အူရီဒူးမြန်မာမှ ‘ချွင် ချွင် ချွင်’ ပရိုမိုးရှင်းအစီအစဉ်၏ ရွှေ (၁၀) ကျပ်သား အထူးဆု ကံထူးရှင်များအား ဆုချီးမြှင့်

အူရီဒူးမြန်မာသည် ‘ချွင် ချွင် ချွင်’ ပရိုမိုးရှင်းအစီအစဥ်၏ အထူးဆုကြီးများ ချီးမြှင့်ခြင်းအခမ်းအနားအား Melia ဟိုတယ်၌ ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်၀ါရီလ (၃) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အူရီဒူးမြန်မာမှ အထူးဆုကံထူးရှင် (၃)ဦးကို ရွှေ (၁၀)ကျပ်သားဆုကြီးများ ချီးမြှင့်ခဲ့ပါသည်။

ကံထူးရှင် (၃) ဦးမှာ မြို့နယ်အသီးသီးမှဖြစ်ကြပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကိုရဲထွန်းနိုင်၊  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ ကိုမိုးဟိန်းကျော် နှင့် ပဲခူးတိုင်းဒေသကြီး ပုတီးကုန်းမြို့မှ ဒေါ်သန်းသန်းထွေးတို့ ဖြစ်ပါသည်။

Image: ooredoo

ကံထူးရှင်ရွေးချယ်ပွဲအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်တွင် ရန်ကုန်၊ အူရီဒူးမြန်မာရုံးချုပ်၌ စာနယ်ဇင်းမီဒီယာများ၏ရှေ့မှောက်တွင် အူရီဒူးမြန်မာ၏ဆိုရှယ်မီဒီယာမှတဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပခဲ့ပါသည်။ တိုက်ရိုက်ထုတ်လွှင့်သည့် အစီစဉ်တွင် စာနယ်ဇင်းဆရာ (၃)ဦးမှ ဒစ်ဂျစ်တယ် Spin the Wheel tool ဖြင့် ဆုများအားရွေးချယ် ကူညီပေးခဲ့ကြပါသည်။

ရွှေ (၁၀)ကျပ်သား ကံထူးရှင်များအနေဖြင့် မမျှော်လင့်သောကံထူးမှုကြီးအတွက် လွန်စွာအံ့အားသင့် စေခဲ့ပါသည်။ ကိုရဲထွန်းနိုင်မှ “ယခုလို ရွှေ (၁၀)ကျပ်သားဆု ကံထူးရှင်အဖြစ် ရွေးချယ်ခံရလို့ တကယ့်ကိုအံ့သြ ပျော်ရွှင်ရပါတယ်။ ပထမတော့ မယုံဘူးဗျ၊ ကျွန်တော့်သူငယ်ချင်းတွေက စနေတာပဲထင်တာ။ နောက်မှ အူရီဒူးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ကနေ ပြောနေတယ်ဆိုတာသိရလို့ အရမ်းအံ့သြသွားခဲ့တာပါ။ ကျွန်တော်က ကားမောင်းပြီး အသက်မွေး၀မ်းကြောင်းပြုပါတယ်။ အဲနေ့ကဆို ၀မ်းသာလွန်းလို့ အလုပ်တောင် ဆက်မလုပ်နိုင်တော့ဘူးဗျ။ အူရီဒူးကို လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး နံပါတ်လေးလှလို့ စသုံးဖြစ်တာပါ။ များသောအားဖြင့် အသံခေါ်ဆိုမှုနဲ့ ဒေတာပက်ကေ့ချ်တွေ ၀ယ်တာများပါတယ်။ ဒေတာပက်ကေ့ချ်ကိုတော့ ပို၀ယ်ဖြစ်ပါတယ်။ အခုဆိုရင် အူရီဒူးသုံးရတာ ပိုပျော်ရတာပေါ့။ အူရီဒူးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု အားရ၀မ်းသာစွာဖြင့် ပြောကြားခဲ့ပါသည်။

