အဖိုးတန်တဲ့ သင်္ကြန်ချိန်ခါ ရေစိုအမှတ်တရတွေကို Photography နဲ့ Videography ပိုင်းမှာ အားကောင်းရုံသာမက ‌ရေစိုအကြမ်းခံတဲ့ OPPO စမတ်ဖုန်းတွေနဲ့အတူ မှတ်တမ်းတင်ပုံဖော်နိုင်ပြီ

မြန်မာနိုင်ငံရဲ့ သင်္ကြန်အချိန်အခါဟာ မိသားစုတွေ၊ ချစ်ရသူတွေ ပြန်လည်ဆုံစည်းကြတဲ့ ကြည်နူးစရာအခိုက်အတန့်တစ်ခုဖြစ်သလို မြန်မာတို့ရဲ့ နှစ်သစ်အချိန်အခါဆို ကြိုဆိုတဲ့ အဖိုးအတန်ဆုံး  အချိန်အခါ ပွဲတော်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ သင်္ကြန်ရေသဘင်ပွဲတော်ကို OPPO Myanmar AED ကလဲ ကြိုဆိုလိုက်ရပါတယ်။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်း နည်းပညာတွေနဲ့အတူ သုံးစွဲသူတွေကို အဆင်ပြေချောမွေ့အောင် ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး  အသုံးပြုသူတွေအနေနဲ့ သင်္ကြန်အချိန်အခါကို  ပိုမိုပျော်ရွှင်စွာ ခံစားနိုင်မှာဖြစ်သလို မိသားစု၊ ချစ်ရသူတွေနဲ့ ပြန်လည်ဆုံစည်းကြမဲ့ သင်္ကြန်ကာလအမှတ်တရ အချိန်တိုင်းကို အရည်အသွေးမြင့်ဓာတ်ပုံများဖြင့် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ OPPO ရဲ့‌ နောက်ဆုံးပေါ် အဆင့်မီ အထူးပြုလုပ်ထားတဲ့ Photography စွမ်းဆောင်ရည်တွေကြောင့် အရောင်အသွေးစုံလင်ပြီး စိုပြည်တောက်ပတဲ့ ဓာတ်ပုံအရည်အသွေးနဲ့အတူ ပုံဖော်ရိုက်ကူးနိုင်မဲ့ OPPO စမတ်ဖုန်းတွေကလဲ သင်္ကြန်ပွဲတော်ရဲ့ ပျော်ရွှင်မှုနှင့် အရောင်အသွေးစုံလင်မှုကို ပြတ်သားစွာ ဖမ်းယူနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

Image: OPPO

Hardware Level ရော Software Level ပါ နှစ်ခုလုံး ကောင်းမွန်တဲ့ OPPO စမတ်ဖုန်းတွေဖြစ်ကြတဲ့ OPPO Find X9 သို့မဟုတ် OPPO Reno15 Series 5G တို့နဲ့အတူ အကောင်းဆုံး အရည်အသွေးကို ခံစားရရှိနိုင်မဲ့ ဓာတ်ပုံ ပုံရိပ်တွေကိုလဲ သုံးစွဲသူတွေ ခံစားရရှိနိုင်ဦးမှာဖြစ်ပါတယ်။  Focal Length အမျိုးမျိုး ပါဝင်ပြီး ဘယ်လိုအကွာအဝေး၊ ဘယ်လို အနေအထားမျိုးမှာမဆို လူအနည်းစုနဲ့ပဲဖြစ်စေ၊ လူအုပ်လိုက်ပဲဖြစ်စေ၊ အခြေအနေအရပ်ရပ်အတွက် သင့်တော်ရုံသာမက သာမန်ထက်ပိုလွန်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် Imaging နည်းပညာတွေကြောင့်  Ultra-Wide နဲ့ ရိုက်ကူးနိုင်မဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေ၊ Telephoto Lens နဲ့ ဆွဲယူရိုက်ကူးနိုင်မဲ့ အနီးကပ် Portrait ပုံတွေ၊ ဥပမာ အနေနဲ့ ပြောရရင် OPPO Reno15 Series 5G မှာ ပါရှိလာတဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ 0.6x Ultra-Wide Selfie Camera၊ 120x Zoom အထိ ဆွဲယူရိုက်ကူးမှတ်တမ်းတင်နိုင်တဲ့ OPPO Find X9 တွေရဲ့ ကင်မရာ အရည်အသွေးတွေကလဲ ရိုက်ကူးသမျှ ပုံရိပ်တွေရဲ့ အရောင်အသွေးကို ပိုမိုထင်ရှားစေနိုင်ရုံသာမက အသက်ဝင်တဲ့ အမှတ်တရပုံရိပ်တွေကို ဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။

