Ooredoo မှ ကျပ်သိန်းပေါင်း ၄၄၂၀ ကျော်တန်ဖိုးရှိဒစ်ဂျစ်တယ်ကိရိယာများ လှူဒါန်း

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတွင်း ဒစ်ဂျစ်တယ်ကဏ္ဍ၊လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၇ ကျောင်းနှင့် လူမှုရေးအဖွဲ့အစည်းများထံ ငွေကျပ်သိန်းပေါင်း ၄၄၂၀ကျော်တန်ဖိုးရှိ ဒစ်ဂျစ်တယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။
Tablets ၁၂၂၁ ခု၊ စမတ်ဖုန်း ၅၁၁ ခု ၊ routers ၂၄၅၂ ခုနှင့် လစဉ်ဒေတာအစီအစဉ်များပါဝင်သောဆင်းကတ် ၁၇၂၈ ကတ်တို့အပါအဝင် စုစုပေါင်း ဒစ်ဂျစ်တယ်ပစ္စည်း ၄၁၈၄ ခုကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၇ ကျောင်း ၊ မြန်မာစာ ပေပံ့ပိုးကူညီမှုနှင့်ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတအဖွဲ့ (MBAPF) ၊မြန်မာနိုင်ငံစာကြည့်တိုက်အသင်း(MLA) နှင့် ဘုန်းတော်ကြီးသင်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MEDG)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့်ပူးပေါင်း ဆောင်ရွက်သည့် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးစီမံကိန်း (SEAD)တို့အတွက် ပေးအပ်လှူဒါန်းခဲ့သည်။
စာကြည့်တိုက်အသုံးပြုသူများ၊ စာကြည့်တိုက်မှူးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သင်ကြားပြသသူများ၊ စာသင်သားများ၊ ဒစ်ဂျစ်တယ်စာကြည့်တိုက် ပရောဂျက်များမှ သင်တန်းဆရာများနှင့် သင်တန်းသားများ၊ Tech Age Girls ပရိုဂရမ်တွင် ပါဝင်သူအချို့နှင့်၊ မြန်မာနိုင်ငံ အပူပိုင်းဒေသများဖြစ်ကြသော မြင်းခြံနှင့်ညောင်ဦးတို့တွင် လုပ်ဆောင်လျက်ရှိသည့်ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) စီမံကိန်းတွင် ပါဝင်သည့် လယ်သမားများသည် အူရီဒူး၏ ပံ့ပိုးကူညီမှုများနှင့် ၎င်း၏ခေတ်မီဒစ်ဂျစ်တယ် နည်းပညာကို အသုံးချခြင်းဖြင့် အသိပညာများနှင့် ဒစ်ဂျစ်တယ်ဗဟုသုတများရရှိနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/OoredooMyanmar

“ကျွန်တော်တို့ အူရီဒူးမြန်မာရဲ့ “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသောဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်း ပေးရန်” ဆိုသည့် ရည်မှန်းချက်နှင့်အညီ ခေတ်မီဆန်းသစ်ကောင်းမွန်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များ ကို ပေးအပ်နေရုံသာမက ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကိုလည်း ရှာဖွေကာ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ရာမှာအဓိကမဏ္ဍိုင်များဖြစ်ကြသောပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့ကို အဓိကဦးစားပေးပြီး နည်းပညာအထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုရန်နှင့် ပါဝင်ကူညီရန် အခွင့်အလမ်းများကို ဆက်လက်ရှာဖွေ ပံ့ပိုးပေးသွားမယ်လို့ ကတိပြုပါတယ်။ အူရီဒူးသည် ဝန်ဆောင်မှုသုံးစွဲသူများ အဆက်အသွယ်မပြတ်စေရန်ရှိနေမှာဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
ဘုန်းတော်ကြီးသင်ပညာရေးကဏ္ဍသည် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများကို ပညာပေးရာတွင် အရေးပါသောကြောင့် အူရီဒူးမြန်မာအနေဖြင့် မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်မှ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများကို ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှစ၍ ဤအစီအစဉ်မှ စီမံကိန်း ၅၉ ခုဖြင့် လိုအပ်သော စက်ကိရိယာများ၊ အင်တာနက်ချိတ်ဆက်မှုများ၊လေ့ကျင့်ရေးအစီအစဉ်များ စသည်တို့ အပါအဝင် အခြေခံ အထောက်အပံ့ပစ္စည်းများနှင့်ကျောင်းအဆောက်အဦ ၃၉ ဆောင်တို့ကိုပံ့ပိုးပေးခဲ့သည်။
၂၀၁၉ ခုနှစ်မှ စတင်၍လည်း အူရီဒူးမြန်မာသည် UNDP နှင့် ပူးပေါင်း၍ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာဖွံဖြိုးတိုးတက်ရေးစီမံကိန်း(SEAD) စီမံကိန်းဖြင့် မြန်မာနိုင်ငံ အပူပိုင်းဇုန်ဒေသရှိ တောင်သူများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးခဲ့သည်။
အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုဖြင့် ၎င်းလူမှုအသိုင်းအဝိုင်းအသီးသီးရှိ မြန်မာပြည်သူပြည်သားများအနေဖြင့် ၎င်းတို့၏ ပညာရေးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်စွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် အဆိုပါကိရိယာများ၊ router များနှင့် အင်တာနက်ချိတ်ဆက်မှုများကို အသုံးချနိုင်မည်ဖြစ်သည်။