ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ၂၄ နာရီသွေးခုန်နှုန်းတိုင်းတာမှုနဲ့ HUAWEI WATCH D2

Huawei Consumer Business Group (BG) သည် ယနေ့တွင် HUAWEI WATCH D2 သစ်ကို မြန်မာနိုင်ငံတွင်မိတ်ဆက်လိုက်ပါသည်။ HUAWEI ၏ ပထမဆုံး Pro-Level Wrist-Based Ambulatory Blood Pressure Monitoring (ABPM) စက်ကိရိယာဖြစ်ပြီး၊ wearable နည်းပညာအတွက် အနာဂတ် အဆင့်အထိ အရေးကြီးသော အဆင့်တိုးတက်မှုတစ်ခုဖြစ်ပါသည်။ Huawei ၏ “Health Forward” ဆိုသည့် ဆောင်ပုဒ်ကို  ဖော်ဆောင်သည့် ခြေလှမ်းသစ်တစ်ခုလည်းဖြစ်ပါသည်။

ဥရောပ CE (MDR) ဆေးဘက်ဆိုင်ရာ အတည်ပြုထားသော HUAWEI WATCH D2 သည် 24 နာရီ သွေးပေါင်ချိန်စောင့်ကြည့်တိုင်းတာနိုင်ပြီး၊ အဆင်ပြေလွယ်ကူစွာ သွေးပေါင်ချိန် စီမံခန့်ခွဲမှု၏ အသစ်စက်စက် ခေတ်တစ်ခေတ်သို့ စတင်လျှောက်လှမ်းနိုင်ပြီဖြစ်သည်။ ထို့အပြင်၊ လျင်မြန်စွာနှင့် တိကျစွာ ရလဒ်များ ရရှိရန် HUAWEI TruSense System အသစ်ကို အသုံးပြုထားပါသည်။

Image: HUAWEI

HUAWEI WATCH D2 ၏ မိတ်ဆက်မှုသည် NMPA နှင့် MDR မှ အသိအမှတ်ပြုခံရသည့် ကမ္ဘာ့ပထမဆုံး ဆန်းသစ်တီထွင်မှု လက်ကောက်ဝတ်တွင် ဝတ်ဆင်နိုင်သည့် 24-နာရီသွေးပေါင်ချိန် စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်း (ABPM) ကိရိယာအဖြစ် မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် ဝတ်ဆင်နိုင်သောနည်းပညာတွင် သိသာထင်ရှားသောခြေလှမ်းသစ်တစ်ခုဖြစ်ပြီး Huawei ၏ “Health Forward” အတွက် ကတိကဝတ်များကို ဖော်ညွှန်းထားပါသည်။

နာရီသည် (24)နာရီတိကျသော သွေးပေါင်ချိန်တိုင်းတာမှုကို ပေးစွမ်းနိုင်ပြီး ပိုမိုမြန်ဆန်တိကျသော ရလဒ်များအတွက် HUAWEI TruSense စနစ်ပါရှိပါသည်။

သွေးပေါင်ချိန်နည်းပညာအရ Huawei သည် ပါမောက္ခ George S. Stergiou၊ President Elect International Society of Hypertension နှင့် တရုတ်သွေးတိုးရောဂါဥက္ကဋ္ဌ ပါမောက္ခ Wang Jiguangတို့အပါအဝင်ကမ္ဘာလုံးဆိုင်ရာသွေးတိုးပညာရှင်များနှင့်ရေရှည်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကိုးနှစ်ကျော်ကြာ သွေးပေါင်ချိန်နည်းပညာကို Huawei က စမ်းသပ်တီထွင်ခဲ့ပါသည်။

HUAWEI WATCH D2 တွင် အလွန် ကျဉ်းမြောင်းသော Mechnical Airbag နှင့် 1.82 လက်မအရွယ် စခရင်ကို ပေါင်းစပ်ကာပေါ့ပါးပြီး၊ ပါးလွှာသောဒီဇိုင်းဖြင့် ပြုလုပ်ထားပါသည်။ သမာရိုးကျလက်မောင်းအပေါ်ပိုင်း အီလက်ထရွန်းနစ် သွေးပေါင်ချိန်မော်နီတာများ၏ ထုထည်သည်ကြီးမားပြီး ယခု HUAWEI WATCH D2 သည် 1/5 အကျယ်နှင့် 1/25 ထုထည်ခန့်သာရှိပြီး မည်သည့်နေရာတွင်မဆို သွေးပေါင်ချိန် တိုင်းတာမှုကို လွယ်ကူစေပါသည်။

Black နှင့် Gold အရောင်နှစ်မျိုးရရှိနိုင်ပြီး လက်ပတ်နာရီသည်ချွေးဒဏ်ခံနိုင်မှုနှင့် အသားအရေနှင့်သဟဇာတဖြစ်သော TPU ပျော့ပျောင်းသောရော်ဘာနှင့်အတူ  တစ်နေ့လုံးဝတ်ဆင်ရန်အတွက် လက်ကောက်ဝတ်ကို သက်တောင့်သက်သာရှိစေသည်။

နာရီသည် ပိုမိုအသုံးပြုရလွယ်ကူစေရန် iOS နှင့် Android ဖုန်းအမျိုးအစား များအားလုံးနှင့်ချိတ်ဆက်လို့ရနိုင်သည်။

