“A Better Flip” ဖုန်းတစ်လုံးအဖြစ် ရောက်ရှိလာတဲ့ OPPO Find N3 Flip ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ဝယ်ယူရရှိနိုင်ပြီ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ “A Better Flip” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ရောက်ရှိလာတဲ့ OPPO Find N3 Flip ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Official Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၃,၄၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ OPPO Find N3 Flip ကို မြန်မာနိုင်ငံတစ်ဝန်းမှာ စတင်ဝယ်ယူရနိုင်ပြီဖြစ်ပြီး Cream Gold နဲ့ Sleek Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ OPPO Find N3 Flip ကို ဝယ်ယူသူတွေကို OPPO ကနေ Gift အနေနဲ့  OPPO Band နဲ့ 1 Year International Warranty Service  ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါအပြင် OPPO Find N3 Flip ဝယ်ယူသူတိုင်းကို မြန်မာ့ထိပ်တန်းဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် တီထွင် ဖန်တီးထားတဲ့ Old Money Ready to Wear Collection ရဲ့ Fashion တွေကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရရှိမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ OPPO Find N3 Flip Official Launch Event မှာတော့ OPPO Brand Ambassador ဖြစ်တဲ့ အကယ်ဒမီ ခင်ဝင့်ဝါနဲ့ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ အလင်းရောင်၊ နန်းဆုရတီစိုး၊ May Grace Parry တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး OPPO Find N3 Flip ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပျော်ရွှင်ဖွယ် အစီအစဥ်များစွာ ပြုလုပ်ခဲ့ကြပါတယ်။

Image: OPPO

OPPO အနေနဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို ပေးစွမ်းနိုင်ဖို့အတွက် Hasselblad နဲ့ ပူးပေါင်းဖန်တီးခဲ့တဲ့ OPPO Find N3 Flip ဖုန်းမှာတော့ OPPO Mobile Imaging Technology နဲ့ Hasselblad ရဲ့ Color Precipitation လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုဟာ ဖုန်းနဲ့ ရိုက်ကူးရာမှာ ပုံရဲ့ အရောင်တွေအတွက် စံနှုန်းအသစ်တစ်ခုကို ဖန်တီးနိုင်စေရုံသာမက ဓာတ်ပုံရိုက်ကူးရာမှာ ပိုမိုသဘာဝကျပြီး ပိုမိုရိုးရှင်းတဲ့ ရိုက်ကူးမှု နည်းလမ်းကို ယူဆောင်လာနိုင်ခဲ့ပြီး အသုံးပြုတွေအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။ OPPO Find N3 Flip ရဲ့ Rear Camera တွေအဖြစ် 50MP Wide-angle Camera အတွက် Sony IMX 890 Sensor ကို ပိုပြီးကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်စေမဲ့ OIS ကိုနဲ့ အတူ ထည့်သွင်း ထားပါတယ်။ Ultra-wide မြင်ကွင်းအတွက် 48MP Sony IMX 581 Sensor ကို တပ်ဆင်ထားတာပဲ ဖြစ်ပြီး Flip ဖုန်းတွေမှာ ပထမဆုံးသော Telephoto Camera ဖြစ်တဲ့ 32MP Telephoto Portrait Camera လဲ ပါဝင်လာပါတယ်။ Front Camera အဖြစ် Optical Zoom နဲ့ RGBW IMX709 Sensor ပါဝင်တဲ့ 32 MP Ultra-clear Selfie Camera ကို တပ်ဆင်ထားပါတယ်။

