ကျောင်းသူ၊ကျောင်းသားနဲ့သင်တန်းရှာနေတဲ့သူတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ MyanLearn App

ပညာရေးမှာ ဘွဲ့တစ်ခုရရုံနဲလည်း ဒီခေတ်မှာမလုံလောက်သေးပါဘူး။ နောက်ထပ်လေ့လာသင်ယူစရာတွေဆိုတာကလည်း မကုန်နိုင်မခန်းနိုင်ရှိနေပါသေးတယ်။ အဲ့ဒီအတွက် သင်တန်းတွေကိုတက်ပြီးဆက်လက်လေ့လာဖို့အတွက် လုပ်ဆောင်ရပါ တယ်။ ကိုယ်တက်ချင်တဲ့သင်တန်းနဲ့အခြားသင်တန်းတွေ ဘယ်နေရာမှာရှိတယ်။ သင်တန်းကြေးကဘယ်လောက်ဆိုတာက အစ ကိုယ်ကကြိုတင်သိထားတော့ တက်ချင်တဲ့သင်တန်းကို စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်သလို ညီအစ်ကိုမောင်နှမ တွေနဲ့ အသိမိတ်ဆွေတွေကို သင်တန်းတက်ဖို့ကူညီနိုင်ပါတယ်။ အဲ့ဒါကြောင့် သင်တန်းတွေအားလုံးနီးပါးကိုသိထားဖို့ တစ် နည်းမဟုတ်တစ်နည်းတော့ လုပ်ဆောင်ရမှာပါ။

Photo Source- https://bit.ly/2UnUUCK

ခုခေတ်မှာလက်ကိုင်ဖုန်းတွေလူတိုင်းနီးပါးကိုင်လာပြီဖြစ်တဲ့အတွက် သိချင်တာကို ဖုန်းထဲကအင်တာနက်ဖွင့်ပြီးအလွယ်တ ကူရှာနိုင်လာပါတယ်။ ခုလို သင်တန်းတွေရှာမယ်ဆိုရင် တစ်နေရာထဲမှာ သင်တန်းတွေအများအပြားစုစည်းဖော်ပြထားတဲ့ နေရာတစ်ခုကိုသိတော့ရှာရတာပိုလွယ်ကူပါလိမ့်မယ်။ အဲ့လိုသိဖို့အတွက် MyanLearn App တစ်ခုကို ဖုန်းထဲမှာထည့်ထား လိုက်တာက အကောင်းဆုံးနည်းလမ်းတွေထဲက နည်းလမ်းတစ်ခုပါပဲ။ အချိန်ကုန်လူပင်ပန်းလည်း သက်သာစေပါတယ်။

Photo Source- Screenshot by Myanmar Tech Press

MyanLearn App က ကျောင်းသူ၊ ကျောင်းသားတွေ၊ ဘွဲ့ရပြီးခါစလူငယ်တွေအတွက်တော့ အရမ်းကိုအသုံးဝင်တဲ့ App တစ် ခုဖြစ်ပြီး App ထဲမှာ လူကြိုက်များတဲ့ကျောင်းနဲ့သင်တန်းတွေကို ဈေးနှုန်းတွေနဲ့ ယှဉ်တွဲဖော်ပြထားပါတယ်။ အသက်မွေးဝမ်း ကျောင်း၊ ဘာသာစကား၊ စီးပွားရေးနှင့်စာရင်းကိုင်၊ ကွန်ပျူတာနှင့်အိုင်တီ၊ သီချင်းအားကစားနှင့်အလှအပရေးရာ၊ စာမေးပွဲအ တွက်ပြင်ဆင်ခြင်း၊ ဝါသနာနှင့်စိတ်ပါဝင်စားမှု၊ အသက် (၂) နှစ်မှ (၅) နှစ်အတွက်၊ အသက် (၆) နှစ်မှ (၁၅) နှစ်အတွက်၊ (၉) တန်းနှင့် (၁၀)တန်းအတွက် စတဲ့သက်ဆိုင်ရာကဏ္ဍတွေလည်းပါရှိပါတယ်။

Photo Source- Screenshot by Myanmar Tech Press

သင်တန်းတက်ဖို့အတွက် စပါယ်ရှယ် Discounts ပေးထားတဲ့ကျောင်းတွေ၊ အထူးအတန်းတွေကိုလည်း အသေးစိတ်ဖော်ပြ ထားပြီး သင်တန်းတက်ခဲ့တဲ့သူတွေရဲ့သုံးသပ်ချက်တွေကိုလည်း ပြန်ဖတ်နိုင်ပါတယ်။ App မှာပါတဲ့အကြောင်းအရာတွေမှာ လိုချင်တဲ့အချက်အလက်ကို ကိုယ်တိုင်သိမ်းဆည်းထားနိုင်သလို အခြားသူငယ်ချင်းမိတ်ဆွေတွေကိုလည်း ပြန်လည်မျှဝေလို့ လည်းရပါသေးတယ်။

Photo Source- Screenshot by Myanmar Tech Press

ပညာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုရစေမယ့်ဆောင်းပါးတွေကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်သလို စိတ်ဝင်စားတဲ့ဆောင်းပါးတွေ တွေ့ရင်လည်း သိမ်းထားနိုင်ပါတယ်။ App သုံးရတာအဆင်ပြေလို့ အခြားသူငယ်ချင်းတွေကိုလည်း MyanLearn App ထဲကို ဖိတ်ခေါ်လို့ရအောင်လည်း ပြုလုပ်ထားပါတယ်။ MyanLearn App ရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့-

(၁) စိတ်ဝင်စားတဲ့သင်တန်းနဲ့လျှော့ဈေးတွေကိုသိမ်းခြင်း၊ဝေမျှခြင်း။
(၂) သင်တန်းတက်ခဲ့သူတွေရဲ့ Review ဖတ်နိုင်ခြင်း။
(၃) သင်တန်းလျှော့ကြေးများကို သိရှိနိုင်ခြင်း။
(၄) ပညာရေးဆောင်းပါးတွေသိမ်းနိုင် ၊ ဖတ်နိုင်ခြင်း။
(၅) သူငယ်ချင်းတွေကို MyanLearn App အကြောင်းညွှန်းနိုင်ခြင်း။
(၆) အမှတ်များရယူပြီး အဆင့်တက်ခြင်း။
(၆)ဆုတံဆိပ်များ ရယူနိုင်ခြင်း။
(၇)သင်တန်းအချက်အလက် (အချိန်၊ငွေကြေး) အစုံအလင်ကို တစ်နေရာတည်းမှာရှာမယ်။
(၈) ဘာသာရပ်စုံစုံလင်လင် (အပျင်းပြေ ဝါသနာသင်တန်းမှ ဒီပလိုမာတန်းများအထိ)
(၉) သင်ရိုးမှာ ဘာတွေသင်မှာလဲ၊ ဘယ်သူတွေအတွက် သင့်လျော်လဲ။
(၁၀) သင်တန်းလျှော့ကြေးတွေမြင်ရမယ်။
(၁၁) သင်တန်းတက်ခဲ့သူများက ပြန်ပြောပြမယ့် reviews တွေ ဖတ်မယ်။
(၁၂) နေ့ညမရွေး ကိုယ်အဆင်ပြေချိန်မှာ ရှာမယ်။
(၁၃) အတန်းတူတူတက်ချင်တဲ့ သူငယ်ချင်းတွေကို သင်တန်းအချက်အလက်တွေဖြန့်ဝေမယ်။


MyanLearn App ကိုအောက်ပါ Link ကနေ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.myanlearn_for_students