LDAC အော်ဒီယိုကုဒ်နည်းပညာဖြင့်ပြုလုပ်ထားသော OPPO Enco M31 Wireless Headphones

OPPO ရဲ့ ထုတ်ကုန်သစ်တွေထဲမှာ OPPO Enco M31 Wireless Headphones ကလည်း ကောင်းမွန်တဲ့အရည်အသွေးရှိတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ LDAC နည်းပညာက အလွန်ကြည်လင်ကြည့် အသံထုတ်လွှင့်မှုစနစ်ကိုပေးစွမ်းနိုင်ပြီး ဒရမ်ရိုက်ချက်တိုင်းကို အသေးစိတ်ကျကျ ပြီးပြည့်စုံတဲ့ရသကို ပေးစွမ်းနိုင်ပါတယ်။ Hi-Res ထောက်ခံချက်ရ ကြိုးမဲ့အော်ဒီယို ဂီတသံစဉ်များကို ကြည်လင်ပြတ်သားပြီး ရုပ်လုံးကြွခံစားနိုင်မည်ဖြစ်သည်။ ဘေ့စ် Mode ကတော့ ရိုက်ချက်တိုင်းမှာ စီမျော ခံစားနိုင်မယ့် တေးသွားသံစဉ်တွေကို ဖန်တီးပေးမှာပါ။
ဒါ့အပြင် AI နည်းပညာအသုံးပြုထားတာကြောင့် ဖုန်းခေါ်ဆိုစဉ်မှာ ဖြစ်ပွားတတ်တဲ့ ဆူညံသံတွေကို ဖယ်ရှားပေးနိုင်သလို ၁၂ နာရီကြာတဲ့အထိ နားဆင်ခံစားနိုင်မှာလည်းဖြစ်ပါတယ်။ ရေစိုခံ IPX5 ကတော့ ရေစင်ခြင်း၊ ချွေးစိုခြင်းတို့ကို ကာကွယ်ပေး နိုင်ပါတယ်။ အရောင်ကတော့ အနက်ရောင်ဖြင့် ဖန်တီးထားပါတယ်။
OPPO Enco M31 နားကျပ်ဟာ LDAC အသံကုဒ်နည်းပညာကို အသုံးပြုထားပြီး ပရော်ဖက်ရှင်နယ်အသံချစ်ပ်ကို မြှုပ်ထား သောကြောင့် အခြားသာမာန် Bluetooth ကုဒ်ပြုလုပ်သည့် နည်းပညာများထက် သုံးဆပိုများတဲ့ အချက်အလက်များကိုပေးပို့ နိုင်ပြီး အသံထုတ်လွှင့်မှုနှုန်းဟာ 990 kbps အထိရှိသည်။ (headphones နားကြပ်များမှာ LDAC ထုတ်လွှင့်မှုကို အသုံးပြုနိုင် ရန် LDAC ကိုထောက်ပံ့ပေးသော စက်ပစ္စည်းကို အသုံးပြုရသည်။

