မြန်မာတို့အတွက် လူမှုကွန်ရက်အသစ် “ပြော”

၂၀၁၅ခုနောက်ကစပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြား Telecom ကုမ္ပဏီများဝင်ရောက်လာပြီးတဲ့နောက် အွန်လိုင်းသုံးစွဲမှုက သိသိသာသာတိုးတက်လာတာကိုတွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံအွန်လိုင်းအသုံးပြုမှုမှာ သတင်းအချက်အလက်များရှာဖွေရန်နဲ့ လူမှုကွန်ရက်အသုံးပြုမှု နှစ်ခုက ကြီးစိုးနေရာယူထားပါတယ်။ လူမှုကွန်ရက်များကို မြန်မာနိုင်ငံမှာ အင်တာနက်လို့တောင် တင်စားခေါ်ဝေါ်လှရအောင် နယ်စွန်နယ်ဖျားများမှအစ မြို့ကြီးများပါမကျန် သုံးစွဲသူများ နေ့စဉ် သုံးစွဲသူ သန်းများပေါင်းများစွာရှိနေပါတယ်။့မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံး Facebook ဟာဆိုရင် တစ်ခြားသော အင်တာနက်ကိုအသုံးပြုရသော အရာများထက် ၉၀ရာခိုင်နှုန်းလောက် များပြားနေတာဟာ အံ့မခန်းကွာခြားမှုတစ်ခုပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သုံးစွဲကျတဲ့ လုူမှုကွန်ရက်များအများစုမှာ နိုင်ငံခြားဘာသာနဲ့ ဖြစ်နေတာကြောင့် အလွယ်တကူအသုံးမပြုနိုင်သူများ၊ ကွန်ရက်တွင်ပါဝင်သော Feature များကို ကောင်းကောင်းမသိရှိသူများ ရှိနေပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံသားများ များများပြော များများဆက်သွယ်နိုင်ရန် ရည်ရွယ်ဖန်တီးထားတဲ့ မြန်မာ့နိုင်ငံအခြေစိုက် “Pyaw” လှုမုကွန်ရက်နဲ့ မိတ်ဆက်ပေးလိုပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Pyaw လူမှုကွန်ရက်ဟာ မြန်မာနိုင်ငံသားများရဲ့ လူမှုကွန်ရက်အသုံးပြုမှုလိုအပ်ချက်များကိုအခြေခံထားတာမို့ မြန်မာနိုင်ငံသားများအတွက် အသုံးပြုရာတွင် အခက်မတွေ့စေဘဲ ရင်းနီးမုရယူစေမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံသားများအတွက် အထူးဖြည့်သွင်းချက်အနေနဲ့ တစ်ခြားကွန်ရက်တွေမှာ အလွယ်တကူမရရှိနိုင်တဲ့ အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ်သို့ ဘာသာပြန်တဲ့စနစ်ကိုထည့်သွင်းပေးထားပါတယ်။ Pyaw application တွင် အငြင်းပွားဖွယ်စရာ အကြောင်းကိစ္စများဆွေးနွေးတဲ့အခါမှာ မိမိကိုယ်ရေးအကျဉ်းအကြောင်းအချက်အလက်များကို မဖော်ပြလိုသူများအတွက် အမည်မသိသူအနေဖြင့် ပို့စ်များတင်ကာဆွေးနွေးနိုင်တဲ့ Anonymous Posts လဲပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာလူမျိုးတို့ဓလေ့အရ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှုများတိုးပွားစေရန် အချင်းချင်းလက်ပြအချက်ပေးနှုတ်ဆက်နိုင်သော Wave စနစ်လဲပါဝင်ထည့်သွင်ပေးထားပါတယ။် Android, iOS နဲ့ PC သုံးမျိုးစလုံးမှာအသုံးပြုနိုင်ပြီး လက်ရှိအသုံးပြုသူဦးရေ ၅သောင်းကျော်ရှိပါတယ်။

