MPT က အလန်းစားဆုလက်ဆောင်များ ပါဝင်သည့် ရင်ခုန်ကံစမ်း ဆုတွေလန်း အမည်ဖြင့် ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်ကို မိတ်ဆက်

MPT သည် ရင်ခုန်ကံစမ်း ဆုတွေလန်း အမည်ဖြင့် ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်အသစ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှစတင်၍ မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ကံစမ်းမဲအစီအစဉ်ကာလအတွင်း MPT သုံးစွဲသူများသည် iPad Mini 6 ၊ iPhone 13 Pro ၊Samsung Z Flip 4 နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြားများပါဝင်သော အလန်းစားဆုလက်ဆောင်များကို အပတ်စဉ် ကံထူးနိုင်မည် ဖြစ်သည်၊၊ အဆိုပါ အစီအစဉ်ကို အောက်တိုဘာလ ၁၆ ရက်အထိ အပတ်စဉ် ကျင်းပသွားမည် ဖြစ်ပြီး စုစုပေါင်း ကံထူးရှင် (၂၆) ဦးအား ပေးအပ်သွားမည်ဖြစ်သည်။
MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့်ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့ဖြင့် အနည်းဆုံးငွေ ကျပ် ၁,၀၀၀ ဖိုး ဖုန်းဘေလ်ဖြည့်သွင်းပြီး အဆိုပါကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည် ဖြစ်သည်၊၊

Photo Source https://www.mpt.com.mm

MPT သုံးစွဲသူများသည် MPT4U အက်ပလီးကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့်ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်တိုင်း ဖုန်းဘေလ်ဖြည့်သည့် (ကျပ် ၁,၀၀၀/ ၃,၀၀၀/ ၅,၀၀၀/ ၁၀,၀၀၀/ ၃၀,၀၀၀) ပမာဏပေါ်မူတည်၍ လက်မှတ်အရေအတွက် ရရှိမည်ဖြစ်သည်၊၊
သုံးစွဲသူများသည် ၁,၀၀၀ ကျပ် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း လက်မှတ် (၁) စောင်ရရှိမည်ဖြစ်ကာ ဖုန်းဘေလ် ၃,၀၀၀ ကျပ်ဖြည့်သွင်းပါက လက်မှတ် (၃) စောင်ရရှိမည် ဖြစ်ပါသည်။ ၎င်းလက်မှတ်များဖြင့် သုံးစွဲသူများသည် ကံစမ်းမဲ အစီအစဉ်တွင် ဝင်ရောက်ပါဝင် ကံစမ်းနိုင်မည်ဖြစ်သည်၊၊
ထို့အပြင် MPT သုံးစွဲသူများသည် MPT Special Flash ၏ MPT Special Day တွင် သတ်မှတ်ထားသော ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အလန်းစားဆုလက်ဆောင်များကို ကံထူးနိုင်မည့်အခွင့်အလမ်းများလည်း ရရှိနိုင်မည် ဖြစ်သည်၊၊
MPT သုံးစွဲသူများအနေဖြင့် ငွေဖြည့်ကံစမ်းမဲအစီအစဉ်မှ အလန်းစားဆုလက်ဆောင်များကို အောက်ပါအတိုင်း ရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး အစီအစဉ်နှင့်ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို http://bitly.ws/uqpY တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်၊၊

Photo Source https://www.mpt.com.mm

MPT သုံးစွဲသူများသည် အပတ်စဉ်အလိုက် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည်ဖြစ်ပြီး ယခင်အပတ်၏ ကံစမ်း လက်မှတ်များသည် နောက်အပတ်ကံစမ်းမဲကာလတွင် အကျုံးဝင်မည်မဟုတ်ပါ။ ပါဝင်ကံစမ်းထားသည့်လက်မှတ်များကို အပတ်စဉ်အလိုက် *224# သို့ခေါ်ဆိုစစ်ဆေးနိုင်မည်ဖြစ်သည်။ (ဥပမာ ပထမအပတ်တွင် အကျုံးဝင်သော ကံစမ်းလက်မှတ်များသည် ပထမအပတ်အတွက်သာ အကျုံးဝင်သည်။ အခြားအပတ်များအတွက် အကျုံးမဝင်ပါ)
အဆိုပါအစီအစဉ်တွင် ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါ၊၊ ထို့အပြင် အခြားသူသို့ ဖုန်းဘေလ်ဖြည့်သွင်းပေးနိုင်ပြီး ဖုန်းဘေလ်လက်ခံရရှိသူများသည် ဆုလက်ဆောင်များ ကံထူးနိုင်ရန် လက်မှတ်များကို ရရှိမည်ဖြစ်သည်၊၊ ဖုန်းဘေလ်ဖြည့်သွင်းမှု ပမာဏများလေလေ အလန်းစားဆုလက်ဆောင်များ ကို ကံထူးနိုင်မည့် အခွင့်အလမ်း ပိုများလေလေဖြစ်သည်၊၊ လက်ကျန် ဖုန်းဘေလ်လွှဲပြောင်းပေးခြင်းနှင့် ချေးငွေရယူခြင်းသည် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းရန် အကျုံးမဝင်ပါ၊၊ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။