OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် ပူးပေါင်းလက်တွဲနိုင်ခဲ့ပြီး ‘Shot of the Night’ ဖြင့် Roland-Garros 2020 တွင် Premium လုပ်ဆောင်မှုများကို ပြသ

၂၀၂၀ ပြည့်နှစ် Roland-Garros ပြိုင်ပွဲတွင် Rafal Nadal မှ ကမ္ဘာ့ နံပါတ်တစ် Djokovic ကို ကျော်ဖြတ်၍ သူ၏ ၁၃ ကြိမ်မြောက် Roland Garros ဆုဖလားကို အောင်မြင်စွာ ဆွတ်ခူးရရှိ ခဲ့သည်။ OPPO မှ Roland Garros နှင့် ၂ နှစ်မြောက် လက်တွဲလုပ်ကိုင်ခဲ့ပြီး Parisian Grand Slam ၏ ပထမဦးဆုံး Premium Smartphone Sponsor လည်းဖြစ်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့သော အားကစားသမားများနှင့်အတူ ပြိုင်ပွဲကို ဘေးကင်းလုံခြုံ၍ ကြီးကျယ်ခမ်းနားစွာ စီစဉ်ပေးခဲ့သူများ အားလုံးအတွက် လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်ပြိုင်ပွဲ၏ အထင်ကရဖြစ်သော Rafal Nadal နှင့် Iga Swiatek တို့၏ စံချိန်ချိုး စွမ်းဆောင်မှုများသည် တင်းနစ်အပေါ် ကမ္ဘာ့စိတ်ဝင်စားမှုကို ဖမ်းယူနိုင်ခဲ့သလို OPPO သည်လည်း လက်ရှိ ကမ္ဘာတစ်ဝန်း Men’s Singles အဆင့် ၁၁ တွင် ရပ်တည်လျက်ရှိသည့် ပြင်သစ်၏ ထူးချွန် သော တင်းနစ်ကစားသမား Gaël Monfils ပါဝင်သည့် Roland Garros Excluisve Night Experience ဖြင့် ၎င်း၏ ကိုယ်ပိုင်အမှတ်အသားကို ချန်ထားနိုင်ခဲ့သည်။ ထပ်ဆောင်း On-site အစီအစဉ်များတွင် OPPO Booth နှင့် Find X2 Pro ဖြင့် ရိုက်ကူးထားသော တရားဝင် ဓာတ်ပုံဆရာများ၏ OPPO Photo Gallery အပြင် ပြိုင်ပွဲဒါရိုက်တာနှင့် ကမ္ဘာ့နံပါတ်သုံး တင်းနစ်ကစားသမားဟောင်းဖြစ်သူ Guy Forget တို့မှ ကမ္ဘာ တစ်ဝန်းရှိ အငယ်တန်းကစားသမားများကို ချိတ်ဆက်၍ 5G ဗီဒီယိုခေါ်ဆောင်မှု လုပ်ဆောင်ပေးခြင်းတို့ ပါဝင်သည်။