Photo Source- Screenshot by Myanmar Tech Press

အသုံးပြုမှာ ပထမဆုံးအသုံးပြုနိုင်ရန်အတွက် ဦးစွာအကောင့်ဖွင့်ရပါမယ်။ အကောင့်ဖွင့်တဲ့နေရာမှာ မိမိလက်ရှိသုံးနေတဲ့ Facebook အကောင့်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်သလို အီးမေလ် သို့မဟုတ် ဖုန်းနံပါတ်ကိုအသုံးပြုကာ အကောင့်အသစ်ဖွင့်ခြင်းကိုပြုလုပ်နိုင်ပါတယ်။ ထို့နောက် Newsfeed တွင် မိမိနဲ့ Friends ဖြစ်သောသူများမှတင်သော ပို့စ်များ၊ အားလုံးတင်သော ပို့စ်များဆိုပြီး နှစ်မျိုးခွဲခြား ကြည့်ရှုလို့ရပါတယ်။ သက်ဆိုင်သောပို့စ်များအလိုက် မိမိစိတ်ကြိုက် ကောမန့်ပေးခြင်း၊ ကြိုက်နှစ်သက်ပါက ကြယ်ပွင့်များပေးခြင်း၊ Shareခြင်းကိုပြုလုပ်နိုင်ပြီး ကြိုက်နှစ်သက်သောသူအရေအတွက် shareလုပ်သောသူအရေအတွက်တွေကိုပါ တစ်ခါထဲကြည့်ရှုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Home button ဘေး Friend Requests တွင် Suggestion( မိမိနဲ့သိမြင်ဟု ခန့်မှန်းထားသူများ)၊ Requests( မိမိနှင့် သူငယ်ချင်းဖြစ်ချင်၍လာရော်က addထားသူများ)၊ Pages များ နဲ့ awaiting တို့ရှိပါတယ်။ တစ်ယောက်ယောက်ကို သူငယ်ချင်းအဖြစ်လက်ခံလိုပါက confirm ကိုနှိပ်ရမှာဖြစ်ပြီး profile ကို ဝင်ရောက်ကာ ကြယ်ပေးခြင်း နဲ့မက်ဆေ့ပို့ခြင်းကိုပြုလုပ်နိုင်ပါတယ်။ ထို့နောက် မက်ဆေ့ပို့ရန်နေရာနဲ့ အသိပေးချက်များပေးသာနေရာဆိုပြီး စုစုပေါင်း ကဏ္ဍလေးရပ်ပါရှိပါတယ်။ ထူးခြားချက်မှာ မိမိတင်တဲ့ပို့စ်တွကို တစ်ခြားသူမမြင်အောင်ကန့်သတ်လို့မရခြင်းပဲဖြစ်ပါတယ်။ စစ်တမ်းများအရ မြန်မာနိုင်ငံမှာ content ဖန်တီးခြင်းထက် share လုပ်ပြီး မျှဝေခြင်းအလေ့အထကပိုမိုများပြာတာမို့ မြန်မာတွေလိုအပ်ချက်အရ shareပြုလုပ်ခြင်းကိုအဓိကရည်ရွယ်ချက်ထား ဖန်တီးထားပါတယ်လို့ ယူဆမိပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ဓာတ်ပုံများနဲ့ အတွေးအမြင်များကို လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်းဝါသနာပါသူများအတွက် ပို့စ်တင်ခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ပို့စ်တင်ခြင်းကို ပြုလုပ်လိုပါက Home အောက်ကိုနှိပ်ကာ What’s on your mind တွင် စာသားများတင်နိုင်ပြီး camera buttonကိုနှိပ်ကာ ဓာတ်ပုံများထည့်သွင်းနိင်ပါတယ်။ Link ထည့်လိုပါက သက်ဆိုင်ရာlink ကိုကော်ပီကူးပြီးထည့်နိုင်ကာ Tag Friends တွင်သူငယ်ချင်းများကို tag တွဲနိုင်ပါတယ်။ အမည်မဖော်လိုသူတစ်ဦးအနေနဲ့ တင်လိုပါက anonymousကိုရွေးချယ်ရမှာဖြစ်ပါတယ်။Profile တွင်ပြောင်းလဲခြင်းကိုပြုလုပ်လိုပါက Notification icon အပေါ်ကိုမှ iconကိုနှိပ်ကာ update နေရာတွင် နာမည်ပြောင်းလဲခြင်း၊ profile ပြောင်းလဲခြင်းကိုပြုလုပ်လို့ရပါတယ်။ အခြား လူမှုကွန်ရက်များကဲ့သို့ စုံလင်စွာမဖွံ့ဖြိုးသေးသော်လဲ အသုံးပြုရ လွယ်ကူပြီး ရွေမြန်မာများအတွက်ရည်ရွယ်ဖန်တီးထားတာကြောင့် နောင်တွင် ပိုမိုစုံလင်သော လုံခြုံစိတ်ချရသော လူမှုကွန်ရက်တစ်ခုဖြစ်လာစေရန် မျှော်လင့်မိပါတယ်။

Pyaw application ကိုရယူလိုပါက –
https://play.google.com/store/apps/details?id=mm.com.pyaw