MPT သုံးစွဲသူများအနေဖြင့် 7 Day News SMS ဝန်ဆောင်မှုရယူထားသည့်ကျသင့်ငွေများကို ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်ကြောင်းထုတ်ပြန်

MPT သုံးစွဲသူများအနေဖြင့် 7 Day News SMS ဝန်ဆောင်မှုရယူထားသည့်သူများအတွက် ဝန်ဆောင်ခကောက်ခံထားသည့် ကျသင့်ငွေများကို မကြာမီအချိန်အတွင်း ပြန်လည်ဖြည့်သွင်းပေးပြီး SMS ဖြင့်အကြောင်းကြားဆက်သွယ်ပေးသွားမည်ဖြစ် ကြောင်း MPT မှ ထုတ်ပြန်ထားသည်။
ပြည်တွင်းသတင်းမီဒီယာများဖြစ်သည့် 7 Day News၊ ခေတ်သစ်မီဒီယာ၊ DVB၊ Mizzima စသည့် သတင်းမီဒီယာများကို မကြာသေးခင်ကာကကရပ်ထားခဲ့ခြင်းကြောင့် ယခုကဲ့သို့ SMS ဝန်ဆောင်မှုများကို ရပ်နားခဲ့ရခြင်းလည်းဖြစ်သည်။
MPT နှင့်သတင်းမီဒီယာထုတ်ဝေရေးကုမ္ပဏီတစ်ခုဖြစ်သည့် information Matix Co.,Ltd တို့ပူးပေါင်းကာ ဒစ်ဂျစ်တယ်စာ ရင်းသွင်းဝန်ဆောင်မှုမှတဆင့် MPT သုံးစွဲသူများအတွက် အကောင်းဆုံးသတင်းဖန်းတီးရေးသားမှုအတတ်ပညာဖြင့် သတင်း အချက်အလက်များကို ပြည်သူများကို ပေးအပ်နိုင်ရန် 7 Day News Digital စာရင်းသွင်းဝန်ဆောင်မှုအသစ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွေ စတင်မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Soure By Myanmar Tech Press

7 Day News Digital ဝန်ဆောင်မှုသည် စာရင်းသွင်းခြင်းဝန်ဆောင်မှုကို အခြေခံကာ ဆန်းသစ်တီထွင်ထားသည့် ပလက် ဖောင်းတစ်ခုဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် သတင်းများကို အဆင်ပြေလွယ်ကူစွာ ရယူနိုင်ခဲ့ကြသည်။ ဝန်ဆောင်မှုကို စာရင်းသွင်းရယူပြီးနောက် MPT သုံးစွဲသူများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို ဈေးနှုန်းသက်သာစွာဖြင့် တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်ပတ်လျှင် ၅၉၉ ကျပ်ဖြင့် သတ်မှတ်ထားသော ဝက်ဘ်ဆိုက်(သို့မဟုတ်) မိုဘိုင်းလ်အက်ပလီကေးရှင်းတွင် ယခင်က ရယူနိုင်ခဲ့သည်။
“MPT အနေနဲ့ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေရှိမယ့် အရည်အသွေးမြင့်ဝန်ဆောင်မှုတွေကို အမျိုးမျိုး ပေးအပ်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ ဒီဂျစ်တယ်လူနေမှုဘဝကို ထောက်ပံ့ပေးနိုင်ဖို့နဲ့ ကြွယ်ဝပြည့်စုံစေဖို့ ဂတိကဝတ် ပြုထားပါတယ်။ သတင်းတွေဟာ ဒီဂျစ်တယ်ကမ္ဘာကြီးထဲက လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် အရမ်းအရေးကြီးပါ တယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမီဒီယာတစ်ခုကနေ လွယ်ကူအဆင်ပြေတဲ့ နည်းလမ်းနဲ့ဆောင်ရွက်ထားတဲ့ ဒီဝန်ဆောင်မှုက နေတစ်ဆင့် ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်စေပြီး 7 Day News Digital စာရင်းသွင်းဝန်ဆောင်မှုက နေ သူတို့လိုချင်တဲ့သတင်းအချက်အလက်တွေရှာဖွေဖို့ လှုံ့ဆောင်မှုပေးစွမ်းနိုင်မည်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်”ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ MR.Reizo Umeda က အဆိုပါဝန်ဆောင်မှုမိတ်ဆက်သည့်နေ့တွင် ပြောကြားခဲ့သည်။

Photo Soure By Myanmar Tech Press

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု များအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထား သည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြု ထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့သည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန် ဆောင်ရွက် လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် https://www.mpt.com.mm သို့မဟုတ် https://www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။