Photo Source https://www.oppo.com/mm/

“Parisian Clay Court ရဲ့ ထူးခြားတဲ့ နေဝင်ချိန်မှာ ကစားခဲ့ကြတဲ့ အတွေ့အကြုံတွေအပြင် အဝေးရောက် အငယ်တန်းကစားသမားတွေနဲ့ 5G ချိတ်ဆက်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယခုနှစ် OPPO နဲ့ Roland-Garros ရဲ့ လုပ်ဆောင်ချက်တွေက တင်းနစ်နဲ့ နည်းပညာအကြား ချိတ်ဆက်မှုကို အသုံးပြု ပြီးတော့ လက်ရှိချန်ပီယံတွေကိုရော နောင်ထွက်ပေါ်လာမယ့် ချန်ပီယံတွေကိုပါ အားပေးမြှင့်တင်နိုင်မယ်ဆိုတာကို ဖော်ပြ နေပါတယ်” ဟု ပြောကြားခဲ့သည်။ “5G ကနေတစ်ဆင့် အကန့်အသတ်မဲ့ ဆန်းသစ်တီထွင်မှုတွေကနေဖြစ်ဖြစ် ဆန်းသစ်တဲ့ Stadium Lighting တွေကနေဖြစ်ဖြစ် ထူးချွန်ကောင်းမွန်ပြည့်စုံမှုကိုရဖို့ ကတိကဝတ်ပြုထားတဲ့ ကျွန်တော်တို့ မိတ်ဖက်လုပ်ကိုင်မှုရဲ့ အခြေခံကနေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်” ဟု OPPO ၏ Overseas CMO ဖြစ်သူ Gregor Almassy က ဆက်လက်ပြော ကြားခဲ့သည်။
“OPPO နဲ့ ပထမဆုံးအကြိမ် ဆွေးနွေးမှုတွေ လုပ်တဲ့အချိန်တည်းက ကျွန်တော်တို့ မိတ်ဖက်လုပ်ကိုင်မှုရဲ့ အဓိကအချက်က ပရိသတ်တွေ အားလုံးအတွက် တီထွင်ဆန်းသစ်တဲ့ အတွေ့အကြုံတွေ ပေးနိုင်ဖို့ဆိုတာ ကျွန်တော်တို့ အတည်ပြုခဲ့ပါ တယ်။ ၂၀၁၉ ခုနှစ်မှာ ‘Shot of the Day by OPPO’ ကို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့ပြီးနောက်မှာတော့ ‘Shot of the Night” Concept က ကျိုးကြောင်းဆီလျော်တဲ့ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်လာခဲ့တဲ့အပြင် Find X2 Pro စမတ်ဖုန်းကို အသုံးပြုပြီးတော့ ကံကောင်းတဲ့ ပရိသတ်အချို့အတွက် ထူးခြားဆန်းကြယ်တဲ့ ညအချိန်အတွေ့အကြုံကို ယူဆောင်ပေး ခဲ့ကာ OPPO ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနှစ် ဆောင်းဦးရာသီရက်စွဲတွေမှာ ကျရောက်တဲ့ ပြိုင်ပွဲစဉ်တွေအတွက် အရေးကြီးအချက်ဖြစ်တဲ့ မီးအလင်းရောင် မကောင်းမှုတွေကြောင့် ပြိုင်ပွဲတွေကို အနှောင့်အယှက်မဖြစ်အောင် Floodlight တွေကို အားကစားကွင်း ၁၂ ကွင်းမှာ တပ်ဆင်ပေးနိုင်ခဲ့ခြင်းက Roland-Garros 2020 အတွက် အချိန်ကိုက်ဖြစ်ခဲ့ပါတယ်” ဟု Roland-Garros ၏ Hospitality နှင့် Ticketing ဆိုင်ရာ Director of Partnerships ဖြစ်သူ Micheal Tonge မှ ပြောကြားသည်။

