Tech Age Girls (TAG) အစီအစဉ်မှ နောက်ဆုံးအဆင့် လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းပြိုင်ပွဲတွင် ဆုရရှိသူ (၄၀) ဦးအား ထုတ်ပြန်

တစ်နှစ်ကြာမြင့်သည့် လေ့ကျင့်သင်ကြားမှုများအပြီးတွင် Tech Age Girls (TAG)အစီအစဉ်၏ နောက်ဆုံးအဆင့် လူမှုဝန်းကျင်အကျိုးပြုစီမံကိန်းပြိုင်ပွဲတွင် အနိုင်ရရှိသူ (၄၀)ဦးအားထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။
၎င်း အနိုင်ရရှိသူ အယောက် (၄၀)သည် ခေါင်းဆောင်မှုပိုင်းဆိုင်ရာထိပ်သီးအစည်းအဝေး (Leadership Summit) သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာဒေသများရှိ ၎င်းတို့ အဆိုတင်သွင်းထားသော လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းများကိုဆောင်ရွက်ရန်အတွက် လိုအပ်သောလမ်းညွှန်မှု၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ရရှိမည်ဖြစ်သည်။
TAG အစီအစဉ်၏ အခန်းကဏ္ဍသုံးပိုင်းတွင် သင်ယူလေ့လာမှုများပြီးမြောက်သွားပြီးနောက် သင်တန်းသူ ၁၀၈ဦးသည် နောက်ဆုံးအဆင့်စီမံကိန်းများတင်ပြခြင်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုငသူများအနေဖြင့် လက်ရှိ TAG အစီအစဉ်တွင် လေ့လာသင်ယူထားသော နည်းပညာဗဟုသုတများကို အသုံးချခြင်းဖြင့် လူမှုဝန်းကျင် အသီးသီး၏ လိုအပ်ချက်များအပေါ်အခြေခံ၍ ဖြေရှင်းချက်များကို ရှာဖွေဖော်ထုတ်ခဲ့ကြပါသည်။ ဆုရရှိသူများကို ၎င်းတို့၏ စီမံကိန်းဆိုင်ရာတင်ပြချက်များနှင့် စီမံကိန်းအသီးသီးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်းများအပေါ် အခြေခံ၍ ရွေးချယ်ခဲ့သည်။ သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းများ၏ လိုအပ်ချက်များကို စိစစ်ဆောင်ရွက်နိုင်ခြင်း၊ တွဲဖက်ဆောင်ရွက်ခြင်း၊ နည်းပညာအသုံးပြုခြင်း၊ တင်ဆက်မှုပုံစံနှင့် တီထွင်ဖန်တီးမှုတို့သည် တင်ပြမှုအကဲဖြတ်မှု မူဘောင် တွင် ပါဝင်သည်။
အူရီဒူးမြန်မာသည် ဆုရရှိသူများအားလုံးကိုသက်ဆိုင်ရာနေရာဒေသများအသီးသီးတွင် စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် လက်ပ်တော့သစ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ TAG ဆုရှင် ၄၀အတွက် အဆိုပါဆုများအားလုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

Photo Source http://www.ooredoo.com.mm

TAG အစီအစဉ် (၂၀၂၁)၏ ခေါင်းဆောင်မှုပိုင်းဆိုင်ရာထိပ်သီးအစည်းအဝေး (Leadership Summit) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်မှ (၂၁) ရက်အထိ (၉) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားခဲ့ပြီဖြစ်သည်။
ခေါင်းဆောင်မှုထိပ်သီးအစည်းအဝေး (Leadership Summit)တွင် အမျိုးသမီး စွန့်ဦးတီထွင်သူများ၏ဆွေးနွေးစကားဝိုင်း (Women Entrepreneurs Panel Discussion)၊ လူမှုဝန်းကျင်မှ အမျိုးသမီးခေါင်းဆောင်များ ၏ ဆွေးနွေးစကားဝိုင်း (Women Community Leaders Panel Discussion)၊ လူမှုဝန်းကျင်အကျိုးပြုစီမံကိန်း ပိုစတာပြိုင်ပွဲ (Community Project Poster Competition)၊ လူမှုဝန်းကျင်အကျိုးပြုစီမံကိန်းများကို ပြန်လှန်သုံးသပ်ခြင်းနှင့်လေ့ကျင့်မှု ဆွေးနွေးစကားဝိုင်းတို့နှင့်၊ အမျိုးသမီးငယ်လေးများအားပိုမိုကောင်းမွန်သော ဘဝဆုံးဖြတ်ချက်များချမှတ်နိုင်ရန်နှင့် ၎င်းတို့၏ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားနှင့် ရုပ်ပိုင်းဆိုင်ရာသုခများကို သက်ရောက်မှုရှိစေမည့် ကိစ္စရပ်များအတွက် ပညာပေးမှုများ ပြုလုပ်ရန်နှင့်ဝန်းကျင်ကောင်းတစ်ခုနှင့် လိုအပ်သည့်အရင်းအမြစ်များကို ပံ့ပိုးပေးရန် အထူးရည်ရွယ်စီစဉ်ထားသည့် Grit for Girls အစီအစဉ်တို့ ပါဝင်မည်ဖြစ်သည်။
TAG အစီအစဉ်ကို Myanmar Book Aid and Preservation Foundation (MBAPF) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းအစီအစဉ်သည် အသက် ၁၆နှစ်မှ ၂၀နှစ် အကြားရှိသည့် အမျိုးသမီးငယ်လေးများအား ခေါင်းဆောင်မှုနှင့် ရပ်ရွာဖွံ့ဖြိုးရေးအတွက် နည်းပညာကျွမ်းကျင်မှုကိုကောင်းစွာအသုံးချနိုင်ရန်ပံ့ပိုးပေးသည့် တစ်နှစ်တာအစီအစဉ်ဖြစ်သည်။ ၎င်းအစီအစဉ်သည် အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကို အကျိုးရှိစွာ အသုံးချနိုင်စေနိုင်မည်ဖြစ်သည့်အတွက် ပါဝင်သည့် အမျိုးသမီးများသာမက ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းကိုပါ အကျိုးပြုစေနိုင်မည်ဖြစ်ပါသည်။
၂၀၁၆ခုနှစ်မှစတင်၍ အူရီဒူးမြန်မာသည် TAG အစီအစဉ်အတွက်အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ကိရိယာများကို ပံ့ပိုးပေးခဲ့ပါသည်။ အစီအစဉ်၏ရလဒ်များအရ အူရီဒူးမြန်မာသည် ၂၀၁၉ခုနှစ်တွင် TAG ၏ အဓိက ပံ့ပိုး ကူညီသူဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အစီအစဉ်၏အောင်မြင်မှုကြောင့် အူရီဒူးမြန်မာမှ Tech Age Girls 2020-2021 တွင် ပုံမှန်အစီအစဉ်များထက် ပါဝင်သူဦးရေ နှစ်ဆပိုမိုပါဝင်နိုင်အောင် တိုးမြှင့်ပံ့ပိုးပေးခဲ့သည့်အတွက် Tech Age Girls 2020-2021 တွင် အမျိုးသမီးငယ်ပေါင်း ၂၀၀ ကျော် ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါသည်။
ဆုရရှိသူ၄၀ဦးနှင့် သက်ဆိုင်ရာစီမံကိန်းခေါင်းစဉ်များမှာ ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။
http://www.ooredoo.com.mm