MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို မြို့နယ်ပေါင်း ၁၅၄ မြို့နယ်တွင် အသုံးပြုနိုင်ပြီ

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ၎င်း၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် တိုးချဲ့ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းရှိ ဇလွန်၊ ဝမ်းတွင်း၊ ဒလ၊ မိုင်းတုံနှင့် ပင်းတယ မြို့နယ်များမှ ပြည်သူများအနေဖြင့်  မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်၏ အကျိုးကျေးဇူးများကို သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ယခုအချိန်တွင် သုံးစွဲသူများအနေဖြင့် MPT ၏  မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၅၄ မြို့နယ်တွင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ MPT သည် ဝန်ဆောင်မှုများကို မြှင့်တင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုဖြင့် သုံးစွဲသူများသည် အချိန်မရွေး၊ နေရာမရွေး ပိုမိုထိရောက်ပြီး ယုံကြည်စိတ်ချရသော အင်တာနက်ချိတ်ဆက်မှုကို တွေ့ကြုံခံစားနိုင်‌စေမည် ဖြစ်ပါသည်။
Image: MPT
အဆိုပါတိုးချဲ့ဆောင်ရွက်မှုများသည် လေးစားရသော သုံးစွဲသူများကို ယုံကြည်စိတ်ချရပြီး မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှုများ ပေးအပ်ခြင်းဖြင့် MPT ၏ ကတိကဝတ်ကို ပြသလျက်ရှိပါသည်။ ထို့အပြင် MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဘေလ်ကို ၃ လ၊ ၆ လ (သို့မဟုတ်) ၁၂ လ ကြိုတင်ပေးချေခြင်းဖြင့် သုံးစွဲသူများသည် ၂ သိန်းအထိ လျှော့စျေးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို အသုံးပြုလိုပါက MPT ၏ အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့်သော်လည်းကောင်း၊ နီးစပ်ရာ MPT ရုံးများ၊ MPT ၏ Franchise ဆိုင်များ၊ Own shop များနှင့် https://mpt.com.mm/mm/dome-pyan-mm/ တို့တွင်လည်း လျှောက်ထားရယူနိုင်ပါသည်။
Image: MPT
ထို့အပြင် MPT သည် သုံးစွဲသူများအတွက် လွယ်ကူရိုးရှင်းသော အွန်လိုင်းငွေပေးချေမှုကိုလည်း ဆောင်ရွက်ပေးထားပါသည်။  သုံးစွဲသူများအားလုံး အနေဖြင့် ဝန်ဆောင်မှုအားလုံးအတွက် ကြိုတင်ငွေပေးချေရန် လိုအပ်ပြီး MPT အမှတ်တံဆိပ်အရောင်းဆိုင်၊ MPT GSM ငွေဖြည့်ကတ်မှတစ်ဆင့် ပေးချေခြင်း၊ e-banking (KBZ၊ CB၊ AYA) နှင့် အခြားသော MPT ၏မိတ်ဖက်ဆိုင်များနှင့် CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတစ်ဆင့်လည်း လွယ်ကူစွာ ငွေပေးချေ နိုင်သည့်အပြင် မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်ထားသည့် အခြားဆိုင်များမှတစ်ဆင့်လည်း ပေးချေနိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် E-invoice ငွေတောင်းခံလွှာဝန်ဆောင်မှုအတွက် https://einvoice.mpt.com.mm/register/ တွင် စာရင်းပေးသွင်းရယူနိုင်ပြီး သုံးစွဲသူများ၏ ဖုန်းနံပါတ်နှင့် အီးမေးလ်ကို E-invoice Form တွင် ထည့်သွင်းရန်လိုအပ်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် အင်တာနက်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက hotline *2800# (သို့မဟုတ်) 18652800 သို့ခေါ်ဆိုပြီး (သို့မဟုတ်) 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။