Image: OPPO

သင်္ကြန်ရဲ့ ပျော်ရွှင်မှု၊ စိုပြည်တောက်ပမှုအလှတွေကို အသက်သွင်းနိုင်ရုံသာမက အမှတ်တရ မှတ်တမ်းတွေကို OPPO စမတ်ဖုန်းတွေရဲ့ ဗီဒီယိုနဲ့တကွ မှတ်တမ်းတင်ပုံဖော်နိုင်မှာဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုး၊ နေရာမျိုးမှာမဆို Stabilization အားကောင်းကောင်းနဲ့ ပြတ်သားကြည်လင်တဲ့ ဗီဒီယိုတွေအတွက် OPPO Reno15 Series 5G နဲ့ OPPO Find X9 တို့က အမြဲ အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ကူးတဲ့အခါမှာလဲ ရိုက်ကူးပုံဖော်ရုံနဲ့တင် သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ မဟုတ်ဘဲ လိုအပ်သမျှကို မိမိစိတ်တိုင်းကျ ပြန်လည်တည်းဖြတ်ပြုပြင်နိုင်တဲ့ Editing Tools တွေကလဲ Professional ဆန်ဆန် ပြုပြင်နိုင်ရုံသာမက ခေတ်ရှေ့‌ပြေးအောင် ပြန်လည်ပြုပြင်နိုင်တဲ့ Trendy Style တွေအဖြစ်လဲ တည်းဖြတ် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

Image: OPPO

မြန်မာတို့ရဲ့ ခါသင်္ကြန်ပွဲတော်ဟာဆိုရင် အားလုံးတရင်းတနှီး ရေကစားရင်း ပျော်ရွှင်ကြတဲ့ မြန်မာ့ရိုးရာ ပွဲတော်ဖြစ်တဲ့အတွက် စမတ်ဖုန်းတွေရဲ့ ရေစိုခံနိုင်မှုနဲ့ ခိုင်ခံ့မှုကလဲ အင်မတန် အရေးကြီးတဲ့ အရာတွေထဲမှာ တစ်ခုအဖြစ် ပါဝင်ပါတယ်။ OPPO စမတ်ဖုန်းတွေ အထူးသဖြင့် OPPO ရဲ့ A Series စမတ်ဖုန်းတွေဟာဆိုရင် သုံးစွဲသူတွေအကြား ရေစိမ် ရေစိုခံတဲ့ IP 68/69 Dust and Water Resistance ပါရှိတဲ့အပြင် ပြုတ်ကျမှု ဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ Military-Grade Shock Resistance ပါရှိတာကြောင့် ရေကစားနေစဉ်အချိန်မှာတောင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပြီး အမှတ်တရအချိန်များကို စိတ်ချလက်ချ မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။ ရေစိုသွားရင်တောင်မှ တစ်စက်မှ နှောင့်နှေးသွားခြင်းမရှိအောင် IP 68/69 Dust & Water Resistance က‌ ထောက်ပံ့ပေးထားသလို Software Levelအဆင့်ရှိ  ColorOS စနစ်ကလဲ OPPO စမတ်ဖုန်းတွေကို အသုံးပြုလိုက်တိုင်း ပေါ့ပါးတဲ့ အတွေ့အကြုံနဲ့ ချောမွေ့မြန်ဆန်မှုကို အမြဲပေးစွမ်းနေပြီး သုံးစွဲသူတွေအချင်းချင်း ဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အလွယ်ဆုံး မျှ‌ဝေပေးနိုင်တဲ့ O+ Connect ကလဲ လွယ်ကူမြန်ဆန်တဲ့ အတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။

Image: OPPO

အတာသင်္ကြန်ရေသဘင်ပွဲတော် နီးကပ်လာတာနဲ့အမျှ ပျော်ရွှင်မှုတွေ၊ အရောင်အသွေးတွေနဲ့ မမေ့နိုင်တဲ့ အမှတ်တရ အခိုက်အတန့်တွေကိုOPPO စမတ်ဖုန်းတွေနဲ့အတူ ဖမ်းယူမှတ်တမ်းတင်ရင်း OPPO နဲ့ ပတ်သက်တဲ့အ‌ကြောင်းတွေကို သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website –http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။