Huawei P series ကိုင်ဆောင်ရင်း ကြယ်တာရာများဆီသို့အရောက်လှမ်းနိုင်ပါပြီ

 

Huawei မှ P Series ကိုလက်ဝယ်ပိုင်ဆိုင်တွင် Mobile Photography ကိုစိတ်ပါဝင်စားသူများအတွက် Mobile Photography Workshop ကို ကျင်းပပေးနေပါပြီ။ ထိုအစီအစဉ်တွင်ပါဝင်လိုသူများသည်HUAWEI P Series ကို လက်ဝယ်ပိုင်ဆိုင်ထားကြသူများဖြစ်ရမည်ဖြစ်ပြီး ဤအစီအစဉ်တွင်ရွေးချယ်ခံရသူများသည် “P30 Series နှင့်အတူ ကြယ်တာရာများဆီသို့” ဆိုသည့် ကလောတွင်ပြုလုပ်မည့် Mobile Photography Workshop တွင်စရိတ်ငြိမ်းလိုက်ပါခွင့်ရရှိမည်ဖြစ်ပြီး ဓာတ်ပုံဆရာ ကိုအောင်ပြည့်စိုးနှင့်အတူ ဆွေးနွေးခွင့်ရမည်ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်တွင် တာဝန်ရှိသူများ၊ ပါဝင်ခွင့်ရရှိကြသူများ၊ Tour Guide နှင့်များနှင့်အတူ Trekking ပြုလုပ်၍ တောင်ပေါ်တွင် Workshop ပြုလုပ်သွားမည်ဖြစ်သလို အခါအားလျော်စွာ ရာသီဥတုအခြေအနေအရ ကြယ်များ၊ နဂါးငွေ့တန်းများကို မြင်တွေ့ခံစားခွင့်ရရှိမှာပါ။ လိုက်ပါခွင့်ရမည့်ကံထူးရှင် အယောက် (၂၀) ကို ဧပြီလ (၃၀) ရက်နေ့တွင် Email ပို့ကာ အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

Photos Source- Huawei Myanmar Facebook (https://www.facebook.com/HuaweimobileMM/photos/a.334650983311586/1980019068774761/?type=3&theater)

 

စည်းမျဉ်းစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များ

– ဤအစီအစဉ်တွင်ပါဝင်ခွင့်ရန် ခရီးစဉ်အတွက် စာရင်းပေးသွင်းပြီးပါက ပြန်လည်ပယ်ဖျက်ခွင့်မရှိပါ။ အကယ်၍ ပယ်ဖျက်ခဲ့ပါက (၁) နှစ်အတွင်း Huawei ၏ အခြားလှုပ်ရှားမှုအစီအစဉ်များတွင် ပါဝင်ခွင့်ပိတ်ပင်ခြင်းခံရပါမည်။
– ခရီးစဉ်ပုံစံမှာ ရန်ကုန်စုရပ်မှ မေလ (၄) ရက်နေ့ညတွင် ကလောသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး မေလ (၅) ရက်နေ့တွင်မနက်အစောပိုင်း ရောက်ရှိမည်။ ထို့နောက် နံနက်စာစား၊ အနားယူ၍ ကိုအောင်ပြည့်စိုး၏ Workshop ကို စတင်ပြုလုပ်မည်ဖြစ်ပြီး နေ့လည်စာသွားရောက်စားသုံးမည်။ ညနေပိုင်းတွင် ရွာသို့သွားရောက်ပြီး ထိုရွာမှတစ်ဆင့် Trekking ပြုလုပ်ကာ တောင်ထိပ်သို့ရောက်ရှိပါမည်။ ညပိုင်းတွင် ညစာစားခြင်း၊ ကြယ်များကြည့်ခြင်း၊ ဓာတ်ပုံရိုက်ကူးမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ အခါအားလျော်စွာ နဂါးငွေ့တန်းနှင့် ကြယ်များအကြောင်း ရှင်းပြဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး အခြား Activities များပြုလုပ်သွားမည်။ မေလ (၆) ရက်နေ့ နံနက်စာသုံးဆောင်ပြီး တောင်ပေါ်မှတစ်ဆင့် ရွာသို့သွားကာ ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားပါမည်။
(အသေးစိတ်အချက်အလက်များကို ပါဝင်ခွင့်ရရှိသည့်ကံထူးရှင်အား ရှင်းပြသွားပါမည်။)
– ခရီးသွားလာရမည်ဖြစ်သောကြောင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများသာ ပါဝင်ခွင့်ရှိပါသည်။
– ယခု Mobile Photography Workshop တွင် ပါဝင်ခွင့်ရရှိရန်အတွက် သတ်မှတ်ထားသော အချက်အလက်များကို မှန်မှန်ကန်ကန်၊ ပြည့်ပြည့်စုံစုံဖြင့် ဧပြီလ (၂၉) ရက်နေ့နောက်ဆုံးထား၍ ဖြည့်သွင်းရမည်ဖြစ်ပြီး ပါဝင်ခွင့်ရရှိမည့် အယောက် (၂၀) ကို ဧပြီလ (၃၀) ရက်နေ့တွင် Facebook Page, Event များတွင် ကြေညာသွားမည်ဖြစ်သလို Email ပေးပို့၍ အကြောင်းကြားပေးသွားပါမည်။
– လူတစ်ဦးလျှင် တစ်ကြိမ်သာပါဝင်ခွင့်ရှိပြီး ပါဝင်ခွင့်ရရှိပါက လူအစားထိုးခွင့်မရှိပါ။
– ရွေးချယ်ရာတွင် HUAWEI P Series အမှန်တကယ်အသုံးပြုသူများကိုသာ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျသူများ၊ အချက်အလက်မပြည့်စုံသူများ၊ တစ်ကြိမ်ထက်ပို၍ ဖြည့်သွင်းထားသူများ၊ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းနှင့်
မကိုက်ညီသူများ ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ။
– အငြင်းပွားဖွယ်ရာတစ်စုံတစ်ခုဖြစ်ပေါ်လာပါက Huawei Mobile ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
– အသေးစိတ်သိရှိလိုပါက 09-952406801 နှင့် 09-964033809 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ချက်။ ခရီးစဉ်တွင် နေစရိတ်၊ စားစရိတ်ပါဝင်ပြီးဖြစ်သလို တောင်ပေါ်တွင် Tank များဖြင့် အိပ်စက်အနားယူရပါမည်။ Tripod အပြင် အခြား ဖုန်းကင်မရာနှင့်ပတ်သက်သည့် ကိရိယာများ ယူဆောင်လာသင့်ပါသည်။
ပါဝင်ချင်တဲ့ P Series အသုံးပြုသူတွေကတေ ာ့ http://bit.ly/2ZqOv8G မှာ လိုအပ်တဲ့အချက်အလက်တွေကို ဧပြီလ (၂၉) ရက်နေ့နောက်ဆုံးထားပြီး ပြည့်ပြည့်စုံစုံ ဖြည့်စွက်ရမှာဖြစ်ပါတယ်။