ကွန်ပျုတာပညာရပ်လေ့လာလိုသူများအတွက် Vector Online Learning platform

ခတ်စနစ်တွေ အသီးသီးပြောင်းလဲ တိုးတက်လာတာနဲ့အတူ ပညာသင်ကြားပြသခြင်း၊သင်ယူခြင်းတွေမှာလည်း ပုံစံတွေ အမျိုးမျိုး ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ နောက်တစ်ခုက ဒီနေ့ခေတ်ရဲ့ အရေးအကြီးဆုံးတစ်ခုကို ပြောပါလို့ဆိုရင် အချိန် ရှားပါးမှုပြဿနာလို့ ပြောရင်လည်းရပါတယ်။ အဲဒါကြောင့် Online Learning Website တွေမှာ သင်ကြားပြသထားတဲ့ ဘာသာရပ်အသီးသီးကို တတ်နိုင်သမျှ လိုအပ်ချက် အဓိကပွိုင့်တွေကိုပဲရွေးပြီး လိုရင်းတိုရှင်းနဲ့ ထိထိမိမိဖြစ်အောင် အချိန်မ ကုန်စေရအောင် ဖန်တီးသင်ကြားပေးလာကြပါတယ်။ အဲ့ဒီထဲမှာ သင်ကြားမှုအထောက်အကူပြု Vector Online Learning Platform လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယနေ့ဒီဂျစ်တယ်ခေတ်ရဲ့ ပညာသင်ယူခြင်း၊ သင်ကြားပြသခြင်း ပုံစံတစ်ခု အနေနဲ့ Vector online Learning Website လေးကို စတင် အကောင်အထည်ဖော်ခဲ့ခြင်းလည်းဖြစ်ပါ တယ်။
Vector Online Learning Platform မှာတော့ အသုံးတွင်ကျယ်တဲ့ Program တစ်ခုထဲပဲသင်ချင်တယ်ဆိုရင်လည်း သင်လို့ရအောင် Course တစ်ခုချင်းစီ ခွဲပြီးတော့စီစဉ်ထားပါတယ်။ အဲဒါကြောင့် သင်ချင်တဲ့သူတွေအနေနဲ့ အချိန်တိုတို နဲ့လိုရင်းရောက်ပြီး ငွေကြေးအနေနဲ့လည်း သိပ်အများကြီးကုန်စရာမလိုတော့ပါဘူး။

Photo Source – https://www.facebook.com/vector.com.mm/

ပညာရပ်တွေကို သင်ယူတဲ့နေရာမှာလည်း ပထမဆုံးသိနားလည်ဆိုတာကို အခြေခံပြီးတော့မှ ကျွမ်းကျင်မှုဆိုတာဖြစ်လာရ တယ်လို့ဆိုရမှာပါ။ Online Learning Website မှာ အားသာချက်အဖြစ် အကြောင်းအရာတစ်ခုကို နားမလည်မချင်း အပြန်ပြန်အလှန်လှန် ထပ်ကာထပ်ကာနဲ့ အားမနာတမ်း Replay လုပ်ပြီး လေ့လာနေလို့ရတဲ့အတွက် နားမလည်မှာ သဘော မပေါက် မှာ ဘာမှပူစရာမလိုပါဘူး။ အဲဒါအပြင် ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာလေ့လာလို့ရပြီး ဘယ်လိုနှောင်ဖွဲ့မှု မျိုးမှမရှိပဲ အရာရာတိုင်းဟာ ကိုယ့်အပေါ်မှာပဲမူတည်နေတဲ့အတွက် လွတ်လပ်ပေါ့ပါးစွာ ပညာသင်ယူနိုင်တဲ့ အခွင့်အရေးကို အပြည့်အဝရရှိစေမှာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း Self Study နဲ့ Self Control တွေ တစတစတိုးပွားလာပြီး သင်ယူမှုစနစ်မှန်နယ်ပယ်ထဲကိုထိုးဖောက်ဝင်ရောက်ပြီး အောင်မြင်မှုတွေ ရသွားနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/vector.com.mm/

Vector Online Learning Platform ကနေ တက်ရောက်သင်ယူနေသူတွေရဲ့ သင်ယူမှုအခြေအနေကို Server Admin ကသိနေမှာဖြစ်ပြီး အခက်အခဲတစ်စုံတစ်ခုရှိခဲ့လို့ မေးချင်ရင်လည်းမေးလို့ရအောင် Server Admin နဲ့သင်ယူသူတို့ အပြန်အလှန်ချိတ်ဆက်ထားမှာဖြစ်ပါတယ်။ ဒါ့ပြင် သင်ခန်းစာတစ်ခုပြီးတိုင်း online exam ဖြေရမှာဖြစ်ပြီးတော့ အောင်မှတ် ကိုတော့ ၅၀ လို့သတ်မှတ်ထားပါတယ်။သ င်ခန်းစာတွေ အကုန်လေ့လာပြီးသွားရင်လည်း Final Exam ဖြေရမှာပါ။ ဖြေပြီးပြီးချင်း ရမှတ်နဲ့ အောင်/ရှုံး အခြေအနေကိုတော့ ခလုတ်တစ်ချက်နှိပ်ယုံနဲ့ သိရအောင်ပြုလုပ်ထားပါတယ်။ အဲဒီလိုဖြေလို့ ၆၅ မှတ်ရရင် အောင်မှာဖြစ်ပြီး အောင်ပြီဆိုချက်ချင်းပဲ အဲဒီဘာသာရပ်နဲ့ပတ်သက်တဲ့ Certificate ကို Email ကနေပို့ပေးတဲ့စနစ်ကိုလည်း လုပ်ထားတယ်။

Photo Source – https://www.facebook.com/vector.com.mm/

သင်တန်တွေကတော့ ဝက်ဆိုဒ်ရေးဆွဲနည်းသင်တန်း၊ Video Editing Course၊ အခြေခံသိစရာတတ်စရာ ကွန်ပျူတာ၊ Microsoft Word Online Course၊ Microsoft Excel Online Course၊ Microsoft Powerpoint၊ Adobe Photoshop၊ AutoCAD Online Course၊ Adobe Pagemaker စတဲ့များပြားလှတဲ့ သင်တန်းတွေကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိတက်ရောက်ချင်တဲ့ သင်တန်းတွေကို ရွေးချယ်တက်ရောက်နိုင်သလို Website ထဲမှာ ဗဟုသုတရဖွယ်ဆောင်းပါး တွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
သင်ကြားလိုပါကလည်း website ထဲမှာပေးထားတဲ့ ဘဏ် Account ကို သတ်မှတ်ထားတဲ့ငွေကြေးအတိုင်းအတာပေးသွင်း ပြီးတက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://vector.com.mm/

https://www.facebook.com/vector.com.mm/