MPT ဆင်းကဒ်အသုံးပြုသူတိုင်း သိထားရမယ့် Data ဝန်ဆောင်မှုများအကြောင်း

မြန်မာပြည်တွင်း ဆက်သွယ်ရေးဆင်းကဒ်များအနက် MPT ဆင်းကဒ်အသုံးပြုတဲ့သူတိုင်းအတွက် အင်တာနက်ဝန်ဆောင်မှု ဈေးနှုန်းနဲ့ အခြားဝန်ဆောင်မှုအစီအစဉ်များကိုသေသေချာချာသိရှိထားတယ်ဆိုရင် အသုံးပြုရတာလည်းအဆင်ပြေသလို ငွေကြေးကုန်ကျမှုကလည်း အရင်ထက်နည်းပါးစေမှာ အသေအချာပါပဲ။ ကိုယ်သုံးချင်တဲ့ အင်တာနက်ဝန်ဆောင်မှုက ဘယ် လိုဝယ်ယူရတယ်။ ဘယ်လောက်ကျသင့်တယ်ဆိုတာကအစ အသေးစိတ်သိထားတော့ ကိုယ့်အတွက်လည်းအဆင်ပြေသ လို သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ပြန်လည်မျှဝေလို့ရစေပါတယ်။

Photo Source- https://inmya.com/news/2016/08/24/1864

MPT ရဲ့ Package များအနေနဲ့ “ရွှေစကား” အစီအစဉ်ကတော့ MPT ဖုန်းအချင်းချင်းဖုန်းခေါ်ဆိုမှုအတွက် တစ်မိနစ်ကို (၁၀) ကျပ်ကျသင့်မှာဖြစ်ပြီး အခြားပြည်တွင်းဖုန်းများသို့ခေါ်ဆိုခအနေနဲ့ တစ်မိနစ်ကို (၂၇) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ စာတိုပေးပို့ ခကတော့ တစ်စောင်ကို (၁၅) ကျပ်ကျသင့်မှာဖြစ်ပြီး အင်တာနက် Data ကတော့ 1 MB ကို (၈) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကို ၂၀၁၉ ခုနှစ် မတ်လ (၁) ရက်နေ့တွင်စတင်ခဲ့ပါတယ်။
“ရွှေသဟာ” အစီအစဉ်ကတော့ MPT အချင်းချင်းဖုန်းခေါ်ဆိုမှုအတွက် တစ်မိနစ်ကို (၂၇) ကျပ်နဲ့ အခြားပြည်တွင်းဖုန်းကိုခေါ် ဆိုမှုအတွက်လည်း တစ်မိနစ်ကို (၂၇) ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ စာတိုပေးပို့မှုအတွက်တစ်စောင်ကို (၁၅) ကျပ်ကျသင့် မှာဖြစ်ပြီး Data 1 MB ကို (၇) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၂၃) ရက်နေ့မှာ “ရွှေသဟာ”အစီအစဉ်ကို စတင်ခဲ့ပါတယ်။
“ရှယ်ပြော” အစီအစဉ်ကတော့ MPT အချင်းချင်းဖုန်းခေါ်ဆိုမှုအတွက် တစ်မိနစ်ကို (၁၅)ကျပ် ကျသင့်မှာဖြစ်ပြီး အခြားဖုန်း ခေါ်ဆိုမှုအတွက် တစ်မိနစ်ကို (၂၅) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ စာတိုပေးပို့မှုအတွက် တစ်စောင်ကို (၁၅) ကျပ်ကျသင့်မှာ ဖြစ်ပြီး Data 1 MB ကို (၈) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ “ရှယ်ပြော”အစီအစဉ်သစ်ကို မတ်လ (၁) ရက်နေ့တွင်စတင်ခဲ့ ပါတယ်။
(၁) New Data Carry Packages ဝယ်ယူလိုသူများအတွက် အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါတယ်။

Photo Source- https://bit.ly/2ZKrdL3

(၂) Daily Data Pack မှာတော့ အင်တာနက်အသုံးပြုမှုအားလုံးအတွက် အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါတယ်။

Photo Source- https://bit.ly/2ZKrdL3

(၃) Social Pack
နှစ်ရက်၊ ခုနှစ်ရက်၊ ရက်သုံးဆယ် အစရှိသည့် Social Pack များမှ မိမိနှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းများကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါတယ်။

Photo Source- https://bit.ly/2ZKrdL3

(၄) Night Time Data Package
ညဘက်တွေမှာအင်တာနက်အသုံးပြုလိုသူများအတွက် အဆင်ပြေစေပါတယ်။ စတင်ဝယ်ယူသည့်အချိန်မှစပြီး (၈) နာရီကြာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းများကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါတယ်။

Photo Source- https://bit.ly/2ZKrdL3

MPT အသုံးပြုသူများအနေဖြင့် သောကြာနေ့ Data Carry Pack အသစ်ဝယ်ယူတိုင်း အပို Data 1200 MB ရရှိနိုင်ပြီး Data Carrry Pack ရယူရန်အတွက် *777# ကိုအသုံးပြုခေါ်ဆိုနိုင်ပါတယ်။ ဝယ်ယူလိုက်သော Data Carry အသစ်မှ အပိုလက် ဆောင် Data များကို ရက် (၃၀) အတွင်းအသုံးပြုရမှာလည်းဖြစ်ပါတယ်။

Photo Source- https://bit.ly/2ZKrdL3