အူရီဒူးမြန်မာမှ ‘ချွင် ချွင် ချွင်’ ပရိုမိုးရှင်းအစီအစဉ်၏ ရွှေ ၁၀ ကျပ်သား အထူးဆုကံထူးရှင်များအား ရွေးချယ်

အူရီဒူးမြန်မာသည် ၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရုံးချုပ်၌ “ချွင် ချွင် ချွင်’” အစီအစဥ်၏ အထူးဆုကြီးများအတွက် ကံထူးရှင်များရွေးချယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ‘ရွှေ ၁၀ ကျပ်သားဆု’ ကံထူးရှင် (၃) ဦးအား စာနယ်ဇင်းမီဒီယာများ၏ ရှေ့မှောက်တွင် ရွေးချယ်ခဲ့ပါသည်။ ပွဲအတွင်း စာနယ်ဇင်းမီဒီယာများမှ ကြွရောက်လာသူ (၃) ဦးတို့မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ကံထူးရှင်များအား  မဲနှိုက် ရွေးချယ်ပေးခဲ့သည်။ ကံထူးရှင်များအား ကံစမ်းမဲတစ်ခါစီ ရွေးချယ်ပြီးသည့်အခါတိုင်း တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ဖြင့် ဖုန်းခေါ်ဆိုအကြောင်းကြားခဲ့ပါသည်။

Image: ooredoo

အူရီဒူး‘ချွင် ချွင် ချွင်’ အစီအစဉ်မှ  အထူးဆု ကံထူးရှင် (၃) ဦးမှာ မော်လမြိုင်မြို့နယ်မှ ကိုရဲထွန်းနိုင်၊ မရမ်းကုန်းမြို့နယ်မှ ကိုမိုးဟိန်းကျော်နှင့် ပုတီးကုန်းမြို့နယ်မှ ဒေါ်သန်းသန်းထွေးတို့ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Marketing ဖြစ်သူ Mr. Nalin Jain က “ ‘ချွင် ချွင် ချွင်’ အစီအစဥ်ရဲ့ အထူးဆုကံထူးရှင်များကို ရွေးချယ်ရတဲ့အချိန်ဟာ တကယ့်ကို  ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ယခုလို စာနယ်ဇင်းအဖွဲ့၀င်များနဲ့အတူ ဒစ်ဂျစ်တယ်စနစ်ကိုသုံးပြီး အထူးဆုကံထူးရှင်များကို ရွေးချယ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ကတဆင့် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်ကို အားလုံးနဲ့ မျှ၀ေခွင့်ရလို့ ဝမ်းသာပါတယ်။ ‘ချွင် ချွင် ချွင်’ နဲ့အတူ နေ့စဥ် ရွှေဒင်္ဂါးကံထူးရှင်ပေါင်း (၁၈၃) ဦးကို ဆုချီးမြှင့်ပေးခဲ့ပြီဖြစ်ပြီး ယခုတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ ရွှေ ၁၀ ကျပ်သား အထူးဆုကံထူးရှင်များကို ရွေးချယ်ချီးမြှင့်ရမယ့်အချိန်ဖြစ်ပါတယ်။

ကျွန်တော် ဒီကနေ ကံထူးရှင်များအားလုံးအတွက် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့နဲ့ အစဉ်အမြဲ အတူရှိနေပေးတဲ့ အူရီဒူးသုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူများကို အကောင်းဆုံး၀န်ဆောင်မှုများ ဆက်လက်ပေးအပ်သွားမှာဖြစ်တဲ့အပြင် ‘ချွင် ချွင် ချွင်’ ကဲ့သို့ စိတ်လှုပ်ရှားစရာ အစီအစဥ်များကိုလည်း ပြုလုပ်ပေးဖို့ အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်သည်။

Image: ooredoo

အူရီဒူးမြန်မာမှ “ချွင်ချွင်ချွင်” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၉၉၉ ကျပ်နှင့်အထက် အူရီဒူး ဒေတာနှင့် ဖုန်းခေါ်ဆိုမှုအစီအစဉ်များအား ဝယ်ယူသူတိုင်း ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်ရရှိခဲ့ပါသည်။ အစီအစဉ်ကာလမှာ အူရီဒူးမြန်မာက နေ့စဉ် ရွှေတစ်မတ်သား ရွှေဒင်္ဂါးဆုပေါင်း (၁၈၃) ဆုကိုပေးအပ်ခဲ့ပြီး  ယခု အထူးဆုကြီးများအနေဖြင့် ရွှေ ၁၀ ကျပ်သား ဆုကြီး (၃) ဆု ကို ရွေးချယ် ပေးအပ်ခြင်း ဖြစ်ပါသည်။

ကံထူးရှင်ရွေးချယ်သည့်နည်းလမ်းမှာ ရွေးချယ်ရန်အကျုံး၀င်သော သုံးစွဲသူများ၏ဖုန်းနံပါတ် အားလုံးကို ဒေတာဘေ့စ်ထဲတွင်ထည့်သွင်းထားပြီး တိုက်ရိုက်ထုတ်လွှင့်ပွဲ၌ “Spin the Wheel” ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းဖြင့် ရွေးချယ်ခဲ့ပါသည်။