အသုံးစရိတ်ကိုလွယ်ကူစွာတွက်ချက်ပေးမယ့်A Thone Sayin

ချင့်ချိန်သုံးစွဲခြင်းဆိုတာ အလေ့အကျင့်တစ်ခုကောင်းဖြစ်ပြီး ကြီးပွားနိုင်ဖို့ လူတိုင်းလုပ်ကိုင်စွဲထားသင့်ပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ ချင့်ချိန်မျှတသုံးစွဲနိုင်မှသာ မိမိလက်ထဲငွေအမြဲရှိနေပြီး မသိလိုက်ဘဲလစာ ကုန်သွားတက်တာမျိုး၊ အရေးပေါ်အချိန်မှာသုံးစွဲစရာမရရှိတာမျိုးတွေရဲ့ အခက်အခဲကနေကင်းဝေးနိုင်မှာပါ။ ချင့်ချိန်သုံးစွဲခြင်းအလေ့အကျင့်ရဲ့ ပထမဆုံးအဆင့်ကတော့ မိမိရဲ့တစ်နေ့တာ၊ တစ်လတာ အသုံးစရိတ်ကို သိထားခြင်းပဲဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

A Thone Sayin Applicationကတော့ အိမ်ရှင်မတွေဈေးဝယ်ထွက်ပဲပြီးလာလို့ တွက်ချက်လိုတာပဲဖြစ်ဖြစ် ဝန်ထမ်းတွေတစ်နေ့တာအသုံးစရိတ်ကိုတွက်ချက်လိုတာပဲဖြစ်ဖြစ် ကိုကူညီဆောင်ရွက်ပေးမယ့် Applicationလေးပဲဖြစ်ပါတယ်။တစ်နေ့တာအသုံးစရိတ်ကို အကုန်မှတ်ထားပြီး ပြန်စဉ်းစားစရာမလိုဘဲ တစ်ခုသုံးဖြစ်တိုင်း တစ်ခါမှတ်ထားလိုက်ပါက နေ့တစ်နေ့ရဲ့အဆုံးမှာ မိမိအသုံးစရိတ်ကိုပြန်လည်ကြည့်ရှုနိုင်မို့ ပိုက်ဆံတွေကို လိုအပ်တဲ့နေရာချင့်ချိန်သုံးနိုင်ပြီး မဖြုန်းဖြစ်တော့ပါဘူး။

Photo Source- Screenshot by Myanmar Tech Press

အသုံးစရိတ်တွက်ချက်ပုံမှာ တွက်ယူလိုတဲ့နေကို ပေးထားတဲ့ ပြက္ခဒိန်မှာရွေးချယ်ရပါမယ်။ အသုံးပြူသည့်အကြောင်းအရင်းနဲ့ အသုံးပြုတဲ့ပမာဏကို ထည့်ရပါမယ်။ အသုံးပြုသည့် အကြောင်းအရင်းကိုထည့်သွင်းပေးထားတာကြောင့် ပစ္စည်းတစ်ခုခုကိုဝယ်ယူတော့မယ်ဆိုရင် တကယ်လိုအပ်လား မလိုအပ်ဘူးလား ကိုယ့်ကိုကို ပြန်လည်စမ်းစစ်မေးမြန်ချိန်ရသွားပြီး မလိုအပ်ဘဲမသုံးမိတော့ပါဘူး။ သုံးရသည့် အမျိုးအစားကိုရွေးချယ်ရပါမယ်။ ဖုန်းဘေ၊ အဝတ်အစား၊ ထမင်းစား၊ အပျော်အပါး၊ သရေစာ၊ လက်ဆောင်၊ ကျန်းမာရေး၊ ကျောင်းအသုံးစရိတ်၊ အားကစား၊ ခရီးသွား၊ ဆိုင်ကယ်၊ အခြားအသုံးစရိတ် စတဲ့ကဏ္ဍတွေကိုရွေးချယ်နိုင်ပြီး လိုအပ်ပါက ကိုယ်တိုင်ကဏ္ဍတစ်ခုတည်ဆောက်ပြီး ထည့်သွင်းနိုင်ပါတယ်။ ကဏ္ဍမျိုးစုံ ခွဲဝေလိုက်တာကြောင့် ကိုယ်ဘယ်ကဏ္ဍအတွက် ပိုက်ဆံပိုသုံးဖြစ်တယ် ဘယ်မှာမသုံးဖြစ်ဘူးဆိုတာကို သိရှိနိုင်ပါတယ်။

ဒါ့အပြင် တစ်နေ့တာဝင်ငွေ ထွက်ငွေ နှစ်မျိးလုံးပါဝင်မှတ်သားနိုင်တာမို့ ဝန်ထမ်းများသာမက ကိုယ်ပိုင်လုပ်ငန်းရှင်များလဲ စာရင်းမှတ်ထားလို့ရနိုင်ပါတယ်။ Setting တွင် သာ စာရင်းဇယားအားလုံး ကိုရွေးချယ်ပြီး ရက်သတ်မှတ်ပြီး ထိုသတ်မှတ်ထားတဲ့ရက်အတွင်းမှ ဝင်ငွေစာရင်း ထွက်ငွေစာရင်းကိုလဲ ဇယားနှင့်တကွကြည့်ရှုနိုင်ပါတယ်။ မိမိအသုံးစရိတ်အားလုံးကို ရာခိုင်နှုန်းနဲ့ အလိုအလျောက်တွက်ချက်ပေးမှာဖြစ်ပြီး Dashboard မှာအမျိုးအစားနှင့် ထိုအမျိုးအစားအတွက် ရာခိုင်နှုန်းကိုလဲဖော်ပြထားမှာဖြစ်ပါတယ်။ မိမိအသုံးစာရင်းကို တစ်ပါးသူမသိရှိစေရန် Application ကို Passcode ထားပြီး လုံခြုံမှုကိုတိုးမြှင့်နိုင်ပါတယ်။ အသုံးပြုထားသော စာရင်းဇယားများမပျောက်ပျက်သွားစေဖို့ ဖုန်းထဲသို့အချက်အလက်များကူးထားနိုင်သလို ဖုန်းထဲမှအချက်အလက်များကိုလဲ ပြန်လည်ထည့်သွင်းခြင်းကိုပြုလုပ်နိုင်ပါသေးတယ်။ ထို့အပြင် အင်တာနက်နဲ့ချိတ်ဆက်ပြီး Atone Sayin Cloud တွင်အချက်အလက်များကိုကူထားနိုင်သလို အင်တာနက်ချိတ်ဆက်ပြီး Atone Sayin Cloud မှအချက်အလက်များကိုပြန်လည်ထည့်သွင်းနိုင်ပါတယ်။ Applicationကို အသုံးမပြုလိုတော့ပါက အချက်အလက်အားလုံးကိုလဲဖျက်ပစ်နိုင်တာမို့ မိမိငွေရေးကြေရေးနဲ့ ပက်သက်ပြီး စိတ်ချလုံခြုံမှုများရရှိစေမှာပါ။ ထို Applicationတွင် Google ဖြင့်ဖြစ်စေ ဖုန်းနံပါတ်ဖြင့်ဖြစ်စေ အကောင့်ဖွင့်နိုင်ပါတယ်။ မြန်မာဘာသာဖြင့် ဖန်တီးထားတာမို့ သုံးရလွယ်ကူစေပါတယ်။ Version မှာ 2.2.1 ဖြစ်ပြီး Kyaw Htut မှတီထွင်ဖန်တီးပါတယ်။

Download Link – https://play.google.com/store/apps/details?id=com.kyawhtut.athonesayin