အသစ်ထွက်ရှိလာတဲ့ Huawei nova 9 စမတ်ဖုန်း၏ အသေးစိတ်လုပ်ဆောင်ချက်များအကြောင်း

အသစ်ထွက်ရှိလာတဲ့ HUAWEI nova 9 ရဲ့ပါးလွှာပြီး 175g သာရှိတဲ့အလေးချိန်နဲ့ မြတ်နိုးစဖွယ် Double-coated ပြုလုပ်ထားတဲ့ အဆုံးသတ်အနားသားတွေက ကိုင်တွယ်တိုင်းမှာ ထိထိမိမိနဲ့ ကိုင်တွယ်ရလွယ်ကူစေမှာပါ။ ကြယ်ပတ် လမ်းကြောင်းများကို ခံစားပုံဖော်ပြီး လက်တွေ့ဖန်တီးထားတဲ့ ကိုယ်ထည်ဒီဇိုင်းက မြင်လိုက်တိုင်း စွဲမက်စေမှာအမှန်ပါပဲ။
ပုလဲပြာရောင်ဆန်ဆန် အရောင်လေးက အလင်းရောင်ရရှိမှုပေါ်မူတည်ပြီး အမြဲပြောင်းလဲနေတဲ့ ပုံပန်းအသွင်ကို ခံစားရရှိစေမှာပါ။ ဂန္တဝင်ဆန်တဲ့ အမဲရောင်နဲ့ တောက်ပြောင်နေတဲ့ အစိမ်းရောင်တို့ကလည်း ကိုယ့်ရဲ့စိတ်ခံစားမှုကို ပေါ်လွင်စေမှာပါ။ ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကို လက်တွေ့ဘဝမှာ အရောင်တွေနဲ့ ပြသနိုင်ပါတယ်။
ကိုယ့်စိတ်ကြိုက် ရုပ်ရှင်ဇာတ်လမ်းတွဲ စတာတွေနဲ့ လျင်မြန်သက်ဝင်တဲ့ မြန်နှုန်းမြှင့် ဂိမ်းတွေကို 120 Hz high refresh rate နဲ့အတူ စိတ်တိုင်းကျ စီးမျောခံစားနိုင်ပါတယ်။ ဒါ့အပြင် Frame-rate အမြင့်ကြီးမလိုတဲ့ အသုံးပြုမှုတွေအတွက်ကိုလည်း 60 Hz ကို အလိုအလျောက်ပြောင်းပေးမှာဖြစ်လို့ ဘက်ထရီစွမ်းရည်ကိုလည်း ချွေတာပေးနိုင်ပါတယ်။
သဘာဝဆန်ဆန် ရုပ်ထွက်အရောင်အသွေးကို 1.07 billion colours, ΔE < 1 colour accuracy နဲ့ HDR10 high contrast တို့အပြင် အမြင်အာရုံထိခိုက်မှုကို လျှော့ချကာကွယ်ပေးမယ့် eye protection mode တို့ပါဝင်တဲ့ full-path P3 colour display ကို တပ်ဆင်ထားပါတယ်။

