အူရီဒူးမြန်မာမှ လူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများ နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးရန် Internship Program အား စတင်

အူရီဒူးမြန်မာသည် မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးနိုင်ရန် နှင့် အရှိန်အဟုန်မြင့် တိုးတက်လျက်ရှိသော ဆက်သွယ်ရေးလုပ်ငန်းတွင် ပြည်တွင်းမှ အလားအလာရှိသူများအား  ပြုစုပျိုးထောင်၍ ဝင်ရောက်လုပ်ကိုင်နိုင်စေရန်အလို့ငှာ ၂၀၂၃ ခုနှစ် အတွက် Internship အစီအစဥ်အား စတင်လိုက်ပါသည်။

ဆက်သွယ်ရေးသည် ကမ္ဘာတစ်ဝှမ်းတွင် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်နေသည့် လုပ်ငန်းနယ်ပယ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်လာပါသည်။  လူ့အဖွဲ့အစည်းတွင် အရည်အသွေးမြင့် ဆက်သွယ်ရေး၀န်ဆောင်မှုများအား လိုအပ်ချက်များလာသည်နှင့်အမျှ ဆက်သွယ်ရေးလုပ်ငန်းတွင် မတူညီသောတာ၀န်နယ်ပယ်များဖြစ်သည့် နည်းပညာ၊ ဒစ်ဂျစ်တယ်၊ အိုင်တီ၊ ဘဏ္ဍာရေး၊ အရောင်းဌာန၊ စျေးကွက်ရှာဖွေရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ကော်ပိုရိတ်ဆက်သွယ်ရေး အစရှိသည့်ကဏ္ဍအသီးသီးတွင် အရည်အချင်းပြည့်၀သည့် ပရော်ဖက်ရှင်နယ်များလည်း လိုအပ်လျက်ရှိလာပါသည်။

Image: ooredoo

အူရီဒူးမြန်မာ၏ internship အစီအစဥ်သည် internship ကာလအတွင်း စာသင်ခန်းပုံစံ လေ့ကျင့်သင်ကြားမှုများနှင့် လမ်းညွှန်ပြသပေးမှုများ၊ လုပ်ငန်းတာ၀န်အမျိုးမျိုးတို့တွင် အလှည့်ကျလုပ်ဆောင်ရမည့် အစီအစဉ်များ ပါဝင်သည့်အတွက်  ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ကြွယ်၀သည့်ဗဟုသုတများကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ အစီအစဥ်ကာလမှာ (၃) လကြာမြင့်မည်ဖြစ်ပြီး အစီအစဥ် ပြီးဆုံးသည့်အချိန်တွင် အရည်အချင်းပြည့်မီသောလူငယ်များအား ရွေးချယ်ကာ အူရီဒူးမြန်မာ၌ အလုပ်ခန့်အပ်သွားမည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က “လူငယ်တွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အူရီဒူးမြန်မာရဲ့ internship အစီအစဥ်မှတဆင့် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်နေတဲ့ ဆက်သွယ်ရေးကဏ္ဍကို သိရှိနားလည်စေဖို့ရည်ရွယ်ပြီး မြန်မာလူငယ်များအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အလုပ်သင်တွေအနေနဲ့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ များစွာသောလုပ်ငန်းတာ၀န်တွေထဲမှ ၎င်းတို့ စိတ်ပါဝင်စားတဲ့ ဌာနတွေရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို သိရှိလေ့လာနိုင်ဖို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူတွေကို ဒီအခွင့်အရေးအတွက် ပါဝင်လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။ ပါဝင်ခွင့်ရတဲ့လူတွေအနေနဲ့ အူရီဒူးမှာ ဆက်သွယ်ရေးနယ်ပယ် လုပ်ငန်းပိုင်ဆိုင်ရာနဲ့ပါတ်သတ်ပြီး  အလွန်အသုံးဝင်တဲ့ အသက်မွေးမှုပညာအတွေ့အကြုံတွေကို  ရရှိမယ်ဆိုတာ သေချာပါတယ် ” ဟုပြောကြားသည်။

 အလုပ်သင်လျှောက်ထားရန်အတွက် လိုအပ်သည့် အရည်အချင်း သတ်မှတ်ချက်များမှာ –

  • မြန်မာနိုင်ငံသားဖြစ်ရမည်။
  • ပညာအရည်အချင်း ကောင်းမွန်သော ဘွဲ့ရ (သို့မဟုတ်) နောက်ဆုံးနှစ် ကျောင်းသား ဖြစ်ရမည်။ ဥပမာ – GPA 3.5 နှင့်အထက် သို့မဟုတ် ဘာသာရပ်များတွင် ရမှတ် ၈၀% အထက် ရှိရမည်။
  • အသက် ၂၅ နှစ် အောက်ဖြစ်ရမည်။ (အလုပ်လျှောက်ရန် စာရင်းသွင်းသည့်အချိန်တွင်)
  • Telecom လုပ်ငန်းတွင် အသက်မွေးဝမ်းကြောင်းပြုရန် စိတ်ပါဝင်စားသူဖြစ်ရမည်။
  • အရည်အချင်းပြည့်ဝပြီး တာဝန်သိစိတ်ရှိသော ခေါင်းဆောင်တစ်ယောက်ကဲ့သို့ အလားအလာရှိသူ ဖြစ်ရမည်။
  • တစ်ဦးတည်း သို့မဟုတ် အဖွဲ့အစည်းဖြင့် လုပ်ဆောင်နိုင်ရမည်။
  • English အရေး၊ အပြော ကျွမ်းကျင်သူဖြစ်ရမည်။

အူရီဒူးမြန်မာမှ Technology & Information, Human Resources, Finance, Marketing,  B2B and Wholesale, Digital, Business Intelligence and Analytics, Corporate Communications စသည့် ဌာနများတွင် အလုပ်သင်အဖြစ် ဝင်ရောက်လေ့လာလုပ်ကိုင်ခွင့်များ  ပေးအပ်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင် https://shorturl.at/AYZ79 တွင် လျှောက်ထားနိုပါသည်။ လျှောက်လွှာများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်သည်။