MPT သုံးစွဲသူများအနေဖြင့် အထူးဆုကြီးများကို အလန်းစား Friday အစီအစဉ်မှ ကံထူးနိုင်

MPT သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်မှ စက်တင်ဘာလ (၂၃) ရက်အထိ MPT သုံးစွဲသူတိုင်း စုစုပေါင်း သိန်း (၄၀၀) ကျပ်တန်ဖိုးရှိ စိတ်လှုပ်ရှားဖွယ်ရာ ဆုကြီးများ ကံထူးနိုင်မည့် အလန်းစား ဆု_ အလန်းစား Friday ကံစမ်းမဲ အစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်၊၊

Photo Source https://www.mpt.com.mm

အဆိုပါ အစီအစဉ်တွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် MPT သုံးစွဲသူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်သည်။
အဆင့် (၁) MPT မှ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သည့် အလန်းစား Friday ပရိုမိုးရှင်း ပက်ကေ့ချ် (Data Carry Plus ပက်ကေ့ချ်များကို MPT4U အက်ပလီကေးရှင်း (သို့) *777# ကို ခေါ်ဆို၍ (သို့) MPT Pay အက်ပလီကေးရှင်းတွင် ဝယ်ယူပါ။
အဆင့် (၂) MPT မှ ဝယ်ယူပြီးမြောက်ကြောင်း ပေးပို့ထားသော စာတို (SMS) ကို Screenshot (ဓာတ်ပုံ) ရိုက်ပါ။
အဆင့် (၃) ရရှိလာသော Screenshot (ဓာတ်ပုံ) အား Pinned လုပ်ထားသော အလန်းစား Friday Facebook ပို့စ်အောက်တွင် Comment (မှတ်ချက်) ပေးပို့ပါ။
အဆင့် (၄) Screenshot (ဓာတ်ပုံ) ပေးပို့ရာတွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပေါက်ကြားစေရန် ဖုန်းနံပါတ်၏ နောက်ဆုံး (၃) လုံးကို ဖျက်၍ ပေးပို့ပါ။
ကံစမ်းမဲအစီအစဉ်ကာလတစ်လျှောက်လုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Screenshot (ဓာတ်ပုံ) များမှ ကံထူးရှင်စုစုပေါင်း (၂၅) ဦးကို MPT က ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်များ ကို အပတ်စဉ်တိုင်း ရွေးချယ်ပေးသွားမည်ဖြစ်သည်၊၊
သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို https://www.mpt.com.mm/mm/a-lann-sar-friday-lucky-draw-terms-and-conditions-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊၊

Photo Source https://www.mpt.com.mm

အဆိုပါ ကံထူးဆုများအပြင် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် အလန်းစား Friday ပက်ကေ့ချ်များကို ဝယ်ယူ အသုံးပြုသူများသည် ထိပေါက်ကစားခြင်းဖြင့် 200GB အထိ ကံထူးခွင့်နှင့် သောကြာနေ့အထူးဘောနပ်စ် အဖြစ် ပြန်အမ်းငွေ ၅၅၅ ကျပ်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်၊၊
MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း အလန်းစား Friday ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်သည့်အပြင် အလန်းစားဆု အလန်းစား Friday ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် များများဝယ်ယူလေလေ ၊ ဆုလက်ဆောင်များ ကံထူးရန် အခွင့်အရေး ပိုမိုများပြားလေလေ ဖြစ်သည်၊၊
ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်သည်။