တန်ဖိုးသင့်စမတ်ဖုန်းတွေထဲမှာ ရွေးချယ်စရာတစ်ခုအပါအဝင်ဖြစ်တဲ့ vivo Y91C 2020

တန်ဖိုးသင့်စမတ်ဖုန်းတွေထဲမှာ ရွေးချယ်စရာတစ်ခုအပါအဝင်ဖြစ်တဲ့ vivo Y91C 2020 ဟာ 6.22 လက်မရှိတဲ့ Halo FullView™ Display ပါဝင်လာတဲ့ Y91C 2020 ဟာ screen-to-body အချိုး 88.6 ရာခိုင်နှုန်းရှိပြီး ကြည့်ရှုသူရဲ့ မြင်ကွင်းခံစားချက်ကို မြှင့်တင်ပေးမှာပါ။ Notch ဒီဇိုင်းကိုလည်း ပြန်လည်ဖန်တီးပေးထားသလို၊ စမတ်ကျတဲ့ဒီဇိုင်း၊ စမတ်ကျတဲ့ hand gesture ထိန်းချုပ်နိုင်စွမ်းတွေဟာ ကြီးမားတဲ့ မျက်နှာပြင်ကို ပိုမိုအဓိပ္ပာယ်ပြည့်စုံစေမှာလည်းဖြစ်ပါတယ်။
Y91C 2020 ရဲ့ ဖန်မျက်နှာပြင်နဲ့တူပြီး အထာကျတဲ့ အနောက်ဖက်ဒီဇိုင်းဟာ အနက်ရောင်နဲ့ စိမ်းပြာရောင်လေးကို ရောထွေးပေါင်းစပ်ပေးထားပြီး အသက်ရှုမှားလောက်စရာ အသွင်အပြင်တစ်ခုကို ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ဖုန်းရဲ့ 3D Curve ဒီဇိုင်းကလည်း လက်ထဲမှာ မြဲမြံစေပြီး၊ ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်ခုကို ဖော်ဆောင်ပါလိမ့်မယ်။

Photo Source https://www.vivo.com/mm/
Y91C 2020 ဟာ AI ဓာတ်ပုံပြုပြင်စနစ်ပါဝင်ပြီး အသုံးပြုသူရဲ့မျက်နှာအသွင်အပြင်အတွက် လိုအပ်တဲ့ အထောက်အပံ့ တွေကို အလိုအလျောက် ယူဆောင်လာပေးမှာ ဖြစ်သလို၊ လှပတဲ့ ပုံလေးရဖို့ တကူးတကပြုပြင်နေရမယ့် ဒုက္ခကို ကင်းဝေးစေပါလိမ့်မယ်။ အရင်ကမလွယ်ကူခဲ့တဲ့ ပရောဖက်ရှင်နယ်ကျကျ ဓာတ်ပုံရိုက်ချက်တွေက အခုတော့ ရှိလာပါပြီ လည်းဖြစ်ပါတယ်။
Y91C 2020 မှာဆိုရင် ကြီးမားသော ဘက္ထရီ ပမာဏဖြစ်တဲ့ 4030mAh တပ်ဆင်ပေးထားပြီး အခြားသော စွမ်းအင်ထိမ်းချုပ်စနစ်တွေနဲ့ ပေါင်းစပ် အလုပ်လုပ်ဆောင်နိုင်တာဖြစ်လို့ ကြာရှည်ခံမယ်ဆိုတာကတော့ သေချာပါတယ်။ အားကုန်မှာစိုးလို့ စိုးရိမ်ခဲ့ရတဲ့ အချိန်တွေဟာ အတိတ်မှာ ကျန်ခဲ့ပါပြီလည်းဖြစ်ပါတယ်။
Y91C 2020 ရဲ့ROM ပမာဏ 32GB ဟာ ဓာတ်ပုံတွေ၊ ဖိုင်တွေကို လွတ်လပ်စွာ သိမ်းဆည်းခွင့်ပေးပြီး ဖိုင်တွေခဏ ခဏဖျက်ပစ်ဖို့ မလိုတော့ပါဘူး။ Y91C 2020 ဟာ 256GB အထိ ထပ်တိုးသုံးစွဲနိုင်တာလည်းဖြစ်လို့ သင်သိမ်းချင်သမျှကို စိတ်ကြိုက်သိမ်းထားလို့ရပါပြီလည်းဖြစ်ပါတယ်။
vivo ဟာ Y91C 2020 နဲ့အတူ Face Access နည်းပညာကို ယူဆောင်လာပါပြီ။ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ တစ်ပြိုင်နက် Face Access ကြောင့် ဖုန်းကို Unlock ပြုလုပ်နိုင်မှာပါ။ဖုန်းကို ဝင်ရောက်ရတာဟာ ပိုမိုသက်တောင့်သက်သာနဲ့ လွယ်ကူလာပါပြီ။ ဈေးနှုန်းကတော့ ၁၄၉၈၀၀ ကျပ်ပဲဖြစ်ပါတယ်။