Photo Source https://www.oppo.com/mm

OPPO Enco M31 headphones နားကြပ်ကို သတ်မှတ်နှုန်းထားအပြည့်ရရှိနိုင်သည့် ဒိုင်းနမ်းဒရိုင်ဘာ တပ်ဆင်ထားပြီး PET တိုက်တေနီယမ် ပလိပ်ကွန်ပိုစစ် အလွှာပါးက ကြိမ်နှုန်းအလျားကို 40 KHz အထိရရှိအောင် ဆွဲဆန့်ထားနိုင်ပါတယ်။ ကြီးမား တဲ့ ဘေ့စ် သီးသန့်အခန်းမှ ကြိမ်နှုန်းနိမ့်သည့်ဘေ့စ်အကျသံများကို အဆင့်မြှင့်ထုတ်လွှင့်နိုင်အောင် ဆောင်ရွက်ပေးထားပါ တယ်။ လုပ်ဆောင်ချက်များအားလုံးက တိုက်ရိုက်တင်ဆက်မှုတစ်ခုကို ကြည့်ရှုခံစားရသလို အကောင်းဆုံးအတွေ့အကြုံများ ကိုပေးစွမ်းမှာပါ။ Multi-Function ခလုတ်ကို ရိုးရှင်းလွယ်ကူစွာဖြင့် နှစ်ချက်ဆက်တိုက်နှိပ်ရုံဖြင့် ခမ်းနားတဲ့ ဘေ့စ်သံကို နားဆင်နိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းနယ်ပယ်အတွင်း ခေတ်ရှေ့ပြေးဖြစ်သည့် AI နည်းပညာသုံး ဆူညံသံလျှော့ချပေးမှုက ဖုန်းခေါ်ဆို စကားပြောရာမှာ တိတ်ဆိတ်သည့်နေရာကို အလောတကြီးရှာဖွေရန်မလိုအပ်တော့တဲ့အထိ ကူညီပေးပါတယ်။ အချက်အလက်များစွာကို အခြေခံပြီး သေချာစွာလေ့လာပြုလုပ်ထားတာကြောင့် ယခုနည်းပညာမှ အသံကိုခွဲခြားပေးနိုင်ပြီး နောက်ခံအသံများ မည်မျှ ဆူညံနေသော်လည်း အသံကို ရှင်းလင်းပြတ်သားစွာ ကြားနိုင်မည်ဖြစ်သည်။
ဒါ့အပြင် လည်ပင်းကိုင်းအဝေ့အဝိုက်ကို ခန္ဓာကိုယ်နဲ့ တသားတည်းကျအောင် ပုံဖော်ထားပြီး ညီညာချောမွေ့တဲ့ မျက်နှာပြင် အထိအတွေ့က headphone ကို အချိန်ပေါင်းများစွာ တပ်ဆင်ထားသော်လည်း သက်တောင့်သက်သာရှိအောင် ဖန်တီးထား ပါတယ်။ စီလီကွန် ရော်ဘာအရှည်နဲ့ ကာရံထားတဲ့ပုံသဏ္ဍန်ကို မှတ်သားနိုင်တဲ့ သတ္တုကိုယ်ထည်က လည်ပင်းအဝိုက်ရှိ ကြောင်းကို မှတ်သားပေးနိုင်ပါတယ်။ ဒါ့အပြင် မိုးမိခြင်း (သို့မဟုတ်) GYM ကစားခြင်းကြောင့် headphone အတွင်းကို ရေဝင်ခြင်း၊ ချွေးစိုခြင်းကြောင့်လည်း headphone ကိုပျက်စီးသွားမှာမဟုတ်ပါဘူး။

Photo Source https://www.oppo.com/mm
Headphone ကိုအားအပြည့်သွင်းထားပါက ၁၂ နာရီအချိန်ကြာ သီချင်းနားဆင်နိုင်ပြီး တကယ်လို့ ဘက်ထရီးအားနည်းခြင်း နဲ့ အားသွင်းချိန်တိုတောင်းခြင်းတို့အတွက် စိတ်ပူစရာလည်းမလိုပါဘူး။ ၁၀ မိနစ်အချိန်ပေးရုံနဲ့ ၃ နာရီကြာ LDAC အော်ဒီယို များကို ဖွင့်လှစ်နားဆင်နိုင်မှာဖြစ်ပါတယ်။(SBC/AAC အသံအတွက် ကစားချိန်ဟာ ၁၂ နာရီအထိဖြစ်ပါတယ်။ LDAC အသံ အတွက်ကစားချိန်ကတော့ ၈ နာရီဖြစ်ပါတယ်)
OPPO Enco M31 Wireless Headphones ကိုအားကုန်သက်သာစေရန်အတွက် နားကြပ်ချွတ်သည်နှင့်တပြိုက်နက် တွဲ ယှက်ထားတဲ့ Paired device ကိုပါ အလိုအလျောက် အဆက်အသွယ်ဖြတ်တောက်ပေးမှာဖြစ်ပါတယ်။ ပြန်ဖွင့်ချိန်မှာ ဆက် သွယ်မှုကို အချိန်နှင့်တပြေးညီ ပြန်လည်ရယူပေးပြီး ချက်ချင်း ပြန်လည် နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Multi-Function Panel ကလည်း ဖုန်းကို ထိတွေ့စရာမလိုပဲ headphone ကိုလိုသလိုစေခိုင်းနိုင်မှာဖြစ်ပါတယ်။ သီချင်းပြောင်းခြင်း၊ အသံအ တိုးအကျယ်ချိန်ညှိခြင်း၊ အသံအကူအညီတောင်းခံခြင်း၊ အော်ဒီယိုမုဒ်ပြောင်းခြင်းတို့ကို ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Specifications
Moedel(Headphones) – EWN10
Driver – 9.2 mm dynamic driver
Driver sensitivity -101.9 dB @ 1kHz
Frequency response range – 20Hz-20KHz (44.1KHz)
20Hz-40KHz (LDAC 96Khz, 990Kbps
Microphone sensitivity -38 dBV/Pa
Bluetooth version -5.0
Wireless range -10 m
Battery type -Rechargeable lithium-ion battery
Battery capacity -88 mAh
Music play time(50% volume) -12 hours in typical audio format
8 hours in high-quality audio format
Talk time 6 hours
Charging time 1 hour
Charging Port Type C
Water resistance lPX5
Weight(Entire device) 22g