MPT ၏ ဖုန်းငွေဖြည့်လက်ဆောင်အစီအစဉ် မှ Facebook ဒေတာလက်ဆောင်များပေးအပ်

MPT သည် သုံးစွဲသူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိရာ ၎င်း၏ အင်တာနက်ဒေတာစွဲလမ်းနှစ်ခြိုက်စွာသုံးစွဲသူများကို Facebook နှင့် Messenger အသုံးပြုမှုအတွက် “Facebook ဒေတာ အတွက် ဖုန်းငွေဖြည့်လက်ဆောင်”အစီအစဉ်သစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
သုံးစွဲသူများသည် ဖုန်းငွေဖြည့်သည့်အခါ MPT4U မှတစ်ဆင့် voucher card ကိုအသုံးပြု၍ သတ်မှတ်ထားသော ငွေဖြည့်ပမာဏအတိုင်း ငွေဖြည့်ရုံဖြင့် အဆိုပါအစီအစဉ်၏ အကျိုးကျေးဇူးနှင့် Facebook ဒေတာလက်ဆောင်ကို ရယူနိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါအစီအစဉ်ဖြင့် ဖုန်းငွေဖြည့်သူများအနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ဆုပေါင်းများစွာရယူနိုင်မည့် “ငွေမိုးဖြိုင်ဖြိုင်” ကံစမ်းမဲ အစီအစဉ်တွင် အလိုအလျောက်ပါဝင်နိုင်မည်ဖြစ်သည်။
“မြန်မာပြည်နှင့်အတူရှိနေမည့် MPT” ဆောင်ပုဒ်နှင့်အညီ MPT သည် သုံးစွဲသူများအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ဈေးနှုန်းသက်သာသော ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ MPT မှ (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) အစီအစဉ်ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံး GSM/ WCDMA ဝန်ဆောင်မှု သုံးစွဲသူများအားလုံးသည် Facebook ဒေတာအတွက် ဖုန်းငွေဖြည့်လက်ဆောင် အထူးအစီအစဉ်ကိုရယူနိုင်ပြီး Facebook ဒေတာလက်ဆောင်များကို အောက်ဖော် ပြပါသက်တမ်းများအတိုင်း ရယူအသုံးပြုနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် နေ့စဉ်အကန့်အသတ်မရှိ ဖုန်းငွေဖြည့်နိုင်ကာ ငွေဖြည့်မှုပမာဏနှင့်အတူ ဒေတာလက်ဆောင် များပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးရရှိအသုံးပြုနိုင် သည့် ငွေဖြည့်သက်တမ်းအတိုင်း ကုန်ဆုံး မည်ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage/

“ကျွန်တော်တို့ MPT အနေနဲ့ အစဉ်အမြဲတန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို အတွေ့အကြုံကောင်းတွေပေးအပ်နိုင်ဖို့ အမြဲဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေပါတယ်။ Facebook ဒေတာ အတွက် ဖုန်းငွေဖြည့် လက်ဆောင် အစီအစဉ်သစ်နဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် MPT ရဲ့ကွန်ရက်ကနေ သူတို့ရဲ့ ဒီဂျစ်တယ် လူမှုဘဝတွေ ပြည့်စုံကောင်းမွန်စေဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီး လက်ရှိမှာပေးအပ်နေတဲ့ Data Carry Plus ဝယ်ရုံနဲ့ ညလုံးပေါက် Facebook အခမဲ့ အသုံးပြုနိုင်တဲ့ အစီအစဉ်နဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ သူတို့နှစ်သက်ရာလူမှုမီဒီယာကွန်ရက်ပေါ်မှာ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်ချိတ်ဆက်မှုတွေကို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေလည်း ပေးအပ်နေပါတယ်” ဟု MPT-KSGM JO ၏ စီးပွားရေးဌာန ကြီးမှအရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြော ကြားသည်။

Photo Source https://web.facebook.com/mptofficialpage/

MPT သုံးစွဲသူများသည် အဆိုပါ ငွေဖြည့်ဒေတာလက်ဆောင်ကို Facebook App (ပြင်ပ websites များသို့ တိုက်ရိုက်ဝင်ရောက်သည့် linksများမပါဝင်), Messenger (voice,video callများမပါဝင်) နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်းတို့ကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် လက်ရှိအသုံးပြုနေသော ဒေတာ ပက်ကေ့ချ်များ သို့မဟုတ် ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (pay-as-you-go) အစီအစဉ်ဖြင့် Messenger Voice Call နှင့် Video Call များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။
MPT အနေဖြင့် မကြာသေးခင်ကာလကလည်း MPT ၏ ဒေတာများကို အစဉ်တစိုက် သုံးစွဲသူများ အားလုံးအတွက် အင်တာနက်ဒေတာပက်ကေ့ချ်များ ဝယ်ယူခြင်းဖြင့် ဒေတာနှစ်ဆ ရရှိနိုင်မည့် “စူပါဒေတာနှစ်ဆ ပက်ကေ့ချ်” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီးလည်းဖြစ်သည်။
MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံးနှင့် အသုံးပြုပြီးမှ ပေးချေသည့် စနစ်သုံး GSM/WCDMA ဝန်ဆောင်မှု ရယူထားသူမျာအားလုံးသည် “Super Double Data Pack” ပက်ကေ့ချ်များကို ဝယ်ယူနိုင်ပါသည်။ Base Tariff အသုံးပြုသူများသည် ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်များကို ပြောင်းလဲ အသုံးပြုပြီး “Super Double Data Pack” ကို ဝယ်ယူနိုင်ပါသည်။
အသုံးပြုသူများအနေဖြင့် ပက်ကေ့ချ်များဝယ်ယူရာတွင် အကန့်အသတ်မရှိ အကြိမ်အရေအတွက် အများအပြား ဝယ်ယူနိုင်ပါသည်။ ပက်ကေ့ချ်၏ မူလဒေတာ သက်တမ်းမှာ ရက် (၃၀) ဖြစ်ပြီး သက်တမ်း ကုန်ဆုံးပြီး (၇) ရက်အတွင်း ဒေတာပက်ကေ့ချ် အသစ် ထပ်မံဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော မူလဒေတာ ပမာဏကို ထပ်မံဝယ်ယူသော ပက်ကေ့ချ်၏ နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင်ပါသည်။ “Super Bonus Data” (အထူးအပိုဆောင်းဒေတာ)၏ သက်တမ်းမှာ (၇)ရက် ဖြစ်ပြီး ထိုကာလအတွင်း Package အသစ်ထပ်မံ ဝယ်ယူပါက Super Bonus Data အချင်းချင်း၏ ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် Facebook ဒေတာလက်ဆောင်နှင့်အသုံးပြုခွင့်ရရှိသည့် နောက်ဆုံးသက်တမ်းကို *224# သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT4U App မှတစ်ဆင့် စစ်ဆေးသိရှိနိုင်ပါသည်။