 

Image: HUAWEI

၂၄ နာရီသွေးပေါင်ချိန်စောင့်ကြည့်မှုနဲ့ HUAWEI WATCH D2

HUAWEI WATCH D2 သည် သင့်လက်ပေါ်တွင် 24 နာရီ သွေးပေါင်ချိန် စောင့်ကြည့်တိုင်းတာမှုကို ပံ့ပိုးပေးပါသည်။ ၎င်းသည် သွေးပေါင်ကို စစ်ဆေးရာတွင် အရေးကြီးသော airbag များကိုထည့်သွင်း အသုံးပြုထားပြီး ပုံမှန်အချိန်များ သက်မှတ်ပြီးများအလိုက် သွေးပေါင်တိုင်းတာပေးပြီး၊ နေ့အတွင်း အလိုအလျောက် အကြောင်းကြားချက်များနှင့် ညအတွင်း အိပ်စဉ်သွေးပေါင် တိုင်းတာမှုများပေးပါသည်။ ၎င်းသည် မတူညီသော အခြေအနေများတွင် တိုင်းတာမှုများကို ပံ့ပိုးပေးပြီး၊ မနက်၊ နေ့လယ်၊ အိပ်ချိန်နှင့် အခြားလှုပ်ရှားမှုများပြုလုပ်သည့် အခါတွင်လည်း အသုံးပြုနိုင်ပါသည်။

HUAWEI WATCH D2 တစ်ချက်နှိပ်ရုံဖြင့် သုံးစွဲသူများသည် ခန္ဓာကိုယ်အညွှန်းကိန်း (၉) ခုအထိ တိုင်းတာနိုင်ပြီး Health Glance အစီရင်ခံစာကို ထုတ်ပေးနိုင်ပါသည်။ Beat-by-Beat ECG ခွဲခြမ်းစိတ်ဖြာခြင်း၊ SpO2 စောင့်ကြည့်ခြင်း၊ Pulse Wave Arrhythmia Analysis၊ နှလုံးခုန်နှုန်း၊ စိတ်ဖိစီးမှုအဆင့်နှင့် အရေပြားအပူချိန်တို့ကို တိုင်းတာပြီး ကျန်းမာရေးအန္တရာယ်များကို ဖော်ထုတ်နိုင်ရန်အတွက် သုံးစွဲသူများ၏ လက်ကောက်ဝတ်မှတဆင့် ကျန်းမာရေးစီမံခန့်ခွဲမှုကို ယူဆောင်လာသည်။

တစ်ခါတိုင်းတာရုံဖြင့် အသုံးပြုသူများသည်ခန္ဓာကိုယ်ညွှန်းကိန်း (၉) ခုကိုတိုင်းတာနိုင်ပြီး ဖြစ်နိုင်ချေရှိသော ကျန်းမာရေးအန္တရာယ်များကို ဖော်ထုတ်ရန် Health Glance အစီရင်ခံစာတစ်ခုကိုထုတ်လုပ်နိုင်သည်။ ၎င်းတွင်နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ သွေးအောက်စီဂျင်၊ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ်အပူချိန်၊ ECG၊ သွေးကြောဆိုင်ရာ elasticity၊ သွေးခုန်နှုန်းလှိုင်း arrhythmia နှင့် Sleep breathing awareness အိပ်ပျော်နေချိန် အသက်ရှူခြင်း  စောင့်ကြည့်ခြင်း အသိအမြင်တို့ပါ ဝင်သည်။ HUAWEI WATCH D2 သည် Huawei ၏  Health Glance တွင် သွေးပေါင်ချိန်ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ဆောင်ချက်ပြုလုပ်နိုင်သည့် ပထမဆုံးစမတ်နာရီဖြစ်သည်။

အသုံးပြုသူများသည် သွေးပေါင်ချိန်စီမံခန့်ခွဲမှုကို ထောက်ပံ့ရန် ကျန်းမာသော လူနေမှုပုံစံစသည့်အလေ့အထများကို ဖွံ့ဖြိုးစေရန်လေ့ကျင့်ခန်း၊ အစားအစာ၊ အိပ်ခြင်း၊ အလေးချိန်နှင့်စိတ်ဖိစီးမှုများကို နေ့စဉ်ခြေရာခံခြင်းနှင့်အတူ လေ့ကျင့်ခန်းပုံစံ (၈၀) ကျော်ကဲ့သို့သော feature များကိုလည်းယူဆောင်လာသည်။

 

Image: HUAWEI

မှာယူရရှိနိုင်သောနေရာများ

ကုန်ပစ္စည်းနှင့် ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Huawei’s official website မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မှာယူလိုသူများ အတွက် အောက်ဖော်ပြပါ HUAWEI SHOWROOM များနှင့် ဖုန်းအရောင်းဆိုင်များတွင် Pre-Order တင်နိုင်ပါပြီ။

HUAWEI Brand Shop Junction City:

09 976 018 346

HUAWEI Hledan Showroom :

09 253 573 433

HUAWEI Branded Shop Mandalay:

09 261 405 568

ထုတ်ကုန်ရဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါ Huawei Mobile (MM) Page ရဲ့ comment (သို့) Messenger/ Hotline number: +95 9 689 000900 မှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။