ခရီးသွားဝါသနာပါသူများအတွက် သိထားသင့်သည့် Hotel လမ်းညွှန် Page များ

ခုလိုအချိန်ကာလကတော့ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကို ခရီးသွားဧည့်သည်တွေ သွားလာမှုအများဆုံးခရီးသွားရာသီ တစ်ခုလည်းဖြစ်ပါတယ်။ ကျိုက်ထီးရိုး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ပြင်ဦးလွင် စတဲ့ ဒေသတွေမှာလည်း ခရီး သွားဧည့်သည်တွေများပြားနေတတ်သလို ဟိုတယ်၊ တည်းခိုခန်းတွေမှာလည်း လူပြည့်နေတတ်ပါတယ်။ မြန်မာပြည်တွင်း ခရီးသွားဧည့်သည်တွေသာမက နိုင်ငံအနှံ့အပြားကခရီးသွားဧည့်သည်တွေကလည်း ခုချိန်မှာတဖွဲဖွဲလာရောက်လည်ပတ်ကြ တဲ့အတွက် တည်းခိုနေထိုင်ဖို့ ဟိုတယ်၊ တည်းခိုခန်းတွေ Booking ကြိုတင်ပြုလုပ်နိုင်မှ အဆင်ပြေမှာလည်းဖြစ်ပါတယ်။
ခရီးသွားလာတာများတဲ့သူတွေအတွက်တော့ ဘယ်ဟိုတယ်က ဝန်ဆောင်မှုကောင်းတယ်။ ဘယ်ဟိုတယ်ကဈေးသက်သာ တယ်ဆိုတာ သိရှိပြီးဖြစ်ပေမယ့် ခရီးသွားလာမှုနည်းပါးတဲ့သူတွေအတွက်တော့ မိမိသွားရောက် လည်ပတ်မယ့်ဒေသရဲ့ဟို တယ်၊ တည်းခိုခန်းတွေရဲ့ ဈေးနှုန်းနဲ့ဝန်ဆောင်မှုတွေကို သိရှိမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်လည်း သိရှိအောင်ရှာဖွေရ မှာဖြစ် တဲ့အတွက် လွယ်ကူစွာရှာဖွေနိုင်ဖို့ နေရာတွေကို သိရှိထားပြန်တော့ ပိုအဆင်ပြေသွားတတ်ပါတယ်။
ခုခေတ်ဆိုတာကလည်း သိချင်တာ၊ ဝယ်ချင်တာရှိရင် အင်တာနက်ကတစ်ဆင့် လူတိုင်းလိုလို ရှာဖွေအသုံးပြုလာတတ်ကြပြီ ဖြစ်တဲ့အတွက် ပိုမိုလွယ်ကူစေတာအမှန်လည်းဖြစ်ပါတယ်။ ခရီးသွားဝါသနာပါသူတွေအတွက်လည်း သွားချင်တဲ့ခရီးကို အင်တာနက်အသုံးပြုရှာဖွေနိုင်သလို တည်းခိုနေထိုင်မယ့်နေရာတွေကိုလည်းရှာဖွေနိုင်ကြပါပြီ။ အဲ့ဒီအတွက် မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ ဝန်ဆောင်မှုတွေနဲ့ဈေးနှုန်းဆိုင်ရာတွေကို ဖော်ပြပေးလျက်ရှိတဲ့ Page များကို သိရှိထားရန်ဖော်ပြပေးလိုက်ပါ တယ်။

Photo Source – https://www.facebook.com/MyanmarHotelGuide/

Hotel လမ်းညွှန်
Hotel လမ်းညွှန် Page ကတော့ ရန်ကုန်မြို့အပါအဝင် မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ ဟိုတယ်တွေရဲ့ ဈေးနှုန်းနဲ့ဝန်ဆောင် မှုတွေကို ဖော်ပြပေးလျက်ရှိတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်အများဆုံးနေရာတွေရဲ့ ဟိုတယ်နဲ့တည်းခိုခန်းတွေကို ဖော်ပြပေးလျက်ရှိသလို ကားအငှားဝန်ဆောင်မှုပိုင်းကိုလည်း ရံဖန်ရံခါဖော်ပြပေးလျက်ရှိပါ တယ်။ ခရီးသွားရာသီအလိုက် သွားလာလည်ပတ်လို့ကောင်းတဲ့နေရာတွေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ဖော်ပြပေး နေတတ်တာမို့ သိထားသင့်တဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ Page ကိုလေ့လာကြည့်ချင်ရင်တော့ အောက်ပါ Link မှာဝင် ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/MyanmarHotelGuide/