Photo Source https://bit.ly/3kYxRcQ

ဓာတ်ပုံရိုက်ကူးမှုကို တစ်ခေတ်ဆန်းသစ်စေဖို့ ကြီးမားတဲ့ Sensor က ၄၀ ရာခိုင်နှုန်း အလင်းဝင်ရောက်မှုပိုမိုကောင်းမွန် စေမယ့် RYYB colour filter array နဲ့အတူ 50 MP ultra vision camera ကို HUAWEI nova 9 မှာတပ်ဆင်ပေးထားပါတယ်။ HUAWEI XD Fusion Engine နည်းပညာ ကလည်း နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် ပုံတစ်ပုံချင်းစီရဲ့ pixel-level အထိ ကြည်လင်ရှင်းသန့်ဖို့နဲ့ ပုံရိပ်တွေအများကြီးကို တစ်ပြိုက်နက်လွဲပြောင်းပြီး အကောင်းဆုံးပုံအရည်အသွေး ရရှိလာစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။
AI အသားပေး နည်းပညာ ထည့်သွင်းတည်ဆောက်ထားလို့ pixels အများအပြားကို လက်ခံပေးနိုင်တဲ့အပြင် ကိုယ်ရိုက်ကူးလိုက်တဲ့ ပုံတိုင်းအတွက် ကြည်လင်အတောက်အပဆုံး အရည်အသွေးကို ပေးစွမ်းမှာပါ။ ညအမှောင်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် သက်ဝင်လှုပ်ရှားမှုတွေကို portrait နဲ့ရော landscape နဲ့ပါ ရိုက်ကူးလိုက်ပါ။ AI brightening algorithm နဲ့ဖွဲ့စည်းတည်ဆောက်ထားပြီး သဘာဝဆန်ဆန် အလင်းတွေကို ဖန်တီးပေးနိုင်ဖို့ super-high ISO လည်း ပါဝင်ပါတယ်။
HUAWEI nova 9 မှာ အကောင်းဆုံး လျှပ်တပြတ်ပုံရိပ်များကို ရိုက်ကူးနိုင်ဖို့ AI နည်းပညာကို အဆင့်မြှင့်တင်အားဖြည့်ပေးထားပါတယ်။ လှုပ်ရှားမှုတွေကို အာရုံခံနိုင်ပြီး တိကျတဲ့ Focus နဲ့အတူ အချိန်ကိုက် ရိုက်ကူး ပေးပြီး နှစ်ခါပြန်မရနိုင်တဲ့ လျှပ်တပြတ် အမှတ်တရတွေကို အမိအရ မှတ်တမ်းတင်ရိုက်ကူးလိုက်ပါ။ Anti-distortion algorithm ကလည်း ကိုယ် မြင်ကွင်းကျယ်နဲ့ရိုက်ကူးလိုက်တဲ့ ပုံရိပ်တွေမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ တွန့်ခေါက်တာမျိုး တွေကို လျှော့ချပေးမှာဖြစ်ပြီး ကိုယ့်ရဲ့ မြင်ကွင်းကျယ် ရိုက်ကူးမှုတွေက အမိုက်စား ဖြစ်စေမှာပါ။
Superior slo-mo effects နဲ့အတူ အရာရာကို ဖြည်းဖြည်းနှေးနှေးလေးနဲ့ အခိုက်အတန့်တွေကို တစ်ခုမှလက်လွတ်မခံပဲ ရိုက်ကူးသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ HUAWEI nova 9 ရဲ့ High-res 32 MP အရှေ့ကင်မရာက ကိုယ့်ပုံတွေတိုင်းမှာ အသေးစိတ်လေးတွေ တစ်ခုစီက အစကို တိတိကျကျ မှတ်တမ်းတင် ပုံဖော်ပေးထားနိုင်မှာဖြစ်ပါတယ်။ အရည်အသွေးမြင့် ရုပ်ထွက်အရည်သွေးကို Selfie နဲ့ Vlog တွေကနေစတင်လိုက်ပါ။ 32 MP အရှေ့ကင်မရာက 4K selfie video shooting ကို ထောက်ပံ့ပေးပြီး 4K resolution နဲ့ ကိုယ့်ရဲ့ Vlog တွေကို ဖန်တီးနိုင်ပါတယ်။

