သူငယ်ချင်းတွေနဲ့အတူမျှဝေနိုင်မယ့် Instagram Collaborative Collections

အသုံးပြုသူတွေ၊ Creator တွေအတွက် တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် မိတ်ဆက်ပေးနေတဲ့ Instagram အနေနဲ့လည်း အခုလည်း သူငယ်ချင်းတွေနဲ့အတူ Bookmark Post ကိုအတူတူသိမ်းဆည်းထားနိုင်တော့မယ့် လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အရင်က Bookmark ပြုလုပ်တဲ့အချိန်မှာ Collection အနေနဲ့ကိုယ်တိုင်ပဲသိမ်းဆည်းထားနိုင်ပေမယ့် အခုမိတ်ဆက် ပေးလိုက်တဲ့ လုပ်ဆောင်ချက်မှာတော့ Collection အပြင် ကိုယ့်သူငယ်ချင်းတွေကိုပါ Tag ပြုလုပ်ပြီး သိမ်းဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့ Bookmark တွေကို Private Grouping အနေနဲ့ ဝင်ရောက်ကြည့်ရှုလို့ လွယ်ကူအောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

Image: Instagram

Feed ဒါမှမဟုတ် DMs တွေကနေ ကိုယ်သိမ်းဆည်းချင်တဲ့ Content တွေကို သိမ်းဆည်းလိုက်တာနဲ့ Collaborative Collection ဆိုပြီး Option အသစ်တစ်ခုကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် Custom Name နဲ့ သူငယ်ချင်းတွေကို မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူမျှဝေပြီး Collection တစ်ခု ပြုလုပ် ပြီးတာနဲ့ သူတို့နဲ့အတူ Content တွေ၊ reel တွေကို Collection ထဲမှာအတူထည့်သွင်း မျှဝေနိုင်ပြီ ဖြစ်ပါတယ်။

Collection ထဲမှာရှိတဲ့ ဘယ် Member မဆို Collection ထဲက Post တွေကို ထည့်နိုင် ဖယ်ရှားနိုင်ပါတယ်။ ကိုယ်ထည့်ချင်တဲ့ content တွေ reel တွေကိုတွေ့တာနဲ့ Bookmark ပြုလုပ်ပြီး လက်ရှိအသုံးပြုနေတဲ့ Collaborative Collection ထဲကိုထည့်နိုင်မလား ဒါမှမဟုတ် အသစ်တစ်ခုပြုလုပ်မလားဆိုပြီးလည်း ရွေးချယ်နိုင်မှာပါ။