OPPO F19 စမတ်ဖုန်းအကြောင်း တစေ့တစောင်း

OPPO F19 စမတ်ဖုန်းသည် နေ့စဉ်လူနေမှုဘဝအတွင်း ဖုန်းဘက်ထရီအားကုန်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ မလိုတော့လောက်အောင်ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်သည်။ 5000mAh ဘက်ထရီက တနေ့တာလုံးအတွက် လုံလောက်သော ဘက်ထရီကို ပေးစွမ်းပါလိမ့်မည်။
အကယ်၍ အရှိန်မြှင့်တင်ရန်လိုအပ်ပါက 33W အမြန်အားသွင်းစနစ်က မိနစ် ၃၀ အတွင်း ဖုန်းအား ၅၄ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်ပေးသည်။ အားအလွန်အကျွံသွင်းခြင်းမှ ကင်းဝေးစေရန် OPPO F19 တွင် AI နည်းပညာသုံး ညအချိန်အားသွင်းခြင်းစနစ်က အိပ်ချိန်အလေ့အထကိုလိုက်၍ ဘက်ထရီအား ၈၀ ရာခိုင်နှုန်း ရောက်ရှိချိန်တွင် အားသွင်းခြင်းကို ခေတ္တရပ်တန့်ကာ မနိုးထခင်အချိန်အတွင်းမှာပင် ဘက်ထရီကို ၁၀၀ ရာခိုင်နှုန်း ရရှိအောင် အားသွင်းပေးသည်။
ပေါ့ပါးသည့်အသွင်နှင့် သွယ်လျသော 3D အခုံးကိုယ်ထည်က အမြင်တွင်သာမက ကိုင်တွယ်အသုံးပြုရ အထူးလွယ်ကူမှုရှိသည်။ ကင်မရာအပေါက်ဝိုင်းငယ်ပါဝင်သော AMOLED FHD+ ရုပ်ထင်မှန်သားတွင် မျက်နှာပြင်နှင့် ကိုယ်ထည်အချိုးကို လက်ရာမြောက် ဖွဲ့စည်းတည်ဆောက်ပေးထားသောကြောင့် ကောင်းမွန်စွာ စီးမျောခံစားနိုင်သော အတွေ့အကြုံကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ OPPO F19 က မျက်ဝန်းများအား ကာကွယ်ပေးနိုင်စေရန်ဖုန်းမျက်နှာပြင်အား အဆက်မပြတ် ချိန်ညှိပေးနိုင်သောကြောင့် မနက်ခင်းမှညနေမိုးချုပ်ချိန်ထိ မျက်ဝန်းများအား အကောင်းဆုံးစောင့်ရှောက် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ခေတ်မီနည်းပညာကို အသုံးပြုထားသော In-Display လက်ဗွေအသုံးပြု လော့ခ်ဖြည်စနစ်တွင် လက်ဖျားနှင့်ထိတွေ့ရုံမျှဖြင့် သင့်လက်ချောင်းပေါ်ရှိ လက်ဗွေရာကို မှန်ကန်တိကျမှုစွာ အလျင်အမြန်ဖတ်ယူ၍ ဖုန်းလော့ခ်ဖြည်ပေးနိုင်သည်။

Photo Source https://bit.ly/30SYZ6z

48MP Main Camera သည်လည်း ကမ္ဘာကြီးအား ရသမြောက်စွာ အသေးစိတ် တွေ့မြင်နိုင်သည့်အပြင် ကမ္ဘာ့အံ့ဖွယ်ရာများအား တိကျရှင်းလင်းပြတ်သားစွာ မှတ်တမ်းတင် ရိုက်ကူးနိုင်သည်။ 2MP Macro Camera သည်လည်း ခံစားချက်များအား ရှာဖွေဖော်ထုတ်ခြင်းအပြင် အသေးငယ်ဆုံးအစိတ်အပိုင်းများအထိ အသေးစိတ်ကျကျ အလှပဆုံးဖြစ် အောင် ရိုက်ကူးပေးနိုင်ပြီး မတူကွဲပြားသော အသွင်သစ်ဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ 2MP Depth Camera သည် ဆန်းပြားသည့် အလှဓါတ်ပုံများအား အလွယ်တကူ ရိုက်ကူးရယူနိုင်သည့်အပြင် အံ့သြဖွယ် ရှေ့ကြည်နောက်ဝါး လုပ်ဆောင်ချက်များ ပါဝင်သော ထင်ရှားပေါ်လွင်သည့် အလှဓါတ်ပုံရိုက်ချက်များကို ရရှိနိုင်မည်ဖြစ်သည်။
AI နည်းပညာသုံး အလှပြုပြင်ပေးသည့် Selfie Camera ကအလှစစ်ကို ဂုဏ်ယူစွာဖြင့် ထုတ်ဖော်နိုင်ခြင်းအပြင် စိတ်ကြိုက်ချိန်ညှိနိုင်သော AI နည်းပညာသုံး အလှပြုပြင်ခြင်း နည်းစနစ်ကို အသုံးပြုနိုင်သည်။ အဆုံးအစမရှိသော မှတ်သားရန်များနှင့် ချောမွေ့ကောင်းမွန်သော လုပ်ဆောင်ချက်များအတွက် 6GB RAM နှင့် 128GB ROM ကို ထည့်သွင်းပေးထားသည်။
ဂိမ်းကစားရာတွင် Game Focus Mode သည် အခြားကိစ္စရပ်များအား ခေတ္တဆိုင်းငံ့ထားပေးနိုင်ပြီး ဂိမ်းကစားမှုအပေါ်တွင် အာရုံအပြည့်ထားနိုင်စေရန် အခြားသော အသိပေးစာတိုများအား နှောင့်ယှက်မှုအနည်းဆုံးပုံစံဖြစ်အောင် စာတမ်းထိုးပုံစံဖြင့် ပြသပေးသည်။
App များအား သော့ပိတ်ခြင်း လုပ်ဆောင်ချက်အပြင် ကိုယ်ပိုင်အချက်အလက်များအား Cloud ဖြင့် ချိတ်ဆက်သိမ်းဆည်း မှု ကိုပြုလုပ်နိုင်သည်။အရေးပေါ်ကိစ္စရပ်များတွင် အသုံးပြုမှုအတွက် ပါဝါခလုတ်အား အကြိမ်များစွာနှိပ်ပေးခြင်းဖြင့် လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။