MPT က “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ကတိကဝတ်နှင့်အညီ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် အတွင်း အများပြည်သူတို့၏ ကျန်းမာရေးနှင့် လူမှုဘဝများ အဆင်ပြေစေရေးအတွက် အလေးပေး ပံ့ပိုးကူညီခဲ့

မြန်မာနိုင်ငံ၏ ဦးဆောင် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူပြည်သူတို့အတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်ရုံသာမကဘဲ လူမှု အသိုက် အဝန်းအတွင်း အကူအညီ လိုအပ်နေသောနေရာများကို တတ်စွမ်းသမျှ ထောက်ပံ့ဆောင်ရွက် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများကို လွန်ခဲ့သည့် ၂၀၁၅ခုနှစ်မှ စတင်ကာ ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ဆောင်ရွက်နေကာ “အတူလက်တွဲ အမြဲရှိမည်”ဟူသည့် ကတိကဝတ်နှင့်အညီ မြန်မာပြည်သူများအတွက် လိုအပ်နေသောအထောက်အပံ့မှုများကို ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ကာလ အပါအဝင် အခြားသော အကူအညီလိုအပ်နေသော နေရာမျာအတွက် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက် ပေးခဲ့ပါသည်။

MPT အနေဖြင့် ၂၀၂၃ ခုနှစ် မတ်လကုန်ကာလအထိ ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးမြှင့်စေရေး၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မှုူများနှင့် အခြားသော လှုပ်ရှားမှုများ ဖြစ်သည့် MasterChef All Stars ဟင်းချက်ပြိုင်ပွဲနှင့် ရွှေအိပ်မက် စသည့် အစီအစဥ်တို့ကိုလည်း ကူညီပံ့ပိုးပေးခဲ့ပါသည်။  MasterChef All Stars ဟင်းချက်ပြိုင်ပွဲနှင့် ရွှေအိပ်မက် အစီစဥ်တို့မှာ အများပြည်သူတို့၏ ဝါသနာနှင့် အိပ်မက်များကို ဖြည့်ဆည်း ပေးသည့်အပြင် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုနှင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်စေရန် အထောက်အပံ့ ပေးသည့် အစီအစဥ်များ ဖြစ်ပါသည်။ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်း များအတွက် MPT က ကျပ် သန်း (၁,၄၀၀) ကျော် ကူညီပံ့ပိုးသုံးစွဲခဲ့ပြီးဖြစ်ပါသည်။ MPT က ကူညီပံ့ပိုးပေးခဲ့သော ဆောင်ရွက်မှု များမှာ အောက်ပါပုံများအတိုင်းဖြစ်ပါသည်။

Image: MPT

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးသော တယ်လီကွန်း ဝန်ဆောင်မှု များကို ပေးအပ်နိုင်ရန် အစဥ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ လာမည့် ဘဏ္ဍာနှစ် အတွက်လည်း ဧပြီလ မှ စတင်၍ နိုင်ငံတစ်ဝန်း ကူညီပံ့ပိုးပေးမှုများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ MPT အနေဖြင့် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဥ်အလာများကို တန်ဖိုးထားကျင့်သုံးလျက် ရှိပြီး လာမည့်သင်္ကြန် ကာလ အတွင်းတွင်လည်း မိဘမဲ့ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းတော် ကြီးနှင့် သီလရှင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် အခြားပြည်တွင်း အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းအတွက် လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။