မြန်မာနိုင်ငံတွင်းနေရာယူလာတဲ့ Xiaomi

အချိန်တို အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ နည်းပညာ ဈေးကွက်မှာ နေရာယူလာကတော့ တရုတ်မိုဘိုင်း Company တစ်ခုဖြစ်တဲ့ Xiaomi ပဲဖြစ်ပါတယ် ။ Xiaomi ကို ၂၀၁၀ခုနှစ်မှာ CEO ဖြစ်သူ Lei Jun က Partner ခုနစ်ယောက် နဲ့အတူ စတင်တည်ထောင်ခဲ့ပါတယ် ။ ၂၀၁၁ ခုနှစ် August လမှာ ပထမဆုံး စမတ်ဖုန်းကို ဈေးကွက်အတွင်း စတင်ထုတ်လွင့် ခဲ့ပြီး ၂၀၁၄ ခုနှစ်အရောက်မှာ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်မှာ ထိပ်တန်း အဖြစ်ရောက်ရှိခဲ့ပါတယ် ။ ယခုအချိန်မှာ ဆိုရင်တော့ ကမ္ဘာ. အကြီးကျယ်ဆုံး စမတ်ဖုန်း Company တစ်ခုအဖြစ်လည်း ရပ်တည်နေပါပြီ ။
မြန်မာနိုင်ငံမှာ Sim Card တန်ဖိုးနိမ့်ကျသွားပြီးနောက် မိုဘိုင်းဖုန်းသုံးစွဲသူများ အင်မတန်မှ များပြားလာပါတယ် ။ ထို့အတူ Handset ၀ယ်လိုအားဟာလည်း အဆမတန် မြင့်မားလာခဲ့တယ် ။ Xiaomi ဟာ မြန်မာနိုင်ငံစမတ်ဖုန်း ဈေးကွက် ရဲ့ အဓိကလိုအပ်ချက်ကို ခန့်မှန်းနိုင်ခဲ့တယ် ။ နည်းဗျူဟာ ကျကျ နဲ့ ဈေးကွက်အတွင်း ၀င်ရောက်လာခဲ့တယ် ။

Image Source: http://www.mi.com/en/

မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ အရ အခြေခံ လူတန်းစားတွေ များပြားလှတယ် ။ Xiaomi စမတ်ဖုန်း တွေဟာ ဈေးလည်း သက်သာပြီး အရည်အသွေးလည်း ကောင်းမွန်လှတယ် ။ ၀န်ဆောင်မှုလည်း ကောင်းသလို ပေးရတဲ့တန်ဖိုးထက် ပိုမိုတဲ့အရည်အသွေးတွေ ရကြတယ်။ ထိုကြောင့် Xiaomi ဟာ ပြည်တွင်းမှာ လူကြိုက်များလာခဲ့တယ် ။ အချိန်တိုအတွင်းမှာပဲ ပြည်တွင်းဈေးကွက်မှာ နေရာရလာခဲ့တယ် ။ ယခုဆိုရင် မိုဘိုင်းဖုန်းတင်မကပဲ အခြား Product တွေပါ ဈေးကွက်အတွင်း နေရာယူနေပါပြီ ။

MI Cloud

Image Source: http://www.mi.com/en/

Mi cloud ဆိုတာကတော့ Xiaomi ကထုတ်လုပ်ထားတဲ့ system တစ်ခုဖြစ်ပြီးတော့ မိမိသုံးစွဲနေတဲ့ Mi device ထဲမှာ ရှိတဲ့ အချက်အလက်တွေ (contacts , messages , photos )ကို သိမ်းဆည်းပေးပါတယ် ။ ထို့အပြင် မိမိ Mi Device ရှိရာ နေရာကိုပါ ခြေရာခံပေးပါတယ် ။