Photo Source https://www.vivo.com/mm/

Vivo ဟာ စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှု၊ ဝန်ဆောင်မှုအတွက် ဦးတည်ရာလမ်းကြောင်းအသစ်များကို ဦးဆောင် လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Vivo ဟာ သုံးစွဲသူများအား ဒစ်ဂျစ်တယ်ကမ္ဘာကြီးနှင့် ချိတ်ဆက်နိုင် စေရန်ထားရှိခဲ့သည့်ကတိကဝတ်အား စိတ်လှုပ်ရှားဖွယ်ကောင်းသောခေတ်ရေစီးကြောင်းနှင့်အညီ မိုဘိုင်းထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို နည်းပညာနှင့်ဖက်ရှင်တမူထူးခြားစွာ ဖန်တီးမှုနည်းလမ်းများဖြင့် ပေါင်းစပ်ထားသည့် ဒီဇိုင်းများဖြင့် ပေးအပ်ခဲ့ပါတယ်။
Vivo ဟာ ဆန်းသစ်တီထွင်ခြင်း၊ သုံးစွဲသူများ၏ စိတ်အားထက်သန်မှုနှင့် Benfen အပါအဝင် သူတို့ သတ်မှတ်ထား သောအဓိကတန်ဖိုးများကိုစောင့်ထိန်းလိုက်နာလျက်ရှိပါတယ်။ Vivo ဟာ ဖွံ့ဖြိုးတိုးတက်မှု ဗျူဟာကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသောကမ္ဘာ့အဆင့်မီစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာရန် မျှော်မှန်းထား ပါတယ်။
Vivo ရုံးချုပ်မှာ တရုတ်နိုင်ငံတွင်တည်ရှိပြီး အမေရိကန်နိုင်ငံ (San Diego မြို့) နှင့် တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့များမှာ သုသေသနနှင့် ဖွံဖြိုးရေးစင်တာများကို ထောက်ပံ့ခဲ့ပါတယ်။ အဆိုပါ စင်တာများမှ 5G၊ AI၊ Mobile Photography နှင့် မျိုးဆက်သစ်စမတ်ဖုန်း ဒီဇိုင်းတို့မှာ သုံးစွဲသူများအတွက် နောက်ဆုံးပေါ် နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာစေရန် အဓိကထား အာရုံစိုက်လျှက်ရှိပါတယ်။
Vivo မှ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှတို့တွင်လည်း စမတ်ဖုန်းများအဓိကထုတ်လုပ်နေသောနေရာ ၅ ခုရှိပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းမှာ စမတ်ဖုန်း သန်း ၂၀၀ ကျော်ထုတ်လုပ်နေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း Vivo မှ နိုင်ငံပေါင်း ၃၀ ကျော်မှာ အရောင်းကွန်ရက်ကိုတည်ထောင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်း သုံးစွဲသူသန်း ၃၅၀ ကျော်ကိုဆွဲဆောင်နေပါတယ်။ Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက အောက်ပါLink မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/vivomobileMM/