Photo Source https://bit.ly/3kYxRcQ

Smart AIS video stabilisation feature နဲ့အတူ ကိုယ့်ရဲ့ လှုပ်ရှားမှုနဲ့အတူ Vlog တွေကို ဘယ်နေရာသွားသွား လွယ်ကူစွာဖန်တီးနိုင်ပါတယ်။ တပြိုင်နက်ရိုက်ကူးနေစဉ်အတွင်းမှာ အရှေ့ကင်မရာနဲ့ အနောက်ကင်မရာကို လွယ်လင့်တကူ ရွှေ့ပြောင်းနိုင်ပြီး အဖြစ်အပျက်ရဲ့ တစ်ဖက်တစ်ချက်စီက အကောင်းဆုံးတွေကိုရယူလိုက်ပါ။ ဒါ့အပြင် dual-view recording နဲ့လည်း တပြိုင်နက်တည်း ရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။
ဖုန်းနဲ့ဓာတ်ပုံမရိုက်ကူးခင်မှာ ကိုယ့်အနေအထား ဘယ်လိုရှိလဲဆိုတာကို ကိုယ့်ရဲ့ နာရီ ပေါ်ကနေ အလွယ်တ ကူကြည့်ရှုနိုင်သလို ကင်မရာကိုလည်း နာရီကနေ ထိန်းချုပ်နိုင်စေမှာပါ။ ဗီဒီယိုတွေကို လွယ်ကူစွာရှာဖွေနိုင်ဖို့ AI-enabled tag ပြုလုပ်ထားတဲ့ smart Video Search function ပါဝင်ပြီး One-Click Video Creation feature နဲ့လည်း ဗီဒီယိုတစ်ခုကို လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်စေမှာပါ။
Petal Clip မှာ များပြားတဲ့ vlog templates တွေပါဝင်ပြီး Huawei ရဲ့ ခေတ်မှီနောက်ဆုံးပေါ် AI နည်းပညာနဲ့ media library ကို ပေါင်းစပ်ပြီး special effects, stickers, music, fonts, sound effects, transitions, animations စတာတွေနဲ့အတူ ဗီဒီယိုကို လွယ်ကူလျင်မြန်စွာ အရံသင့်ပြုလုပ်စေနိုင်မှာဖြစ်ပါတယ်။ 66 W HUAWEI SuperCharge နည်းပညာနဲ့ ၃၈မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ အချိန်မရတဲ့ အခါမျိုးမှာလည်း ၁၈ မိနစ်ခန့်အားသွင်းတာနဲ့ ဘက်ထရီက ၆၀ ရာခိုင်နှုန်း အထိ ရရှိစေမှာဖြစ်ပါတယ်။
4300 mAh large battery9 နဲ့အတူ ပါဝါသုံးစွဲမှုကို အကောင်းမွန်ဆုံးထိန်းညှိပေးတဲ့ နည်းပညာက တနေကုန် ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်၊ ဗီဒီယိုကောပြော၊ ဂိမ်းကစား စတာတွေအတွက် စိတ်ကျေနပ်ဖွယ် အတွေ့အကြုံကောင်းကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။ 300 Hz Multi-Touch နဲ့ ကိုယ့်ရဲ့ ဂိမ်းစကေးအမိုက်စားကို ဖန်တီးနိုင်စေပါတယ်။ Pin-point accuracy တွေက 300 Hz sampling rate ပေါ်မှာ အလန်းစားဂိမ်းကစားမှု အတွေ့အကြုံသစ်ကို ရရှိစေမှာပဲဖြစ်ပါတယ်။
Control Panel ကို Swipe လုပ် ဖွင့်လှစ်ပြီး display settings, Wi-Fi, Bluetooth, volume စတာတွေအပြင် smart collaboration စတာတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းကပုံတွေကို Laptop ပေါ် ဒါမှမဟုတ် Tablet Screen ပေါ်မှာ အလွယ်တကူ Edit ပြုလုပ်နိုင်စေမှာပါ။ HUAWEI phones နှင့် tablets များအချင်းချင်း chat လည်း ပြုလုပ်နိုင်ပြီး တစ်ကြိမ်လျင် အများဆုံး ၁၂ ဖွဲ့အထိ HD voice နှင့် video calls ခေါ်ဆိုမှုများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူများနှင့် အဆက်မပြတ်သွားစေဖို့ လွယ်ကူစွာချိတ်ဆက်အသုံးပြုလိုက်ပါ။ ဖိုင်စနစ်အသစ်ကြောင့် ဖုန်းထဲမှာရှိတဲ့ Documents တွေ ၊ ဓာတ်ပုံစတာတွေကို Laptop 13 နဲ့ အတူ ကြိုးချိတ်ဆက်စရာမလိုပဲ၊ ဖွင့်လှစ် ကြည့်ရှုစေနိုင်မှာဖြစ်ပါတယ်။