ NFTs လောကမှာ Web3 ကတစ်ဆင့် ရော်နယ်ဒိုနဲ့ သူ့ပရိသတ်တွေအကြား အထောက်အပံ့ကောင်းဖြစ်စေမယ့် Global Marketing Campaign တစ်ခုအနေနဲ့ ပြုလုပ်လိုက်တာလဲ ဖြစ်ပါတယ်။

CR7 ကိုယ်တိုင်ကလည်း သူ့ရဲ့ NFT Collection တွေကို Exclusive အနေနဲ့ Binance Platform ပေါ်မှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ စရှိတော့မယ် ဆိုတဲ့အကြောင်းကိုလည်း Twitter မှာ Tweet ထားပါသေးတယ်။ Collection drop ကိုရရှိနိုင်ဖို့အတွက် referral code “RONALDO” ကိုအသုံးပြုနိုင်တဲ့အကြောင်းကိုလည်း ထည့်သွင်း ပြောကြား ခဲ့ပါသေးတယ်။

CR7 NFT Collection မှာ animated statue ၇ ခုပါဝင်မှာဖြစ်ပြီး Level အမျိုးအစား ၄ မျိုးရှိမှာ ဖြစ်ပါတယ်။ Super Super Rare (SSR), Super Rare (SR), Rare (R) နဲ့ Normal (N) စတဲ့အမျိုးအစားတွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဖိုးမြင့် NFT ၄၅ ခုဖြစ်တဲ့ SSR ၅ ခုနဲ့ SR အခု ၄၀ ကို ၂၄ နာရီအတွင်း Binance NFT Marketplace မှာ SSR တစ်ခုကို BUSD 10,000 နဲ့ SR တစ်ခုအတွက် BUSD 1,700 နဲ့ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ NFT 6600 ထဲက R အရည်အသွေး NFT ၆၀၀ နဲ့ N အရည်အသွေး NFT ၆,၀၀၀ ကို BUSD 77 နဲ့ Binance မှာ ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် CR7 ရဲ့ Personal Message, ရော်နယ်ဒိုနဲ့ Binance တို့လက်မှတ်ထိုးထားတဲ့ ဘောလုံးတီရှပ်၊ နောင်လာမယ့် CR7 NFT Drop တွေအတွက် အာမခံချက်၊ နောင်လာမယ့် NFT Collection တွေအတွက် CR7 Mystery Box စတာတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ NFT Level အလိုက် ရရှိဦးမှာ ဖြစ်ပါတယ်။

Binance.com မှာ register စတင်ပြုလုပ်သူတွေအနေနဲ့လည်း Cristiano Ronaldo Mystery Box ကိုလက်ခံရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ Box ထဲမှာတော့ Limited-Edition Ronaldo NFTs တွေလည်း ပါဝင်နိုင်ပါသေးတယ်။ CR7 Mystery Boxes တွေဟာ RONALDO ဆိုတဲ့ referral ID ကိုအသုံးပြုပြီး ဝင်ရောက်သူ 1.5M ပြည့်တာနဲ့ စတင်ပေးတော့မှာ ဖြစ်ပါတယ်။ CR7 NFT Collection အသစ်တွေကိုတော့ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ စတင်မှာ ဖြစ်ပါတယ်။