လေ့လာစရာ အင်္ဂလိပ်စာ

တိုးတက်လာတဲ့ IT ခေတ်ကြီးထဲမှာ အင်္ဂလိပ်စာကလည်း တစ်ထောင့်တစ်နေရာကနေ အရေးပါအရာရောက်လာခဲ့ပြီဆိုတာ အားလုံးလည်းသိကြမှာပေါ့။ ကိုယ့်ရဲ့ အင်္ဂလိပ်စာ အရည်အသွေးတိုးတက်ဖို့အတွက် သင်တန်းတွေလည်း အချိန်ပေးပြီးတက်လို့ရသလို online ကနေလည်း လေ့လာလို့ရနေပြီလေ။ Internet လေးရှိရုံနဲ့ လေ့လာစရာ website တွေလည်းများစွာရှိသလို တခြားသော mobile app တွေလည်း ထွက်ရှိထားတယ်ဆိုတော့ စာဖတ်သူတွေအတွက် အလွယ်တကူ လေ့လာလို့ရမယ့် website လေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. VOA Learning English

Image Source: https://burmese.voanews.com/

VOA တို့ BBC တို့ကို ရေဒီယိုထဲမှာတော့ ကြားဖူးလောက်မှာပါ။ VOA ရဲ့ အရှည်ကောက်က Voice Of America ဖြစ်ပြီး သတင်းတွေ လက်ရှိ trend ဖြစ်နေတာတွေကို နားလည်လွယ်အောင် တင်ပြထားသလို တခြားသော အင်္ဂလိပ်စာလေ့လာဖို့ lesson တွေလည်းရှိတော့ အခုမှစလေ့လာချင်တဲ့သူတွေအတွက်ရော level တခုထိရောက်နေတဲ့သူတွေအတွက်ပါ အဆင်ပြေတာပေါ့။ အရင်တုန်းကတော့ ရေဒီယိုတွေမှာ အင်္ဂလိပ်စာသင်ခန်းစာတွေ ထုတ်လွှင့်ခဲ့ပေမယ့် အခုအခါမှာ website ပေါ်ကနေ အလွယ်တကူ ရှာဖွေဖတ်ရှုလို့ရတဲ့အပြင် video လေးတွေလည်း ပါတော့ listening skills ကောင်းချင်သူတွေအတွက်ပါ အသုံးတည့်စေတာပေါ့။ ဒီ website လေးရဲ့အားသာချက်ကတော့ up to date သတင်းတွေ ကြည့်လို့ရပြီး vocabulary နဲ့ listening လေ့ကျင့်ချင်သူတွေအတွက် အဆင်ပြေနိုင်တယ်လေ။

2. BBC Learning English

Image Source: https://burmese.voanews.com/

နောက်ထပ် listening skills ကောင်းချင်သူတွေ လေ့လာသင့်တဲ့ website လေးကတော့ BBC Learning English ပါ။ ဒီ website လေးကတော့ အင်္ဂလိပ်စာ အခြေခံရှိပြီးသားသူတွေ intermediate or advanced level ရှိတဲ့သူတွေအတွက်ကတော့ အသုံးဝင်စေမယ့် website လေးပါ။ သူက ပုံပြင်ဆန်ဆန်လေးတွေကို အဓိက ဦးစားပေးပြီး စကားလုံးအသစ်တွေနဲ့ phrase တွေကို သုံးထားတော့ Vocabulary တွေအတွက်လည်း လေ့လာလို့ရသလို pronunciation နဲ့ listening လည်း တိုးတက်အောင် လေ့ကျင့်လို့ရတာပေါ့။

3. British Council

Image Source: http://www.britishcouncil.org.mm/

ဒါကတော့ နာမည်လေးကြားရုံနဲ့ လူတိုင်းသိနိုင်မှာပါ။ ဒီဟာလေးကတော့ website လည်းရှိသလို mobile app လည်းရှိတယ်လေ။ သူ့မှာဆိုရင် အသက်ပေါ်မူတည်ပြီး kids, teen, adult ဆိုပြီး section သုံးခုခွဲထားတယ်။ တစ်ခုချင်းစီမှာလည်း လေ့လာစရာ သင်ခန်းစာတွေ video တွေအပြင် စိတ်ဝင်စားစရာ ဂိမ်းတွေလည်း ထည့်ပေးထားသေးတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းက ဘယ်လောက်ပဲ ရှိနေရှိနေ ဒီ website လေးထဲမှာ ကိုယ်နဲ့သင့်တော်မယ့် သင်ခန်းစာတွေ ရွေးချယ်ပြီးလေ့လာလို့ရနေပြီလေ။

Image Source: http://vocedistrada.it/articoli-2/

အထက်မှာ ဖော်ပြထားတဲ့ website သုံးခုကတော့ လေ့လာသူလည်းများပြီး တကယ်လည်း အသုံးတည့်မယ့် website လေးပေါ့။ ဒါတွေအပြင် တခြားသော website တွေဖြစ်တဲ့ TalkEnglish, FluentU, elllo, Livemocha, Duolingo စတဲ့ website တွေလည်း အများကြီးရှိသေးတယ်လေ။ အဲ့ဒီတော့ အပြင်မှာသင်တန်းတွေတက်ဖို့ အချိန်မပေးနိုင်တဲ့သူတွေ ဒီ website လေးတွေကနေတစ်ဆင့် လေ့လာရင်း ကိုယ့်ရဲ့ အင်္ဂလိပ်စာအရည်အသွေးကို တိုးတက်လာအောင် ကြိုးစားကြရအောင်။

Myo Wai Thant