MPT က နိုင်ငံတစ်ဝန်းမှသုံးစွဲသူများအတွက် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ် အစီအစဉ်သစ်ကို မိတ်ဆက်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့်  MPT သည် သုံးစွဲသူများအတွက်  “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ် အစီအစဉ်သစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါပက်ကေ့ချ်သည်  MPT သုံးစွဲသူများအတွက် ၎င်းတို့၏ လိုအပ်ချက်၊ ကြိုက်နှစ်သက်မှုနှင့် ကိုက်ညီသည့် ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ စာတို (SMS) နှင့် ဖျော်ဖြေရေး ပက်ကေ့ချ်များကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်သော အစီအစဉ်သစ် ဖြစ်ပါသည်။

MPT သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏  တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်ကာ ဆောင်ရွက်ထားသော အဆိုပါ ပက်ကေ့ချ်များကို အောက်ပါ ဇယားတွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

အမျိုးအစားများ အကျိုးခံစားခွင့်များ အခြားခံစားခွင့်များ ဝန်ဆောင်မှုရယူရန် သက်တမ်း
ဒေတာ အနည်းဆုံး 100MB မှာ 20 GB အထိ – MPT Club points (မိမိ၏ Tier Level ပေါ်မူတည်၍)
– ထိပေါက် ကံစမ်းခွင့် (၁)ကြိမ် ကစားပြီး 200GB အထိ ကံထူးခွင့်
– မိမိ၏ မိသားစု ဝင်နှင့် ချစ်ခင်ရသူ များသို့ လက်ဆောင်ပေးအပ်ခြင်း
MPT4U အက်ပလီကေးရှင်း အနည်းဆုံး (၁) ရက်မှ ရက်(၉၀) အထိ
(သုံးစွဲသူများ ပက်ကေ့ချ် သက်တမ်းကို မိမိတို့ကိုယ်တိုင် သတ်မှတ်၍ ရွေးချယ်ဝယ်ယူနိုင် ပါသည်။)
ဖုန်းခေါ်ဆိုမှု အနည်းဆုံး ၁၀ မိနစ်မှ မိနစ် ၂၀၀ အထိ
စာတို (SMS) အနည်းဆုံး ၁၀ စောင်မှ အစောင် ၂၀၀ အထိ
ဖျော်ဖြေရေး ရုပ်ရှင်/သီချင်း/ဂိမ်း စသည့်ဒေတာပက်ကေ့ချ်များ

မှတ်ချက်။          ။ Android အတွက် MPT4U App နောက်ဆုံး Version (4.5.9)  နှင့် iOS အတွက် (1.4.21) တို့ကို အသုံးပြုရန် လိုအပ်ပါသည်။

*MPT သုံးစွဲသူများသည် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်များကို အကြိမ်များစွာ ဝယ်ယူနိုင်ပြီး ဝန်ဆောင်မှုအားလုံးအတွက် လက်ကျန်ပမာဏ သယ်ဆောင်ခွင့် ကာလမှာ (၇) ရက် ဖြစ်ပါသည်။ ဝယ်ယူထား သည့် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်၏ လက်ကျန်ပမာဏသက်တမ်းကိုလည်း အရှည်ဆုံး သက်တမ်း အထိ ပေါင်းစည်းသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “ကျွန်တော်တို့အနေနဲ့  သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ အမြဲပေးအပ်ဖို့ ကတိပြုထားပါတယ်။ ဒီနေ့မှာတော့ နိုင်ငံတစ်ဝန်းက သုံးစွဲသူတိုင်း မိမိတို့နှစ်သက်ရာ အသုံးပြုမှုပေါ်မူတည်ပြီး ကိုယ်တိုင်စိတ်ကြိုက် ပက်ကေ့ချ်တွေ ဖန်တီးနိုင်ဖို့အတွက်  “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်ကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီအစီအစဉ်သစ်က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး သုံးစွဲသူတွေအနေနဲ့ မိမိတို့ စိတ်ကြိုက်ရွေးချယ်ဖန်တီးနိုင်တဲ့ အပြင် လိုက်လျောညီထွေမှုရှိတဲ့ “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်ကို ဝယ်အသုံးပြုကြည့်ဖို့အတွက်လည်း ဖိတ်ခေါ်လိုက်ရပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ (၁) ရက်နေ့က နေ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ ကျင်းပြုလုပ်သွားမယ့်“MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်ပွဲတော် ဓာတ်ပုံပြိုင်ပွဲ”ကို လည်း ဝင်ရောက်ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဟု” ပြောကြားခဲ့ပါသည်။

Image: MPT

“သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်အကြောင်း အသေးစိတ်သိရှိလိုပါက https://mpt.com.mm/mm/diy-package/  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းမရှိသေးသော MPT သုံးစွဲသူများအနေဖြင့် အန်းဒရိုက်ဖုန်းနှင့် iOS ဖုန်းအသုံးပြုသူများ  MPT4U အက်ပလီကေးရှင်းကို https://bit.ly/MPT4Ufree   (သို့မဟုတ်) *4040#  ကို ခေါ်ဆိုပြီး ရယူနိုင်ပါသည်။

စစ်မှန်သည့်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော  MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။