CB Bank Credit Card သုံးစွဲသူများ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း သုံးစွဲငွေများပေးဆပ်ရာတွင် ရပ်ဆိုင်းထားခဲ့သော Late Payment Fee ကို မေလမှစတင်ကောက်ခံ

CB Bank အနေဖြင့် Credit Card သုံးစွဲသူများ အဆင်ပြေစေရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း သုံးစွဲငွေများပြန်လည်ပေးဆပ်ရာတွင် ရပ်ဆိုင်းပေးထားခဲ့သော Late Payment Fee ကို မေလမှစတင်၍ ပြန်လည်ကောက်ခံနေပြီဖြစ်ပါကြောင်း သိရသည်။

Photo Source https://web.facebook.com/CBBankmyanmar

CB Bank Customer များအနေဖြင့် Credit Card ငွေပြန်လည်ပေးသွင်းရာတွင် အောက်ဖော်ပြပါနည်းလမ်းများဖြင့် ပေးသွင်းနိုင်ပါသည်။
(၁) CB Pay App ကိုအသုံးပြု၍ ပေးသွင်းနိုင်ခြင်း။
(၂) CB Card+ App ကိုအသုံးပြု၍ ပေးသွင်းနိုင်ခြင်း။
(၃) နီးစပ်ရာ CB Bank ၏ ဘဏ်ခွဲများမှတစ်ဆင့် ငွေသား (သို့မဟုတ်) CB Bank Cheque ဖြင့် ပေးသွင်းနိုင်ခြင်း
(၄) CB Bank iBanking (Personal) မှတစ်ဆင့်ပေးသွင်းနိုင်ခြင်း
(၅) CB Bank CRM စက်များမှတစ်ဆင့် ပေးသွင်းနိုင်ခြင်း တို့ဖြစ်သည်။
(၆) နီးစပ်ရာ CB Bank ၏ ဘဏ်ခွဲများ၌ ပြည်တွင်းရှိမည့်သည့်ဘဏ်၏ Cheque နှင့်မဆို ပေးသွင်းနိုင်ခြင်း(ငွေပြန်လည်ပေး သွင်းခြင်းပြီးမြောက်ရန် ဘဏ်ဖွင့်ရက် အနည်းဆုံး ၃ ရက်ကြာပါမည်။)
(၇) ပြည်တွင်းရှိမည်သည့်ဘဏ်အကောင့်ဖြင့်မဆို CBM Net မှတစ်ဆင့်CB Bank အကောင့်ထဲသို့ ငွေဖြည့်သွင်းပြီး ထိုမှတစ်ဆင့် CB Pay ကိုအသုံးပြုကာ ပြန်လည်ပေးသွင်းနိုင်ခြင်း (ငွေပြန်လည်ပေးသွင်းခြင်း ပြီးမြောက်ရန်အတွက် ကြာချိန်မှာအသုံးပြုသည့် အခြားဘဏ်၏ ဝန်ဆောင်မှုအပေါ် မူတည်ပါမည်။)
CB Pay၊ CB Bank iBanking (Personal) နှင့် CB Bank CRM များမှတစ်ဆင့် ငွေပြန်လည်ပေးသွင်းပုံအဆင့်ဆင့်ကို အသေးစိတ်သိရှိလိုပါက https://www.cbbank.com.mm/…/credit_card_repayment_pdf.pdf တွင် ဝင်ရောက် လေ့လာနိုင်သည်။