လုပ်ဆောင်ချက်အသစ်တွေ စမ်းသပ်နေပြီဖြစ်တဲ့ YouTube Shorts

YouTube Short ဆိုတာကတော့ TikTok ကိုပြိုင်ဆိုင်ဖို့အတွက် အသစ်ဖန်တီးလိုက်တဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်ပြီး ၁၅ စက္ကန့်စာ Video တွေကို ကိုယ့်အကောင့်မှာ တင်နိုင်မှာပဲ ဖြစ်ပါတယ်။ ကြည့်ရှုသူတွေအနေနဲ့လည်း ဒီ Short လေးတွေကို Like ပေးတာ၊ Dislike ပြုလုပ်တာ၊ Comment ပေးတာ၊ Share တာတွေ ပြုလုပ်နိုင်ပါတယ်။

၁၅ စက္ကန့်ဆိုတဲ့အတိုင်းအတာဟာ အတော်လေးတိုတဲ့အတွက် Shorts တွေကို မကြာခင်မှာ စက္ကန့် ၆၀ စာအချိန်အတိုင်းအတာတစ်ခုအတွင်း Creator  တွေအနေနဲ့ Remix ပြုလုပ်တာတွေ၊ Music ထည့်သွင်း ဖန်တီးတာတွေ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ၁၅ စက္ကန့်မဟုတ်တော့ဘဲ စက္ကန့် ၆၀ ဖြစ်သွားတဲ့အတွက် ဖန်တီးမှုတွေကိုလည်း ပိုပြီး ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

YouTube Shorts တွေဟာ Log in ပြုလုပ်ထားတဲ့ လစဉ်အသုံးပြုသူပေါင်း ၁.၅ ဘီလီယံကျော်အသုံးပြုနေကြပြီး နေ့စဉ် ၃၀ ဘီလီယံကျော် View အရေအတွက်လည်း ရှိတယ်လို့ ကုမ္ပဏီဘက်ကထုတ်ပြန်ထားပါတယ်။ ဗီဒီယိုတွေကို စက္ကန့် ၆၀ အထိအသုံးပြုထည့်သွင်းနိုင်မယ့် လုပ်ဆောင်ချက်အသစ်ဟာ ကမ္ဘာတစ်လွှား Android နဲ့ iOS ပေါ်ကတစ်ဆင့် YouTube အသုံးပြုသူတွေအတွက် မကြာခင်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ 

Photo Source YouTube

အသုံးပြုသူအခိုင်အမာရှိတဲ့ YouTube ဟာ သူ့ရဲ့ လူသုံးများတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ YouTube Short မှာ ဈေးဝယ်ယူနိုင်တဲ့ Feature တစ်ခုကိုလည်း စမ်းသပ်နေပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကိုယ်ပိုင်ဆိုင်ခန်းနဲ့ချိတ်ဆက်ထားတဲ့ Creator တွေကိုပဲ ရွေးချယ်ပြီး စမ်းသပ်အသုံးပြုနေတယ်လို့လည်း သိရပါတယ်။

United States, India, Brazil, Canada နဲ့ Australia နိုင်င့က အသုံးပြုသူတွေဟာ Shorts တွေကတစ်ဆင့် ဆိုင်တွေကို Tag တွဲထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်အပြင် Creator တွေရဲ့ Recommend ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကို ဝယ်ယူမှုအတွက်လည်း Commission ခပြန်လည်ပေးအပ်မယ့် လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။

YouTube အနေနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက YouTube Platform ကို Shopping အတွက် ပြုလုပ်လာခဲ့ပြီး ads တွေနဲ့ Creator တွေဖန်တီးထားတဲ့ Livestream တွေမှာလည်း တိုက်ရိုက်ဈေးဝယ်ယူနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါသေးတယ်။ Short တွေကတစ်ဆင့် Recommend Product တွေထည့်သွင်းတာ ဈေးဝယ်ယူနိုင်တဲ့လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးတော့မှာ ဖြစ်တဲ့အတွက် Brand တွေအနေနဲ့လည်း အကျိုးရှိစေမယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်မှာသေချာပါတယ်။