Photo Source https://www.oppo.com/mm/

ယခုနှစ် တင်းနစ် Campaign ၏ Theme ကို “Define the Ultimate” ဟု ရွေးချယ်သတ်မှတ်ခဲ့ခြင်းမှာ Roland Garros တွင် အားကစားသမားများ ယှဉ်ပြိုင်ပုံနှင့် OPPO မှ ၎င်း၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် အမှီပြုပြီး ပရိသတ်များကို ၎င်းတို့ ကိုယ်တိုင် ထူးခြားသော ရိုက်ချက်များ ရိုက်ကူးနိုင်ရန် တိုက်တွန်းပုံတို့သည် ပြီးပြည့်စုံမှုကို ရှာဖွေနိုင်စေဖို့အတွက် ထင်ဟပ်စေသောကြောင့်ဖြစ်သည်။
Brand Activation အတွက် အဓိကကျသော ပြီးပြည့်စုံမှုကို ရှာဖွေလိုသည့် ထိုစိတ်ဓာတ်ဖြင့် ညနေခင်းအချိန်တွင် ကစားနိုင်ရန် ရွေးချယ်ထားသော အားကစားကွင်းများတွင် Floodlights များကို ထပ်ဆောင်း တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ OPPO သည် ပြင်သစ် တင်းနစ်အဖွဲ့ချုပ်နှင့် ပူးပေါင်းကာ နည်းပညာနှင့် တင်းနစ်၏ ပူးပေါင်းလုပ်ဆောင်မှုကို လမ်းကြောင်း ဖောက်လျက် အထူးသီးသန့် ကောင်းမွန်သော အတွေ့အကြုံကို ပေးစွမ်းနိုင်မည့် “Shot of the Night by OPPO” ကို တင်ဆက်နိုင်ခဲ့သည်။
ယခုနှစ်တွင် OPPO သည် ၎င်း၏ Onsite Photo Gallery ကို ဖွင့်လှစ်ဖော်ပြခြင်း၊ အံ့ဩဖွယ် Courtside Branding များ နှင့် အရည်အချင်းရှိ ငယ်ရွယ်သူများအတွက် ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယို ခေါ်ဆိုခြင်း အတွေ့အကြုံကို ဖန်တီး ပြုလုပ် ပေးကာ ၎င်း၏ In-stadia presence ကိုတိုးမြှင့်ခဲ့သည်။ Junior Wild Card Series ပြိုင်ပွဲ၏ Title Sponsor အနေဖြင့် OPPO သည် ပြိုင်ပွဲတွင် လူကိုယ်တိုင် ဝင်ရောက်မယှဉ်ပြိုင်နိုင်သည့် လူငယ်များအား ပြိုင်ပွဲ၏ တက်ကြွစိတ်လှုပ်ရှားဖွယ် အားမာန်ကို တွေ့မြင်ခံစားခွင့်ရရှိစေရန် သေချာလုပ်ဆောင်ခဲ့သည်။ ပြိုင်ပွဲမစမီ ရက်အနည်းငယ်တွင် ယခင် Davis Cup Champion ဟောင်း ကမ္ဘာနံပါတ်သုံး တင်းနစ်ကစားသမား Guy Forget တို့မှ တရုတ်၊ အိန္ဒိယ၊ ရိုမေးနီးယား နှင့် ထိုင်းနိုင်ငံရှိ အရည်အချင်းပြည့်ဝသော အငယ်တန်းကစားသမားများနှင့် Roland-Garros Grounds မှ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ Forget မှ ပြိုင်ပွဲများအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပုံများမှစ၍ ယခုနှစ် ကပ်ရောဂါကြောင့် နှောင့်နှေး ကြန့်ကြာခဲ့သော ပြိုင်ပွဲများအတွက် FFT ၏ ကြိုတင်ပြင်ဆင်မှုများ စသည့် အမျိုးမျိုးသော အကြောင်းအရာများကို ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့သည်။

Photo Source https://www.oppo.com/mm/

Roland-Garros နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် OPPO ၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှု ချဲ့ထွင်ခြင်း၏ အုတ်မြစ် ဖြစ်သည်။ OPPO အနေဖြင့် Wimbledon နှင့်လည်း မိတ်ဖက် လက်မှတ်များ ရေးထိုးခဲ့ကြပြီး OPPO သည် Championship ၏ ပထမဆုံးသော Asian Sponsor နှင့် Smartphone Sponsor ဖြစ်လာခဲ့သည်။ ထို့အပြင် OPPO သည် FC Barcelona နှင့် လက်တွဲလုပ်ကိုင်လာသည်မှာ ၅ နှစ် သက်တမ်းကြာရှိပြီဖြစ်ကာ တရုတ်အမှတ်တံဆိပ်နှင့် ဥရောပ ဘောလုံးကလပ်တို့ အကြား ယနေ့အချိန်အထိ အကြာရှည်ဆုံး မိတ်ဖက်ပူးပေါင်း လုပ်ဆောင်မှုဖြစ်လာခဲ့သည်။ OPPO ၏ မကြာသေးမီက ပူးပေါင်းဆောင်ရွက်မှုများတွင် ၂၀၁၉ ခုနှစ် League of Legends e-sports Championship Series နှင့် ၂၀၂၀ ပြည့်နှစ် Boston Marathon တို့ဖြင့် လက်မှတ်ရေးထိုးခြင်းတို့ ပါဝင်သည်။