MI PowerBank

Image Source: http://www.mi.com/en/

Mi Powerbank ကတော့ Battery တွေကို သိုလှောင်ပေးတဲ့ device ဖြစ်ပါတယ်။ ပေါ့ပါးတဲ့ အတွက် သယ်ယူရတာလည်း လွယ်ကူလှပါတယ်။ USB တစ်ပေါက်ပါရှိတာကတော့ Battery 5000/5200/10000/10400 mAh သိုလှောင်ပေးပြီး USB နှစ်ပေါက်ပါ၇ှိတာကတော့ 16000/20000 mAh သိုလှောင်ပေးပါတယ် ။
Xiaomi က ထုတ်လုပ်ထားတဲ့ မြန်မာနိုင်ငံမှာ လူသိပ်မသိသေးတဲ့ အခြားနည်းပညာပိုင်းဆိုင်ရာ Product တွေကို အသုံးပြုပုံ နှင့်တကွ မိတ်ဆက်ပေးသွားပါမယ် ။

Blood Pressure Monitor

Image Source: http://www.mi.com/en/

Xiaomi ကထုတ်လုပ်ထားတဲ့ သွေးပေါင်ချိန်တိုင်းတာစက် ဖြစ်ပါတယ် ။ ၂၀၁၄ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး USA အခြေစိုက် iHealth Labs of Silicon Valley နဲ့ ပူးပေါင်းကာ ထုတ်လုပ်ခဲ့ပါတယ်။ အလွယ်တကူ အသုံးပြုနိုင်ပြီးတော့ နိုင်ငံတကာက ချမှတ်ထားတဲ့ ကျန်းမာရေး စံချိန်စံနှုန်းတွေနဲ့ ပြည်.မှီတယ်လို့ အာမခံထားပါတယ် ။ Xiaomi စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီးတော့ သွေးပေါင်ချိန် ၊ နှလုံးခုန်နှုန်းတွေကို တိကျစွာ တိုင်းတာပေးပါတယ် ။

Xiaomi Air Purifier

Image Source: http://www.mi.com/en/

၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ စတင်ထုတ်လုပ်ခဲ့ ပါတယ် ။ တစ်နာရီအတောအတွင်းမှာ လေထုပမာဏ 406 m3 အထိ သန်.စင်ပေးနိုင်ပါတယ် ။ လေထုညစ်ညမ်းမုှကို လည်း လျော့ချပေးနိုင်ပါတယ် ။ အသုံးပြုသူတွေဟာ စမတ်ဖုန်းနဲ့ပါ ထိန်းချုပ်နိုင်ပြီးတော့ လေစစ်ထုတ်တဲ့ကိရိယာ ညစ်ညမ်းလာရင်လည်း အချက်ပြပါတယ် ။

Mi Smart Home Kit

Image Source: http://www.mi.com/en/

၂၀၁၅ မှာတော့ Xiaomi ဟာ Smart Home Kit ကို ထုတ်လုပ်ခဲ့ပါတယ်။ Smart Home Kit ဆိုတာကတော့ အိမ်အတွင်းကို အလွယ်တကူ ထိန်းချုပ်လို့ရတဲ့ system ပဲဖြစ်ပါတယ် ။ Smart Home Kit ဟာ function ပေါင်း ၃၀ကျော်လုပ်ဆောင်နိုင်ပါတယ် ။အာရုံခံ censorများပါရှိပြီး လုှပ်ရှားမှုပေါ်မူတည်ပြီး အလိုအလျောက် တံခါး အပိ်တ်အဖွင့် ၊ ပြင်ပအလင်းအမှောင်ပေါ်မူတည်ပြီး မီးအပိတ်အဖွင့် လုပ်ဆောင်ပေးခြင်း စသဖြင့် ပြုလုပ်ပေးနိုင်ပါတယ် ။
ယခုဆိုရင် Xiaomi ဟာ မြန်မာနိုင်ငံဈေးကွက်ကို ချုပ်ကိုင်နိုင်ရုံမက ကမ္ဘာ မှာပါ Apple , Samsung တို့လို Company ကြီးတွေနဲ့ တန်းတူယှဉ်ပြိုင် နိုင်နေပါပြီ ။ နောက်ထက် မည်သည့် product အသစ ်အဆန်းတွေနဲ့ မြန်မာပြည်ရဲ့ ဈေးကွက်ကို ထိန်းချုပ်အုံးမလဲဆိုတာကိုတော့ စောင်.ကြည်.ရအုံးမှာပါ ။
_nwe_