Image: OPPO

OPPO Find N3 Flip ရဲ့ Cover Screen ဟာ Intuitive Cover Screen နဲ့ ထွက်ရှိလာတာဖြစ်ပြီး ဖြန့်ထားချိန်မှာ 6.8” 120Hz Screen ရှိကာ ခေါက်ထားချိန်မှာတော့ လက်ထဲမှာသာမက အိတ်ကပ်အတွင်းမှာပါ သယ်ဆောင်ရ လွယ်ကူစေ ပါတယ်။ OPPO ဟာ Vertical Cover Screen ကို အသုံးပြုသူတွေရဲ့ User Experience နဲ့ တုန့်ပြန်မှုတွေကနေတစ်ဆင့် အသုံးပြုသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဒေါင်လိုက်ဖြစ်တဲ့ Vertical Cover Screen ကို ဖန်တီးလုပ်ဆောင်ထား ပါတယ်။ Find N3 Flip ရဲ့ Intuitive Cover Screen မှာ လူသုံးများတဲ့ နာမည်ကြီး App ပေါင်း ၈၀ ကျော်ကို အသုံးပြု နိုင်အောင် ဖန်တီးပေးထားပါတယ်။

Image: OPPO

OPPO Find N3 Flip မှာဆိုရင် Flagship ကင်မရာဒီဇိုင်းကို ပုံဖော်ပေးနိုင်ဖို့အတွက် Cosmos Ring Design၊ ဖုန်းကိုင်သုံးစွဲမှု ကောင်းမွန်စေဖို့ Micro-Carved Flowing Hinge Design တို့နဲ့ ပြုလုပ်ဖန်တီးထားပါတယ်။ ထို့ပြင် ဖုန်းကို Unlock ဖွင့်စရာ မလိုဘဲ Silent၊ Vibrate နဲ့ Ring Mode တွေကို ပြုလုပ်နိုင်တဲ့ Alert Slider ကို ထည့်သွင်း ပေးထားပါတယ်။ OPPO Find N3 Flip ဟာ အဆင့်မြှင့်တင်ထားတဲ့ Flexion Hinge ကြောင့် ဖုန်းထဲကို အမှုန်အမွှားဝင်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ကြားမှာ ဟနေခြင်းလုံးဝမရှိအောင် ဖန်တီးပေးထားပါတယ်။ TÜV Rheinland ရဲ့ သတ်မှတ်ချက်အရ ဒီ OPPO Find N3 Flip ဟာ အကြိမ်ပေါင်း တစ်သန်း အခေါက်အဖြန့်လုပ်နိုင်ပြီး ကြာရှည်ခံနိုင်အောင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Image: OPPO

OPPO Find N3 Flip ကို အဆင့်မြင့် MediaTek Dimensity 9200 Chipset တပ်ဆင်ပေးထားပြီး RAM 12 GB နဲ့ ROM 256 GB တို့ ပါဝင်ပါတယ်။ ကြီးမားတဲ့ ဘက်ထရီ 4300mAH ပါဝင်ပြီး 44W SUPERVOOC အမြန်အားသွင်းစနစ်က အချိန်တိုအတွင်း မြန်ဆန်စွာ အားသွင်းနိုင်စေမှာဖြစ်ကာ မိနစ် အချိန် ၂၀ လောက်ပေးပြီး အားသွင်းလိုက်ရုံနဲ့ ဖုန်းအားကို ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မှာပါ။

Image: OPPO

“A Better Flip” ဖုန်းတစ်လုံးအဖြစ် အသုံးပြုတဲ့သူတွေကို အတွေအကြုံကောင်းတွေ ယူဆောင်လာပေးမဲ့ OPPO Find N3 Flip ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၃,၄၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး OPPO Find N3 Flip ကို Cream Gold နဲ့ Sleek Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ ဝယ်ယူသူတွေကို OPPO ကနေ Gift အနေဖြင့် OPPO Band နဲ့ 1 Year International Warranty Service ပေးအပ်သွားမှာဖြစ်သလို OPPO Find N3 Flip ဝယ်ယူသူတိုင်းကို မြန်မာ့ထိပ်တန်းဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် တီထွင် ဖန်တီးထားတဲ့ Old Money Ready to Wear Collection ရဲ့ Fashion တွေကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရရှိမှာဖြစ်ပါတယ်။

OPPO Find N3 Flip နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page (https://tinyurl.com/y76xt5e5) နဲ့ Website (https://www.oppo.com/mm/smartphones/series-find-n/find-n3-flip/) တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။