အင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် FTTH/ADSL သုံးစွဲသူများအား MPT မှ ပြန်လည်ဖြည့်စည်းပေးမည်

လတ်တလောဖြစ်ပေါ်နေသော အင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် FTTH/ADSL ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု သုံးစွဲသူများအား MPT မှ ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ၂၀၂၁ ခုနှစ် မတ်လအစောပိုင်းတွင် ထွက်ရှိမည့် FTTH/ADSL ငွေတောင်းခံလွှာအပေါ် ၂၀ ရာခိုင်နှုန်း လျှော့ပေးသွားမည်ဖြစ်ကြောင်း MPT မှထုတ်ပြန်ထား သည်။
ထို့အပြင် အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှု ပေးအပ်သွား နိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Photo Source http://bit.ly/MptDomePyanMM

အမြန်နှုန်းနဲ့ လစဉ်ကြေးလေးများမှာလည်းအောက်ပါအတိုင်းဖြစ်သည်။
20 Mbps + (1GB Data, 100 Mins {on-net}, Unlimited SMS {on-net} x 3 Mobile numbers) – ၃၉,၀၀၀ ကျပ်
50 Mbps + (2GB Data, 100 Mins {on-net}, Unlimited SMS {on-net} x 3 Mobile numbers) – ၆၉,၀၀၀ ကျပ်
100 Mbps + (3GB Data, 200 Mins {on-net}, Unlimited SMS {on-net} x 3 Mobile numbers) – ၁၀၉,၀၀၀ ကျပ်
MPT အနေဖြင့် သုံးစွဲသူများအားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နေသည့်အပြင် လူမှုအကျိုးပြု လှုပ်ရှားမှု များအနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မြင့်မားလာသည့်ကာလ၌ မရှိမဖြစ်လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သော ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် ဖုန်းလိုင်းဆက်သွယ်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အသွားအလာ ကန့်သတ် ဆောင်ရွက်မှု နေရာ (Quarantine Center) များနှင့် ကုသရေးဌာနများတွင်ဆောင်ရွက် ပေးခဲ့ကာ မြန်နှုန်းမြင့် FTTH နှင့် B2B ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ၊ PSTN အော်တိုတယ်လီဖုန်းဝန်ဆောင်မှုနှင့် VOIP ဖုန်းလိုင်းများကို တပ်ဆင်ပေးခဲ့ပြီး ရန်ကုန်မြို့၊ သုဝဏ္ဏ ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ နှင့် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာတို့တွင် ဖိုင်ဘာအင်တာနက် ဆက်သွယ်မှုနှင့် Wi-Fi ကွန်ရက်စနစ် တပ်ဆင်ခြင်းကိုလည်း တိုးချဲ့ချိတ်ဆက် လှူဒါန်းခဲ့သည်။
MPT Postpaid ဝန်ဆောင်မှုနှင့် ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူများအားလုံးအတွက် ဘေလ်ပေးချေမှုများအား အချိန်မီ ပေးသွင်းနိုင်ရန် ပိုမိုအဆင်ပြေလွယ်ကူစွာဖြင့် လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုအသစ်အနေ ဖြင့် MPT Money ဖြင့်လည်းငွေပေးချေနိုင်သည်။

Photo Source http://bit.ly/MptDomePyanMM
ပိုမိုအဆင်ပြေ လွယ်ကူသော ဘေလ်ပေးချေမှုဝန်ဆောင်မှုအသစ်သည် လစဉ်ကျသင့်ငွေတောင်းခံလွှာနှင့် ကနဦး One-Time Invoice (OTI) ငွေတောင်းခံလွှာ များ ရရှိထားသော MPT ၏ Postpaid ဝန်ဆောင်မှုများ (PSTN, GSM, CDMA, ADSL, IP Star) နှင့် ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူများအတွက် ထပ်ဆောင်းအပိုကုန်ကျမှုမရှိဘဲ MPT Money မှတစ်ဆင့် ငွေတောင်းခံလွှာများကို အဆင်ပြေ ချောမွေ့စွာ ပေးဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပါသည်။ MPT သုံးစွဲသူများ သည် MPT Money မှတစ်ဆင့် ဘေလ်ပေးချေမှုအတွက် ၁,၀၀၀ ကျပ် အပိုဆုလက်ဆောင် ရရှိမည်ဖြစ်သည်။
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်သည်။ ကြိုးဖုန်းနှင့် မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှု များအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီး မားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြု ထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင် ထားပါသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန် ဆောင်ရွက် လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက http://bit.ly/MptDomePyanMM နဲ့ ဖုန်းနံပါတ် *9090# ကို နှိပ်ပြီး အချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။