MPT မှ လက်ကျန်ငွေလျော့နည်းသည်နှင့် ချေးငွေကို ၄၅၀၀ ကျပ်အထိ ရယူအသုံးပြုနိုင်မည့် ယူထား+”ဝန်ဆောင်မှုအသစ် ကို မိတ်ဆက်

MPT မှ သုံးစွဲသူများအတွက် ဖုန်းလက်ကျန်ငွေလျော့နည်းနေသည့် အချိန်တိုင်းတွင် ချေးငွေပမာဏ ပိုမိုရယူသုံးစွဲနိုင်သော ချေးငွေဝန်ဆောင်မှုအသစ် အဖြစ် ပြောင်းလဲမြှင့်တင်ထားသည့် “ယူထား+” ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပြီဖြစ် ကြောင်းသိရသည်။
လက်ရှိအစီအစဉ်သည် MPT ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများအား အရေးပေါ်အခြေအနေများနှင့် ဖုန်းဘေလ် ဖြည့်ရန် လွယ်ကူခြင်းမရှိသော အခြေအနေများတွင် ချေးငွေ (၈၀၀) ကျပ် (ဝန်ဆောင်မှုကြေး ၆၀ ကျပ်) ဖြင့် ဖုန်းဘေလ် လက်ကျန်ငွေကိုချေးယူအသုံးပြုနိုင်သည်။ ယနေ့ အသစ်စတင်မိတ်ဆက်ခဲ့သော “ယူထား+” ဝန်ဆောင်မှု သည် MPT သုံးစွဲသူများအတွက် ၁၅၀၀ ကျပ်၊ ၂၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ် အတွင်း အဆင်ပြေလွယ်ကူစွာ ချေးငွေရယူအသုံးပြုနိုင်ပြီး ဝန်ဆောင်ခအနည်းဆုံး ၁၅၀ ကျပ်၊ ၂၅၀ ကျပ် နှင့် ၄၅၀ ကျပ် အသီးသီးဖြင့် ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် ချေးငွေဝန်ဆောင်မှုကို အကြိမ်ပေါင်းများစွာရယူနိုင်သော်လည်း သုံးစွဲသူတစ်ဦး တစ်ယောက် ချင်းစီက ရယူနိုင်သော ချေးငွေပမာဏသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကြိုတင်ချေးငွေယူမှု များကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများသည် လက်ကျန်ငွေ နည်းနေသည့်အချိန်တိုင်းတွင် အလွယ်တကူ ချေးငွေယူနိုင်ပြီး ထပ်မံငွေဖြည့်သည့်အချိန်တွင် ပြန်လည်ပေးချေ နိုင်မည်ဖြစ်ပါသည်။

Photo Source https://www.facebook.com/mptofficialpage

“MPT ရဲ့ “ယူထား+” ဝန်ဆောင်မှုအသစ်ကြောင့် သုံးစွဲသူတွေအနေနဲ့ အရေးပေါ်အခြေအနေ (သို့မဟုတ်) ဖုန်းဘေလ်ဖြည့်ဖို့ မလွယ်ကူတဲ့အခြေအနေမှာ ဖုန်းလက်ကျန်ငွေလျော့နည်းလာမှုကို စိုးရိမ်နေဖို့ မလိုတော့ပါဘူး။ MPT ရဲ့ “ယူထား+” ဝန်‌ဆောင်မှုနဲ့အတူ သုံးစွဲသူတွေအနေနဲ့ ဖုန်းလက်ကျန်ငွေနည်းနေတဲ့အချိန်မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ရှိစေဖို့ ကြိုတင်ချေးငွေများကို လွယ်ကူ အဆင်ပြေစွာနဲ့ ရယူနိုင်ပါပြီ” ဟု MPT-KSGM JO စီးပွားရေးဌာနကြီး ၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။
MPT သည် ၂၀၁၆ ခုနှစ်တွင် ယူထား (သို့) “ချေးငွေ” ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် အရေးပေါ်အခြေအနေ၌ ဖုန်းလက်ကျန်ငွေလျော့နည်းနေသောအချိန်မျိုးကို ကျော်လွှားနိုင်ရန်အတွက် MPT ၏ ဝန် ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် အထောက်အကူဖြစ်စေခဲ့ပါသည်။ MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူ ပြည်သူများအား အရေးပါသော ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် “မြန်မာပြည်နှင့် အတူရှိနေမည့် MPT” ဆိုသည့် ဆောင်ပုဒ် အတိုင်းဆောင်ရွက်လျက်ရှိပါသည်။
MPT သုံးစွဲသူများသည် “ယူထား+” ဝန်ဆောင်မှုကို “8000” သို့ 800 ဟုရိုက်၍ SMS ပေးပို့၍ သော်လည်းကောင်း၊ *800# သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT4U App မှတစ်ဆင့်လည်း ချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသူများသည် “ယူထား+” ဝန်ဆောင်မှုမှ ချေးငွေဝန်ဆောင်မှုကို ရယူနိုင်သည်။
၁။MPT ၏ ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများသာ ဤဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်။

Photo Source https://www.facebook.com/mptofficialpage

၂။ MPT ဆင်းမ်ကတ် အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက် ရှိရပါမည်။
၃။ ရက်(၉၀)အတွင်း ဖုန်းဘေလ် တစ်ခါ ဖြည့်ထားရပါမည်။
၄။ ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ် ဖြည့်သွင်းထားရပါမည်။
၅။ သုံးစွဲသူ၏ ချေးငွေပမာဏသည် ကြိုတင်ချေးယူမှုသတ်မှတ်ထားသောပမာဏထက် မကျော်သင့်ပါ။
ဖုန်းဘေလ်ပြန်ဖြည့်သည့်အချိန်တွင် ရယူထားသော ချေးငွေပမာဏ နှင့် ကုန်သွယ်ခွန် အပါ ဝန်ဆောင်ခတို့ကို ပြန်လည်ပေး ချေရမည်ဖြစ်သည်။
ဥပမာ- (၈၀၀) ကျပ်ကို “ယူထား+” ဝန်ဆောင်မှုကနေ ချေးယူထားပါက ဖုန်းဘေလ်ပြန်ဖြည့်သည့်အချိန်တွင် (၈၆၀) ကျပ်ကိုပြန်လည်ပေးချေရပါမည်။ “ယူထား+” ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော https://www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။