ATOM ၏ ရက် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ်နှင့်အတူ နောက်ဆုံးပေါ် Toh Toh အမည်ရှိ 3D ဂိမ်း ကို စတင်မိတ်ဆက်

ATOM ၏ လုပ်ငန်းလည်ပတ်မှု ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ Atom Store တွင် ဆော့ကစားနိုင်သည့် 3D ဂိမ်း ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ရက်ပေါင်း ၉၀ ကြာ Mega Grand Draw ကမ်ပိန်းတွင် မြန်မာငွေကျပ် ၆ ဘီလီယံ ကျပ်တန်ဖိုးရှိ ကံစမ်းမဲအစီအစဉ်များကို ယူဆောင်လာမည့် နောက်ဆုံးပေါ် Toh Toh အမည်ရှိ ဆိုက်ကား 3D ဂိမ်းကို ATOM က မိတ်ဆက်ခဲ့ခြင်းဖြစ် သည်။

Photo Source https://www.facebook.com/ATOMOfficialPage

အဆိုပါဂိမ်းကို ATOM စတိုးအက်ပ်တွင် ရရှိနိုင်ပြီဖြစ်ပြီး ကစားသူများအနေဖြင့် BAIC ကားအသစ်စက်စက် ၁ စီး၊ ငွေသား ကံစမ်းမဲများနှင့် အခြားကြီးကျယ်ခမ်းနားသော ဆုများကို ရရှိနိုင်မည်ဖြစ်သည်။ အသုံးပြုသူများသည် ရက်ပေါင်း ၉၀ ကမ်ပိန်းအတွင်း Toh Toh ဆိုက်ကားဂိမ်းကို ကစားကာ ဒစ်ဂျစ်တယ် လက်မှတ်ကူပွန်များကို စုဆောင်းနိုင်ပြီး၊ ကစား သည့်အကြိမ်အရေအတွက်များလာလေ၊ ရာသီအလိုက်ဆုများ ရရှိနိုင် မည့်အခွင့်အလမ်း ပိုမိုများပြားလာလေဖြစ်သည်။
အဆိုပါ ရာသီအလိုက် ဆုများတွင် iPhone 13 pro၊ iPad Air 5၊ Samsung A22 5G နှင့် အခြားစမတ်ဖုန်းများနှင့် အသုံးအဆောင် ကိရိယာအမျိုးမျိုး (Gadgets) ပါဝင်သည်။ ရာသီအလိုက် ကံထူးရှင်များကို ၁၅ ရက်လျှင် ၁ ကြိမ် ကြေညာပေးမည်ဖြစ်သည်။ ထို့အပြင် ပက်ကေ့ချ် တစ်ခု သို့မဟုတ် ၉၉ ကျပ်ဖြင့် ၁ ကြိမ် ဂိမ်းကစားတိုင်းတွင် သုံးစွဲသူများအတွက် ချက်ချင်းရရှိမည့် တယ်လီကွန်း ဆုများ ပေးအပ်သွားမည်ဖြစ်သည်။ ATOM စတိုးအက်ပ်ကို အသုံးပြ၍ Toh Toh ဆိုက်ကားဂိမ်းကို ATOM ကွန်ရက်ဖြင့် ကစားခြင်းများအတွက် ‌ဒေတာကောက်ခံခြင်းများ ပြုလုပ်မည် မဟုတ်ပါ။
ATOM သည် ၃ လ ကျော်ကာလအတွင်း အသုံးပြုရလွယ်ကူပြီး ပိုမိုကောင်းမွန်သည့် စွမ်းဆောင် ရည်အတွေ့အကြုံဖြင့် ၎င်း၏ ATOM အက်ပ်စတိုးတွင် ဗားရှင်း 4.1 ကို စတင်မိတ်ဆက်ခြင်း အပါအဝင် အခြားဂုဏ်ယူဖွယ်မှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။

Photo Source https://www.facebook.com/ATOMOfficialPage

နောက်ထပ်ထင်ရှားသောလုပ်ဆောင်မှုမှာ ATOM ၏ လူ့အခွင့်အရေးမျှော်မှန်းချက်များနှင့်အညီ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်ရန် ကတိကဝတ်ပြုမှုကို သက်သေပြသည့်အနေဖြင့် နိုင်ငံတကာတွင် ဂုဏ်သတင်းကျော်စောသော အတိုင်ပင်ခံ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ထို့အပြင် အက်တမ် (ATOM) သည် မြန်မာနိုင်ငံမှ လူငယ်များကို IT နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် အရည်အချင်းမြှင့်တင်ပေးနိုင်မည့် ၁ နှစ် ကြာ နည်းပညာဆိုင်ရာသင်တန်း Technology Trainee Program (TTP) ကို လူငယ်များအတွက် မကြာသေးမီက မိတ်ဆက်ခဲ့သည်။
“အက်တမ် (ATOM) ရဲ့ မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ TTP သင်တန်းနဲ့ အခြားလူမှုအကျိုးပြုလှူဒါန်းမှုတွေက မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းကို အမှန်တကယ် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က လူတိုင်းအတွက် ပိုမို ကောင်းမွန်ခြင်းထက်သာလွန်တဲ့ ဘဝအတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ မျှော်မှန်းထားပြီး နောက်ထပ်နှစ်ပေါင်းများစွာအထိ တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဆက်လက်ရပ်တည်သွားမယ်လို့ ATOM အဖွဲ့တစ်ခုလုံးရဲ့ ကိုယ်စား ကျွန်တော် ကတိပြုပါတယ်” ဟု ATOM ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့သည်။