Image: ooredoo

မရမ်းကုန်းမြို့နယ်မှ ကိုမိုးဟိန်းကျော်မှ “ကံထူးရှင်တွေထဲ တစ်ယောက်အပါအ၀င်ဖြစ်လို့ အရမ်းပဲ ၀မ်းသာရပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော့်မိသားစုကို မှီခိုနေဆဲဖြစ်ပြီး အဖေ့ရဲ့အလုပ်တွေကို ကူလုပ်ပေးပါတယ်။ ဆုကြေးကို ကျွန်တော့်မိသားစုအတွက်ရော၊ လိုအပ်တဲ့သင်တန်းတွေ တက်ရင်း ကျွန်တော့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ အသုံးပြုသွားမှာပါ။ အူရီဒူးကို ကျေးဇူးတင်ပါတယ်။ ဒီဆုကြီးက ကျွန်တော့်ဘ၀အတွက် အကြီးမားဆုံးကံကောင်းမှုတစ်ခုပါပဲ။ အရင်တုန်းကဆို အူရီဒူးရဲ့ ‘ဒုန်း ဒုန်း ဒုန်း’ ဂိမ်းကစားပြီး အများဆုံး ဒေတာ 1 GB ပဲ ပေါက်ဖူးတာပါ။” ဟု ပြောကြားခဲ့ပါသည်။

ပုတီးကုန်းမှ ဒေါ်သန်းသန်းထွေးမှ “အူရီဒူးရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကံစမ်းမဲအစီအစဥ်ကနေ ဆက်သွယ်လာလို့ အရမ်းအံ့သြဝမ်းသာရပါတယ်။ အူရီဒူးကို လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက သုံးနေခဲ့တာပါ။ ပက်ကေ့ချ်တွေသုံးပေမယ့် ကိုယ်တိုင်မဝယ်တတ်လို့ ပက်ကေ့ချ်၀ယ်မယ်ဆို သူငယ်ချင်းတွေကိုပဲ အကူအညီတောင်းရပါတယ်။ ဒီသတင်းကောင်းကြီးကြားလိုက်ရလို့ ပြောမပြတတ်အောင် ၀မ်းသာရပါတယ်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၄ လက ဆုံးပါးသွားတဲ့ အမေ့ကို သတိရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ခုလိုအချိန်မှာ အမေနဲ့သာအတူတူမျှ၀ေခွင့်ရရင် အရမ်းပျော်ဖို့ကောင်းမှာပါ။ ပတ်၀န်းကျင် အိမ်နီးချင်းတွေကလည်း ကျွန်မအတွက် ၀မ်းသာဂုဏ်ပြုကြတယ်။ အဲနေ့ကဆို အိပ်လို့တောင်မပျော်ဘူး။ ဒီဆုကရတဲ့ငွေနဲ့ အမေ့အတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးမယ်၊ ကျွန်မအတွက်လည်း ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစလုပ်မယ်။ အူရီဒူးကို တကယ်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်လည်း အူရီဒူးကနေ ဆုတွေအများကြီးပေးနိုင်ပါစေ။” ဟု ပြောကြားခဲ့ပါသည်။

Image: ooredoo

အူရီဒူးမြန်မာသည် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်အား ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ (၁) ရက်တွင် စတင် မိတ်ဆက်ခဲ့ပါသည်။ ၉၉၉ ကျပ်နှင့်အထက် ဒေတာနှင့် ဖုန်းခေါ်ဆိုမှုပက်ကေ့ချ် ၀ယ်ယူသည့် အူရီဒူး သုံးစွဲသူများအား ဤကံစမ်းမဲအစီအစဉ်တွင် ထည့်သွင်းရွေးချယ်ခဲ့ပါသည်။ ဤပရိုမိုးရှင်းအစီအစဥ်မှတဆင့် အူရီဒူးမြန်မာသည် နေ့စဥ်ရွှေတစ်မတ်သားဆုကံထူးရှင်ပေါင်း ၁၈၃ ဆုနှင့် ရွှေ (၁၀) ကျပ်သား အထူးဆု ကံထူးရှင်(၃)ဦးအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။