ဈေးကွက်တွင်လူကြိုက်များပြီး AI-powered ကင်မရာနှင့် တန်ဖိုးသင့် Samsung Galaxy S20 Fan Edition (FE)

နှစ်ပေါင်းများစွာ အောင်မြင်မှုရရှိထားသည့် စွမ်းဆောင်ရည်မြင့် Galaxy S series ၏ နည်းပညာများအပေါ် အခြေခံတည်ဆောက်ထားသည့် ဤ Galaxy S20 FE စမတ်ဖုန်းအသစ်အား သုံးစွဲသူများ၏ လိုအပ်ချက်များ၊ အကြံပြုချက်များ အပေါ်အခြေခံကာ ပြန်လည်ဆန်းသစ် တည်ဆောက်ထားခြင်း ဖြစ်ကာ ကျယ်ပြန့်သော အဆင့်မြင့် မျက်နှာပြင်၊ AI-powered ကင်မရာ၊ စွမ်းဆောင်ရည်မြင့် chipset၊ အမြန်ဆန်ဆုံးသော ချိတ်ဆက်မှု စွမ်းဆောင်ရည်၊ တစ်နေ့လုံး ကြာရှည်ခံသော ဘက်ထရီ ပမာဏ၊ ပြေပြစ်လှပသော နောက်ဆုံးပေါ် အဆင့်မြင့်ဒီဇိုင်းနှင့် ဆန်းသစ်လှပသော အရောင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။
Express Your Best Side
Galaxy S20 FE စမတ်ဖုန်းသစ်တွင် Galaxy S20 စမတ်ဖုန်း၏ အမှတ်သင်္ကေတ ကင်မရာလုပ်ဆောင်ချက်များ ပါဝင်လာပြီး အမိုက်စား ကျောဖက်ကင်မရာ ၃ လုံး (12 MP Ultra wide + 12 MP Wide + 8 MP Tele ) နှင့်အတူ 32 MP selfie ကင်မရာကိုလည်း ထည့်သွင်း‌ပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် အထူးခြား၊ အကောင်းမွန်ဆုံးသော ကင်မရာရိုက်ကူးမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ သုံးစွဲသူများ အနေနှင့် Galaxy S20 FE စမတ်ဖုန်း၏ ထူးခြားပြီး စွဲဆောင်မှုရှိသော သူမတူသည့် ကိုယ်ထည်ဒီဇိုင်းတည်ဆောက်ပုံနှင့် တီထွင်ဆန်းသစ်မှု အရှိဆုံးသော နောက်ဆုံးပေါ် Night mode Multi – frame processing၊ single take နှင့် 30x Space Zoom ကင်မရာ လုပ်ဆောင်ချက်များဖြင့် မိမိတို့၏ နေ့စဉ်ဘဝများအား အကောင်းမွန်ဆုံး ပုံဖော်ပြသသွားနိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com

Do What You Love
Galaxy S20 FE စမတ်ဖုန်းအသစ်တွင် 120 GHz adaptable refresh rate ထောက်ပံ့ပေးထားသည့် ၆.၅” FHD+ Super AMOLED Infinity-O မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့် Exynos 990 processor၊ 8 GB RAM နှင့် 128 GB ROM များထည့်သွင်းပေးထားသည့်အပြင် ဒေတာသိုလှောင်နိုင်မှုပမာဏ 1 TB အထိ တိုးချဲ့အသုံးပြုနိုင်စေရန် အတွက်လည်း ပြုလုပ်ပေးထားသည့်အတွက် သုံးစွဲသူများအနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းများ အပါအဝင် ၎င်းတို့ အကြိုက်နှစ်သက်ဆုံးသော လုပ်ငန်းဆောင်တာများ အားလုံးကို အဆင်ပြေလွယ်ကူမှုအပြည့်ဖြင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်သွားမည် ဖြစ်သည်။
Everything You Want, Worry Free
Galaxy S20 FE စမတ်ဖုန်းတွင် ကြီးမားသော 4,500 mAh ဘက်ထရီနှင့်အတူ စွမ်းဆောင်ရည်မြင့် 15W super- fast charging စနစ်ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် မိမိတို့ ကြိုက်နှစ်သက်သည့် လုပ်ဆောင်ချက်များအား အပူအပင်ကင်းကင်းဖြင့် အနှောင့်အယှက်မရှိ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com
Galaxy S20 FE စမတ်ဖုန်းသစ်အား အရောင်အားဖြင့် Cloud Lavender (ခရမ်းရောင်) နှင့် Cloud Mint (အစိမ်းနုရောင်) ဟူ၍ နှစ်မျိုး ရရှိနိုင်မည် ဖြစ်သည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။
ပိုမိုပြည့်စုံစွာသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://news.samsung.com