Photo Source – https://www.facebook.com/HotelGuideMyanmar/

Hotel, Motel လမ်းညွှန်
ဒီ Page ကလည်း ခရီးသွားဧည့်သည်တွေအများဆုံးသွားလာတတ်တဲ့ နေရာတွေရဲ့ ဟိုတယ်၊ တည်းခိုခန်းတွေကို အဓိက ဖော်ပြပေးနေတဲ့ Page တစ်ခုဖြစ်ပြီး ဟိုတယ်၊ တည်းခိုခန်းတွေရဲ့ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်တွေကိုပါ ဖော်ပြပေး ပါတယ်။ မြန်မာပြည်တွင်း ဟိုတယ်၊ တည်းခိုခန်းတွေအပြင် ထိုင်းနိုင်ငံကို ခရီးသွားမယ့်ဧည့်သည်တွေအတွက်လည်း ဈေးနှုန်း သက်သာတဲ့ ဟိုတယ်တွေကို လမ်းညွှန်ဖော်ပြပေးနေတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်များအ တွက် ဗဟုသုတရစေတဲ့ စာပေတွေကိုလည်းဖော်ပြပေးပါတယ်။ Page ကိုဝင်ရောက်လေ့လာချင်ရင်တော့ အောက်ပါ Link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/HotelGuideMyanmar/

Photo Source – https://www.facebook.com/agmtravles/

Hotel Guide by AGM
ဒီ Page ကတော့ AGM Travel & Tour ကခရီးသွားဝါသနာပါသူတွေအတွက် ဟိုတယ်နဲ့တည်းခိုခန်းတွေကို အလွယ်တကူ ရှာဖွေနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ပြုလုပ်ထားခြင်းလည်းဖြစ်ပါတယ်။ ခရီးသွားဧည့်သည်အများဆုံးသွားလာကြတဲ့ ပုဂံ၊ မန္တလေး၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာ၊ ကျိုက်ထီးရိုး၊ အင်းလေး၊ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီး စတဲ့ဒေသတွေက ဆက်သွယ် လို့ရမယ့် ဟိုတယ်နဲ့တည်းခိုခန်း ဖုန်းနံပါတ်တွေကိုဖော်ပြပေးပါတယ်။ မြန်မာပြည်ရဲ့ အထင်ကရနေ့ဖြစ်တဲ့ ရုံးပိတ်ရက်တွေမှာ အများဆုံးခရီးသွားလာတတ်တဲ့ဒေသတွေရဲ့ ဟိုတယ်ဈေးနှုန်းတွေကိုဖော်ပြပေးပါတယ်။ Page ကိုဝင်ရောက်လေ့လာချင်ရင် တော့ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/agmtravles/

Photo Source – https://www.facebook.com/besthotelreviews/

တည်းခိုလမ်းညွှန်
တည်းခိုလမ်းညွှန် Page ကတော့ ခရီးသွားချစ်သူတွေအတွက် အကောင်းဆုံးနဲ့ အတန်ဆုံးတည်ခိုစရာနေရာများကို လမ်းညွှန်ပြသပေးမယ့် Page တစ်ခုမှာ အပါအဝင်ပဲဖြစ်ပါတယ်။ ခရီးစဉ် Review တွေလည်း အမြဲတင်ဆက်ပေးတဲ့အပြင် အသစ်ဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေကို လမ်းညွှန်ပြသပေးတဲ့အပြင် ဟိုတယ်၊ တည်းခိုခန်းဖုန်းနံပါတ်တွေကို လည်းဖော်ပြပေးတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ Page ကိုဝင်ရောက်လေ့လာချင်ရင်တော့ အောက်ပါ Link မှာဝင်ရောက် လေ့လာနိုင်ပါတယ်။
https://www.facebook.com/besthotelreviews/

Photo Source – https://bit.ly/2R1tzDi

ဟိုတယ် တည်းခိုခန်း လမ်းညွှန်
ဒီ Page ကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ကျိုက်ထီးရိုး စတဲ့ဟိုတယ်၊ တည်းခိုခန်းတွေရဲ့ လိပ်စာနဲ့ ဈေးနှုန်း တွေကိုဖော်ပြပေးလျက်ရှိသလို ဟိုတယ်တွေ Promotion ပေးတဲ့အခါလည်း ဖော်ပြပေးလျက်ရှိပါတယ်။ ခရီးသွား ဝါသနာပါ သူတွေအတွက် သိထားသင့်တဲ့ Page ထဲမှာတစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ Page ကိုဝင်ရောက်လေ့လာ ချင်ရင်တော့ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။
https://bit.ly/2R1tzDi