Creator တွေအတွက် Facebook နဲ့ Instagram platform မှာ အသုံးပြုနိုင်ဖို့ မိတ်ဆက်လိုက်တဲ့ Tool အသစ်များ

Digital Collectibles တွေဖြစ်ကြတဲ့ NFTs တွေကို Creator တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် Instagram နဲ့ Facebook ပေါ်မှာ မကြာခင်ဖော်ပြပြီး ရောင်းချနိုင်တော့မယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ကို Meta အနေနဲ့ မေလလောက်က စတင်မိတ်ဆက်ခဲ့ပြီး Creator Week 2022 မှာ တရားဝင်ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကတစ်ဆင့် Instagram အသုံးပြုသူတွေဟာ သူတို့နှစ်သက်သဘောကျတဲ့ Creator တွေရဲ့ Digital Collectibles တွေကို Instagram ကတိုက်ရိုက်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာလည်း မကြာမှီ နိုင်ငံတော်တော်များများမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ 

Photo Source about.fb.com
ဒါ့အပြင် ကိုယ့်မှာရှိတဲ့ Digital Collectibles တွေကို Instagram Video တွေမှာ ထည့်သွင်းသွားနိုင်မယ့်အပြင် Digital Blockchains နဲ့ Wallet တွေလည်း ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ NFTs တွေရောင်းဝယ်ပြုလုပ်နိုင်တဲ့ OpenSea နဲ့လည်းချိတ်ဆက်ထားတဲ့အတွက် Collection တွေရဲ့ နာမည်, description တွေကိုလည်း Instagram မှာ ကြည့်နိုင်မှာပါ။

Photo Source about.fb.com
Creator တွေအနေနဲ့ Facebook, Instagram platform တွေကတစ်ဆင့် ဝင်ငွေပိုမိုရရှိနိုင်ဖို့အတွက် Reels တွေမှာ Start တွေရရှိနိုင်မယ့် လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Facebook ရဲ့ Video နဲ့ Live Stream တွေမှာ ပါဝင်ပြီးသားဆိုပေမယ့် Instagram Reels တွေကို Star ပေးနိုင်မယ့်လုပ်ဆောင်ချက်နဲ့ Gift ပြုလုပ်တဲ့လုပ်ဆောင်ချက်ကိုတော့ အခုမှပြင်ဆင်ထည့်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။

Photo Source about.fb.com

Facebook နဲ့ Instagram Platform ကိုအခြေပြုပြီး Income ရှာဖွေနေကြတဲ့ Creator တွေအတွက် သာမာန်အသုံးပြုနိုင်တဲ့အကောင့်အပြင် Professional Mode ကိုလည်း ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က Creator တွေကို Public ချပြနိုင်ဖို့ ပိုလုပ်ဆောင်ပေးနိုင်ပြီး သူတို့ရဲ့ experience တွေကိုလည်း တိုးလာစေမှာ ဖြစ်ပါတယ်။ Professional Mode ကတစ်ဆင့် သူတို့ရဲ့ Community ကို Personal profile ကနေ star တွေ၊ ad တွေကတစ်ဆင့် ဝင်ငွေရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။