ဖုန်းနဲ့ပတ်သက်တဲ့နည်းပညာများကျွမ်းကျင်စေဖို့ ဆောင်ထားရမည့် Application (3) ခု

ယနေ့ခေတ်အနေအထားအရ လူတစ်ယောက်ချင်းစီတိုင်းမှာ Mobile Phone ကိုယ်စီကိုယ်စီအသုံးပြုလာကြပေမယ့် ဖုန်းနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေ၊ ဆော့ဝဲလ်တွေအသုံးပြုပုံတွေကိုတော့ သိတဲ့သူရှိသလို မသိသေးတဲ့သူတွေလည်း များပါတယ်။ ကိုယ်တိုင်က ဖုန်းနဲ့ပတ်သက်တဲ့ နည်းပညာတွေကို အစအဆုံးကျွမ်းကျွမ်းကျင်ကျင်မတတ်ထားတောင် ကိုယ်ကိုင်နေတဲ့ဖုန်းတစ်လုံးရဲ့ တော်တန်ရုံပြဿနာလောက်ကို ကိုယ့်ဘာသာဖြေရှင်းနိုင်တာကလည်း ကိုယ့်အတွက်အကျိုး ရှိစေပါတယ်။
ဖုန်းနဲ့သက်ဆိုင်တဲ့နည်းပညာအပါအဝင် အင်တာနက်အသုံးပြုမှုဆိုင်ရာနည်းစနစ်တွေကို ထိထိရောက်ရောက်သိရှိနားလည် ထားခြင်းဟာလည်း ကိုယ်ပိုင်အရည်အသွေးတိုးတတ်မှုသာမက အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ ကောင်းမွန်စေတဲ့ အတွက် လေ့လာသင်ယူထားခြင်းဟာ လူကြီး၊ လူငယ်တွေအတွက်မမှားပါဘူး။

Photo Source- https://bit.ly/2WmuL40

ဖုန်းနဲ့ပတ်သက်တဲ့နည်းပညာတွေကို စိတ်ဝင်တစားလေ့လာနေသူတွေအတွက်လည်း မိမိဖုန်းထဲမှာပဲအလွယ်တကူဆောင် ထားရုံနဲ့ ဖတ်ရှုလေ့လာနိုင်အောင်ပြုလုပ်ထားတဲ့ Mobile Application တွေကတော့အများကြီးရှိနေပေမယ့် Application နာမည်ကိုမသိတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ အောက်ပါဖော်ပြပေးထားတဲ့ Mobile Application (၃) ခုကတော့ ဖုန်းနဲ့ သက်ဆိုင်သော နည်းပညာအကြောင်းအရာများ၊ အင်တာနက်အသုံးပြုပုံများကိုနားလည်ရလွယ်ကူအောင်ဖော်ပြထားပြီး ဖုန်း နဲ့သက်ဆိုင်တဲ့ နည်းပညာပိုင်းကိုစိတ်ဝင်စားသူတွေ အထူးဆောင်ထားသင့်တဲ့ Mobile Application တွေပဲဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၁) ဖုန်းလမ်းညွှန် App
ဖုန်းလမ်းညွှန် Mobile Appplication မှာတော့ လေ့လာစရာများဖြစ်တဲ့ Facebook အသုံးပြုနည်း (၂၀၀) ကျော်၊ Gmail ဆိုင် ရာအသုံးပြုနည်း (၅၀)ကျော်၊ Viber ဆိုင်ရာအသုံးပြုနည်း (၅၀)ကျော်၊ ဖုန်းဖြင့်ပြုလုပ်နိုင်တဲ့နည်းလမ်းပေါင်း (၁၀၀၀)ကျော်၊ မြန်မာဖောင့်များ၊ နောက်ဆုံးရနည်းပညာသတင်းများအပါအဝင် လစဉ်ထီပေါက်စဉ်တိုက်ရန် စတဲ့အကြောင်းအရာတွေကို ထည့်သွင်းဖော်ပြပေးထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၂) Myanmar Phone Guide App
Myanmar Phone Guide Application မှာတော့ Facebook Account Security မြှင့်တင်ခြင်း၊ ဖုန်းပြောထားသမျှကို မိမိဖုန်း ကနေခိုးနားထောင်နည်း၊ ဖုန်းထဲမှာ မှားဖျက်မိတဲ့ဓာတ်ပုံတွေကို Root မလိုပဲပြန်ယူနည်း၊ Phone Hack နည်းများအပြင် ဖုန်း နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာများကို စုံစုံလင်လင်ဖော်ပြထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၃) ဆော့ဝဲလ်လမ်းညွှန် App
ဆော့ဝဲလ်လမ်းညွှန် Application ကတော့ Facebook Page ပိုင်းဆိုင်ရာနည်းပညာတွေကို စုံလင်စွာဖော်ပြထားပြီး အသုံးပြု ရလွယ်ကူစေပါတယ်။ ဆော့ဝဲလ်လမ်းညွှန်က နည်းပညာပိုင်းဆိုင်ရာအကြောင်းအရာတစ်ခုတင်လိုက်တိုင်း Notification က နေအချက်ပေးသွားမှာဖြစ်တာမို့ အလွယ်တကူသိရှိနိုင်ပါတယ်။
Application များအားလုံးကို အောက်ပါ link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.mm.techguide
https://play.google.com/store/apps/details?id=com.myanmar.phoneguide
https://play.google.com/store/apps/details?id=com.mm.softwareguide